ဘောလုံးရာသီဝက်မှာ ယူနိုက်တက်အတွက် သတင်းကောင်းကတော့ ဒီရာသီ အစောပိုင်းတည်းက ဆက်တိုက် ရင်ဆိုင်လာရတဲ့ ဒဏ်ရာပြဿနာတေါနဲ့ မကြာသေးခင်က ရင်ဆိုင်ထားရတဲ့ ကိုဗစ် ကူးစက်ခံရမှုတွေဟာ သက်သာလာခဲ့ပြီဖြစ်ပါတယ်။
ဘောက်ဆင်ဒေးအကြို ပွဲစဉ်မှာ နည်းပြ ရက်ဖ်ရန်းနစ်ကပဲ ဒဏ်ရာရခဲ့တဲ့သူတွေနဲ့ ကိုဗစ်ထိခဲ့တဲ့ ကစားသမားအားလုံး ပြန်ကောင်းလာနေခဲ့ပြီဆိုတာကို အတည်ပြုခဲ့တယ်။ ဒါဟာ နည်းပြသစ်နဲ့အတူ ထိပ်ဆုံး ၄ နေရာအတွက် ပြန်လည် အားထုတ်လာတော့မယ့် ယူနိုက်တက်အတွက် သတင်းကောင်းဖြစ်ပါတယ်။
ယူနိုက်တက် စီနီယာအသင်းမှာ တစ်ဦးတည်းသော ဒဏ်ရာရ ကစားသမားအဖြစ် ကွင်းလယ်လူ ပေါ့ဘာက ပေါင်တံဒဏ်ရာကြောင့် နောက်တစ်လလောက်အထိ အနားယူရနိုင်ပါတယ်။ သူကလွဲရင်တော့ စီနီယာတွေအားလုံး ပြန်ဆုံနေခဲ့ပါပြီ။
“ သိကြတဲ့အတိုင်း ပြီးခဲ့တဲ့အပတ် လေ့ကျင့်ရေးအတွင်း ကျနေ်ာတို့မှာ လေ့ကျင့်ရေးဆင်းနိုင်တဲ့ အသင်းသား ၈ ဦးနဲ့ ဂိုးသမား ၃ ဦးပဲ ရှိခဲ့တယ်။ အဲ့တာအပြင် ပိုးကူးစက်မှု ကွင်းဆက်တွေ ထပ်မဖြစ်အောင် လေ့ကျင့်ရေးကွင်းကိုလည်း ၄ ရက်လောက် ပိတ်ထားရပါတယ်။
ဒီနေ့ကတော့ ဒီအပတ် လေ့ကျင့်ရေးရဲ့ သုံးရက်မြောက်ကို လုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အသင်းမှာလည်း ကစားသမား ၂၅ ဦးအထိ လေ့ကျင့်နိုင်ပြီး ပေါ့ဘာကလွဲရင် အားလုံး ကစားနိုင်နေပါပြီ ” လို့ ရန်းနစ်က ပြောပြခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရနေခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီနဲ့ ခံစစ်မှူး ဗာရန်းတို့နှစ်ယောက်လည်း နယူးကာဆယ်နဲ့ပွဲမှာ ပြန်လာနိုင်ဖွယ်ရှိတာကြောင့် နှစ်သစ်ကူးကာလမှာ ယူနိုက်တက်အတွက် အားတက်စရာတွေ မြင်လာရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI – ေဘာလံုးရာသီဝက္မွာ ယူႏုိက္တက္အတြက္ သတင္းေကာင္းကေတာ့ ဒီရာသီ အေစာပိုင္းတည္းက ဆက္တိုက္ ရင္ဆိုင္လာရတဲ့ ဒဏ္ရာျပႆနာေတါနဲ႔ မၾကာေသးခင္က ရင္ဆိုင္ထားရတဲ့ ကိုဗစ္ ကူးစက္ခံရမႈေတြဟာ သက္သာလာခဲ့ျပီျဖစ္ပါတယ္။
ေဘာက္ဆင္ေဒးအၾကိဳ ပြဲစဥ္မွာ နည္းျပ ရက္ဖ္ရန္းနစ္ကပဲ ဒဏ္ရာရခဲ့တဲ့သူေတြနဲ႔ ကိုဗစ္ထိခဲ့တဲ့ ကစားသမားအားလုံး ျပန္ေကာင္းလာေနခဲ့ျပီဆိုတာကို အတည္ျပဳခဲ့တယ္။ ဒါဟာ နည္းျပသစ္နဲ႔အတူ ထိပ္ဆံုး ၄ ေနရာအတြက္ ျပန္လည္ အားထုတ္လာေတာ့မယ့္ ယူႏုိက္တက္အတြက္ သတင္းေကာင္းျဖစ္ပါတယ္။
ယူႏုိက္တက္ စီနီယာအသင္းမွာ တစ္ဦးတည္းေသာ ဒဏ္ရာရ ကစားသမားအျဖစ္ ကြင္းလယ္လူ ေပါ့ဘာက ေပါင္တံဒဏ္ရာေၾကာင့္ ေနာက္တစ္လေလာက္အထိ အနားယူရႏိုင္ပါတယ္။ သူကလြဲရင္ေတာ့ စီနီယာေတြအားလံုး ျပန္ဆံုေနခဲ့ပါျပီ။
“ သိၾကတဲ့အတိုင္း ျပီးခဲ့တဲ့အပတ္ ေလ့က်င့္ေရးအတြင္း က်ေန္ာတို႔မွာ ေလ့က်င့္ေရးဆင္းႏုိင္တဲ့ အသင္းသား ၈ ဦးနဲ႔ ဂိုးသမား ၃ ဦးပဲ ရွိခဲ့တယ္။ အဲ့တာအျပင္ ပိုးကူးစက္မႈ ကြင္းဆက္ေတြ ထပ္မျဖစ္ေအာင္ ေလ့က်င့္ေရးကြင္းကိုလည္း ၄ ရက္ေလာက္ ပိတ္ထားရပါတယ္။
ဒီေန႔ကေတာ့ ဒီအပတ္ ေလ့က်င့္ေရးရဲ႕ သံုးရက္ေျမာက္ကို လုပ္ႏုိင္ခဲ့ျခင္း ျဖစ္ပါတယ္။ အသင္းမွာလည္း ကစားသမား ၂၅ ဦးအထိ ေလ့က်င့္ႏုိင္ျပီး ေပါ့ဘာကလြဲရင္ အားလံုး ကစားႏုိင္ေနပါျပီ ” လို႔ ရန္းနစ္က ေျပာျပခဲ့တာျဖစ္ပါတယ္။
ဒဏ္ရာရေနခဲ့တဲ့ တိုက္စစ္မွဴး ကာဗာနီနဲ႔ ခံစစ္မွဴး ဗာရန္းတို႔ႏွစ္ေယာက္လည္း နယူးကာဆယ္နဲ႔ပြဲမွာ ျပန္လာႏိုင္ဖြယ္ရွိတာေၾကာင့္ ႏွစ္သစ္ကူးကာလမွာ ယူႏိုက္တက္အတြက္ အားတက္စရာေတြ ျမင္လာရဖို႔ ရွိေနတာ ျဖစ္ပါတယ္။
