ယူနိုက်တက်နဲ့အပြိုင် ဗန်ဒါဘိခ် ခေါ်ယူရေးမှာ ရီးရဲလ်မက်ဒရစ် နောက်ဆုတ်ခဲ့ပြီဖြစ်

UNICODE – ရီးရဲလ်မက်ဒရစ်ဟာ အေဂျက်ကွင်းလယ်လူ ဗန်ဒါဘိခ်ကို ကမ်းလှမ်းမှု လုပ်ဆောင်ဖို့အား နောက်ဆုတ်ခဲ့ပြီဖြစ်ကြောင်း နယ်သာလန် သတင်းတွေက ဖော်ပြသွားပါတယ်။

ဒီနွေမှာ ဗန်ဒါဘိခ်ကို ခေါ်ယူရေးအတွက် ယူရို သန်း ၅၀ ထိ သုံးရမှာဖြစ်ပြီး ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ အပြိုင်အဆိုင် ဖြစ်နေတာပါ။ အေဂျက်အသင်း အကြီးအကဲဖြစ်သူ ဗန်ဒါးဆားက ကလပ်ကြယ်ပွင့် ဗန်ဒါဘိခ်ကို ယူနိုက်တက် စိတ်ဝင်စားနေကြောင်း ဝန်ခံထားပေမယ့် ကိုရိုနာကပ်ဘေးကြောင့်ဆိုပြီး ဈေးပေါပေါနဲ့တော့ ရောင်းထုတ်ပေးမှာ မဟုတ်ပါဘူးလို့ ဖွင့်ပြောထားသေးတာပါ။

ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်း ဘာနေဗျူးကို ပြန်လည် တည်ဆောက်ရေးကိစ္စတွေ စတင်ထားပြီဖြစ်တယ်။ ၎င်းတို့ဟာ ကွင်းတိုးချဲ့မှုအတွက် ယူရို ၅၇၅ သန်း ထုတ်ချေးထားသလို ၂၀၂၃ ခုနှစ်ကနေစပြီး နှစ်အလိုက် ပြန်ဆပ်သွားရမှာဖြစ်တယ်။ အစောပိုင်းက ၈ နှစ်ကြာ ချေးယူမှုလို့ သတင်းထွက်ခဲ့ပေမယ့် တစ်နှစ်ကို ယူရို ၂၉.၅ သန်းနှုန်းဖြင့် ၂၆ နှစ်ကြာ ချေးယူမှုလို့လည်း သိရတယ်။

ဒီအပတ်မှာတော့ ရီးရဲလ်မက်ဒရစ် စပိန်အစိုးရ အာမခံပေးတဲ့ ငွေချေးမှုကို ဘဏ်ကနေ ထုတ်ချေးဖို့ ပြင်ဆင်နေပြီး ယူရို သန်း ၁၀၀ ထုတ်ချေးသွားဖို့ လျှောက်လွှာတင်မှာဖြစ်တယ်။ ကိုရိုနာကပ်ဘေးအတွင်း ဘဏ္ဍာရေးဆိုင်ရာ အခြေအနေကြောင့် ဗန်ဒါဘိခ်ကို ခေါ်ယူဖို့ထက် ကစားသမား ရောင်းထုတ်မှုနဲ့ လုပ်ခလျော့ရေးကိုပဲ ရီးရဲလ်မက်ဒရစ်က ဦးစားပေးသွားတော့မှာပါ။

မန်ချက်စတာ ယူနိုက်တက်တော့ နွေဈေးကွက်သုံးဖို့ အသုံးစရိတ် ပေါင် သန်း ၁၄၀ ကို ထုတ်ချေးထားတာဖြစ်တယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်တိုက်စစ် အားသန် ကစားသမားဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားပြီး သွင်းဂိုး ၁၀ ဂိုး ရယူထားသလို ဂိုးထောက်ပံ့မှု ၁၁ ကြိမ် လုပ်ထားနိုင်ပါတယ်။

ZAWGYI – ရီးရဲလ္မက္ဒရစ္ဟာ ေအဂ်က္ကြင္းလယ္လူ ဗန္ဒါဘိခ္ကို ကမ္းလွမ္းမႈ လုပ္ေဆာင္ဖို႔အား ေနာက္ဆုတ္ခဲ့ျပီျဖစ္ေၾကာင္း နယ္သာလန္ သတင္းေတြက ေဖာ္ျပသြားပါတယ္။

ဒီေႏြမွာ ဗန္ဒါဘိခ္ကို ေခၚယူေရးအတြက္ ယူရို သန္း ၅၀ ထိ သံုးရမွာျဖစ္ျပီး ယူႏုိက္တက္နဲ႔ ရီးရဲလ္မက္ဒရစ္တုိ႔ အျပိဳင္အဆုိင္ ျဖစ္ေနတာပါ။ ေအဂ်က္အသင္း အၾကီးအကဲျဖစ္သူ ဗန္ဒါးဆားက ကလပ္ၾကယ္ပြင့္ ဗန္ဒါဘိခ္ကို ယူႏုိက္တက္ စိတ္ဝင္စားေနေၾကာင္း ဝန္ခံထားေပမယ့္ ကိုရိုနာကပ္ေဘးေၾကာင့္ဆိုျပီး ေစ်းေပါေပါနဲ႔ေတာ့ ေရာင္းထုတ္ေပးမွာ မဟုတ္ပါဘူးလို႔ ဖြင့္ေျပာထားေသးတာပါ။

ရီးရဲလ္မက္ဒရစ္ဟာ အိမ္ကြင္း ဘာေနဗ်ဴးကို ျပန္လည္ တည္ေဆာက္ေရးကိစၥေတြ စတင္ထားျပီျဖစ္တယ္။ ၄င္းတို႔ဟာ ကြင္းတိုးခ်ဲ႔မႈအတြက္ ယူရို ၅၇၅ သန္း ထုတ္ေခ်းထားသလို ၂၀၂၃ ခုႏွစ္ကေနစျပီး ႏွစ္အလိုက္ ျပန္ဆပ္သြားရမွာျဖစ္တယ္။ အေစာပိုင္းက ၈ ႏွစ္ၾကာ ေခ်းယူမႈလို႔ သတင္းထြက္ခဲ့ေပမယ့္ တစ္ႏွစ္ကို ယူရို ၂၉.၅ သန္းႏႈန္းျဖင့္ ၂၆ ႏွစ္ၾကာ ေခ်းယူမႈလို႔လည္း သိရတယ္။

ဒီအပတ္မွာေတာ့ ရီးရဲလ္မက္ဒရစ္ စပိန္အစိုးရ အာမခံေပးတဲ့ ေငြေခ်းမႈကို ဘဏ္ကေန ထုတ္ေခ်းဖို႔ ျပင္ဆင္ေနျပီး ယူရို သန္း ၁၀၀ ထုတ္ေခ်းသြားဖို႔ ေလွ်ာက္လႊာတင္မွာျဖစ္တယ္။ ကိုရိုနာကပ္ေဘးအတြင္း ဘ႑ာေရးဆိုင္ရာ အေျခအေနေၾကာင့္ ဗန္ဒါဘိခ္ကို ေခၚယူဖို႔ထက္ ကစားသမား ေရာင္းထုတ္မႈနဲ႔ လုပ္ခေလ်ာ့ေရးကိုပဲ ရီးရဲလ္မက္ဒရစ္က ဦးစားေပးသြားေတာ့မွာပါ။

မန္ခ်က္စတာ ယူႏုိက္တက္ေတာ့ ေႏြေစ်းကြက္သံုးဖို႔ အသံုးစရိတ္ ေပါင္ သန္း ၁၄၀ ကို ထုတ္ေခ်းထားတာျဖစ္တယ္။ အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္တုိက္စစ္ အားသန္ ကစားသမားဟာ ဒီရာသီမွာ ျပိဳင္ပြဲစံု ၃၇ ပြဲ ကစားျပီး သြင္းဂိုး ၁၀ ဂိုး ရယူထားသလို ဂိုးေထာက္ပံ့မႈ ၁၁ ၾကိမ္ လုပ္ထားႏုိင္ပါတယ္။