ယူနိုက်တက် မခေါ်နိုင်အောင် ဂရေးလစ်ချ်ကို တန်ကြေးမြင့်မြင့် ဈေးခေါ်လိုက်တဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာ အသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ဦးစားပေး ပစ်မှတ်စာရင်းထဲ ပါဝင်နေတဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ချ်ကို အသင်းကနေ ထွက်ခွာခွင့် မပေးလိုတာကြောင့် အင်္ဂလန်သားကို ခေါ်လိုရင် တောင်းတဲ့ ဈေး ပေးဖို့ တန်ကြေး သတ်မှတ်ပေးလိုက်ပါတယ်။
ဗီလာက ဂရေးလစ်ချ် အတွက် အနည်းဆုံး ပေါင် သန်း ၈၀ အလိုရှိတယ်လို့ ဈေးခေါ်လိုက်ပါတယ်။ ဒီရာသီ ထူးချွန်တဲ့ ခြေစွမ်းတွေကြောင့် ဂရေးလစ်ချ်ကို ယူနိုက်တက်က အလိုရှိနေပြီး စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ ရုန်းနေရတဲ့ အက်စတွန်ဗီလာ အသင်းမှာ ဂရေးလစ်ချ်က အဓိက ရုန်းထားပေးနေပြီး ဒီရာသီ လိဂ်မှာ ၇ ဂိုးသွင်း ၆ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။
ယူနိုက်တက်ဟာ ဂရေးလစ်ချ်ကို အလိုရှိတာ မှန်ပေမယ့် အသင်း အကြီးအကဲ အက် ဝုဒ်ဝပ်ကတော့ လာမယ့် အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး များလွန်းတဲ့ အပြောင်းအရွှေ့တွေ လှုပ်ရှားဦးမှာ မဟုတ်ကြောင်း လေသံ ပစ်ထားပါတယ်။ ယူနိုက်တက်ဟာ နောက်နှစ်မှာ စာချုပ်ကုန်တော့မယ့် ဝါရင့် ကွင်းလယ် မာတစ်နေရာ အတွက် ဂရေးလစ်ချ်ကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
ဒါပေမယ့် ယူနိုက်တက်ရဲ့ နံပါတ် တစ် ပစ်မှတ်က ဆန်ချို ဖြစ်နေပြီး ဒေါ့မွန်ကြယ်ပွင့်ကို အားစိုက် ကြိုးပမ်းဖို့ ရှိနေတဲ့ ယူနိုက်တက် အတွက် ဗီလာ တောင်းဆိုလိုက်တဲ့ ဂရေးလစ်ချ် တန်ကြေးက မြင့်မားနေပြီး အခက်တွေ့ဖွယ် ရှိပါတယ်။
ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတင်တာနဲ့ အက်စတွန်ဗီလာ က ရှက်ဖီးယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး တန်းမဆင်းရဖို့ အားစိုက် ရုန်းကန်တော့မှာ ဖြစ်ပါတယ်။ တန်းဆင်းရရင်လည်း ဗီလာက ဂရေးလစ်ချ်ကို လက်လွှတ်ဆုံးရှုံးရဖို့ အခွင့်အလမ်း များလာဦးမှာပါ။
Zawgyi – အက်စတွန်ဗီလာ အသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ဦးစားပေး ပစ်မှတ်စာရင်းထဲ ပါဝင်နေတဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ခ်ျကို အသင်းကနေ ထွက်ခွာခွင့် မပေးလိုတာကြောင့် အင်္ဂလန်သားကို ခေါ်လိုရင် တောင်းတဲ့ ဈေး ပေးဖို့ တန်ကြေး သတ်မှတ်ပေးလိုက်ပါတယ်။
ဗီလာက ဂရေးလစ်ခ်ျ အတွက် အနည်းဆုံး ပေါင် သန်း ၈၀ အလိုရှိတယ်လို့ ဈေးခေါ်လိုက်ပါတယ်။ ဒီရာသီ ထူးချွန်တဲ့ ခြေစွမ်းတွေကြောင့် ဂရေးလစ်ခ်ျကို ယူနိုက်တက်က အလိုရှိနေပြီး စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ ရုန်းနေရတဲ့ အက်စတွန်ဗီလာ အသင်းမှာ ဂရေးလစ်ခ်ျက အဓိက ရုန်းထားပေးနေပြီး ဒီရာသီ လိဂ်မှာ ၇ ဂိုးသွင်း ၆ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။
ယူနိုက်တက်ဟာ ဂရေးလစ်ခ်ျကို အလိုရှိတာ မှန်ပေမယ့် အသင်း အကြီးအကဲ အက် ၀ုဒ်ဝပ်ကတော့ လာမယ့် အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး များလွန်းတဲ့ အပြောင်းအရွှေ့တွေ လှုပ်ရှားဦးမှာ မဟုတ်ကြောင်း လေသံ ပစ်ထားပါတယ်။ ယူနိုက်တက်ဟာ နောက်နှစ်မှာ စာချုပ်ကုန်တော့မယ့် ၀ါရင့် ကွင်းလယ် မာတစ်နေရာ အတွက် ဂရေးလစ်ခ်ျကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
ဒါပေမယ့် ယူနိုက်တက်ရဲ့ နံပါတ် တစ် ပစ်မှတ်က ဆန်ချို ဖြစ်နေပြီး ဒေါ့မွန်ကြယ်ပွင့်ကို အားစိုက် ကြိုးပမ်းဖို့ ရှိနေတဲ့ ယူနိုက်တက် အတွက် ဗီလာ တောင်းဆိုလိုက်တဲ့ ဂရေးလစ်ခ်ျ တန်ကြေးက မြင့်မားနေပြီး အခက်တွေ့ဖွယ် ရှိပါတယ်။