နောက်နွေရာသီမှာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်ရရမယ်လို့ တိုက်စစ်သမားရဲ့ ကိုယ်စားလှယ်တွေ ဘက်က ယူနိုက်တက်ကို အကြောင်းကြားထားပါတယ်။ ရက်ဖ်ရန်းနစ်အနေနဲ့ ဟာလန်းကို ခေါ်ယူပေးနိုင်ရင် ပေါင် ၈.၅သန်း အပိုဆုကြေး ရရှိမှာပါ။
မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ချိတ်ဆက်ခဲ့ဖူးတဲ့ မီလန်ကိုဗစ် ဆာဗစ်ဟာ နည်းပြ ဆာရီနဲ့ စိတ်ဝမ်းကွဲခဲ့ပြီးနောက် နွေရာသီမှာ လာဇီယိုကို စွန့်ခွာဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ကစားသမားကတော့ လတ်တလော အင်တာဗျူးမှာ လာဇီယိုအတွက်ပဲ အာရုံစိုက်ထားကြောင်း ပြောဆိုထားပါတယ်။
မန်ယူနိုက်တက်ဟာ မာဆေး ကွင်းလယ်လူ ဘူဘာကာ ကာမာရာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ အဆင်ပြေနေပြီဖြစ်ပြီး ဇန်နဝါရီမှာ အပြောင်းအရွှေ့လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ရီးရဲလ်မက်ဒရစ်ကနေ ဗင်နီးစီးယပ် ဂျူနီယာကို ခေါ်ယူနိုင်အောင် ကြိုးပမ်းဖို့ အဆင်သင့် ဖြစ်ပေမယ့် သူ့ကို ခေါ်နိုင်ဖို့ဆိုရင် ပေါင်သန်း ၁၀၀ ကျော် ကုန်ကျနိုင်ပါတယ်။
ချူကွယ်မယ်ကာဟာ အက်စ်တွန်ဗီလာရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ် ထားတဲ့နောက် လီဗာပူးနဲ့ ယူနိုက်တက်တို့က သူ့ကို ခေါ်ယူဖို့ အပြိုင်ကြိုးစားရမှာပါ။
ရက်ဖ်ရန်းနစ်ဟာ ယူနိုက်တက်က သူ့ရဲ့ ဖိအားပေးကစားပုံကို ပြီးပြည့်စုံစေဖို့ ပေါင် ၃၃ သန်းတန် ကွင်းလယ်လူ အမာဒူ ဟိုင်ဒါရာကို ပစ်မှတ်ထားနေပါတယ်။
ဘာစီလိုနာဟာ အဂွယ်ရိုအတွက် အစားထိုးအဖြစ် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ် ရက်ရှ်ဖို့ဒ်ကို အလိုရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက် အစွန်ခံစစ်သမား အဲလက်စ်တဲလက်စ်ကို အင်တာရော အေစီမီလန်ကပါ စိတ်ဝင်စားနေ ပါတယ်။
ရက်ဖ်ရန်းနစ်ဟာ နွေရာသီမှာ အန်တိုနီယို ရူဒီဂါကို အိုးလ်ထရက်ဖို့ဒ်ထံ ခေါ်ယူဖို့အတွက်လဲ အဓိက ပါဝင်နိုင်ပါတယ်။ ယူနိုက်တက်ဟာ ချယ်ဆီးနောက်ခံလူကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့တာပါ။
စာချုပ်သက်တမ်း ၆ လသာ ကျန်တော့တဲ့ ပေါ့ဘာရဲ့ အိုးလ်ထရက်ဖို့ဒ် အနာဂတ်က မရေမရာ ဖြစ်နေတာနဲ့အတူ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ကွင်းလယ်ရွေးချယ်စရာတွေကို ရှာဖွေနေပါတယ်။
ယူနိုက်တက်ဟာ ဘာစီလိုနာ တိုက်စစ်သမား ဒမ်ဘီလီကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲ ပါဝင်လာခဲ့မယ်ဆိုရင် ဇန်နဝါရီမှာ သူ့ကို ခေါ်ယူလိုနေတဲ့ နယူးကာဆယ်ရဲ့ မျှော်လင့်ချက်တွေက ဝေဝါးသွားနိုင်ပါတယ်။
ဘာစီလိုနာဟာ မာရှယ်နဲ့ ကာဗာနီတို့ကို ခေါ်ယူလိုနေပြီး လုပ်ခပိုင်း လျော့ချရေး မျှော်လင့်ချက်နဲ့ ယူနိုက်တက်ထံ ကော်တင်ညိုကို အလိုရှိက ခေါ်ယူနိုင်ကြောင်း ကမ်းလှမ်းခဲ့တယ်လို့ သိပါတယ်။

လင်ဂတ်ဟာ ဆိုးရှားလက်အောက်မှာထက် ပိုပြီးတော့ ကစားချိန်ရမယ်ဆိုရင် အိုးလ်ထရက်ဖို့ဒ်မှာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ဖျက်သိမ်းခဲ့တာကို ပြန်လည် စတင်သွားနိုင်ပါတယ်။
ယူနိုက်တက်ဟာ ဘာစီလိုနာက စိတ်ဝင်စားနေတဲ့ ကာဗာနီကို နောက်လမှာ ဆက်လက် ထိန်းသိမ်းထားဖို့ တိုက်ပွဲဝင် သွားမှာပါ။
ဟွမ်မာတာဟာ ဘာစီလိုနာထံ ပြောင်းရွှေ့လိုနေတာကြောင့် ယူနိုက်တက်ကို စွန့်ခွာဖို့ ပိုပိုပြီး အသည်းအသန် ဖြစ်လာပါတယ်။
