ချယ်ဆီးက ဒီလစ်ကို ခေါ်ယူလိုပေမယ့် အဓိက အတားအဆီးကြီး တစ်ခုကြောင့် အခက်တွေ့နေ

ဂျူဗင်တပ်ရဲ့ ဗဟိုခံစစ်မှုး ဒီလစ်ဟာ လာမယ့် နွေမှာ အသင်းပြောင်းရွှေ့ပြီး စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ အသင့် ဖြစ်နေပြီ ဖြစ်ပါတယ်။ စီးရီးအေကလပ်ကလည်း ဒီလစ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်နေတာပါ။

ဒီလစ်ကို လာလီဂါကလပ် ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ် ကလပ် ချယ်ဆီးအသင်းတို့က အဓိက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒီလစ်ရဲ့ လက်ရှိစာချုပ်ပါ ဖျက်သိမ်းကြေးက ယူရို သန်း ၁၂ဝ ဖြစ်ပြီး အေးဂျင့် ရွိုင်းအိုလာကတော့ ပြောင်းရွှေ့ကြေးဟာ အဲဒီထက် နည်းလို့ မရကြောင်း ဒီလစ်ကို မေးမြန်းထားတဲ့ အသင်းတွေထံ အသိပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလစ်ကို ခေါ်ယူရေးမှာ အဓိက အတားအဆီးကတော့ ကစားသမား လစာ ဖြစ်နေပါတယ်။

ဂါးဒီးယန်း သတင်း အဆိုအရ နယ်သာလန် လက်ရွေးစင် ကစားသမားဟာ တစ်ရာသီ ပေါင် ၁၄.၅ သန်း လစာ ရရှိနေပြီး အပိုထပ်ဆောင်းကြေး ဘောနပ်စ်တွေနဲ့ ဆိုရင် ပေါင် ၂၁.၇ သန်းထိ ရောက်သွားဖွယ် ရှိတယ်လို့ သိရပါတယ်။

တကယ်လို့ ဘောနပ်စ်တွေ အကုန်ရတယ်လို့ တွက်ချက်မယ် ဆိုရင် ဒီလစ် လစာက တစ်ပတ် ပေါင် ၄၁၇ဝဝဝ ရရှိနေတာပါ။ ဒီလစ်က အသင်းပြောင်းမယ် ဆိုရင် လက်ရှိ လစာထက်တော့ မြင့်မားတဲ့ ပမာဏ တောင်းဆိုမှာ ဖြစ်ပါတယ်။

ထို လစာပမာဏဟာ ဘဏ္ဍာရေး တောင့်တင်းပါတယ် ဆိုတဲ့ ချယ်ဆီးအသင်း အတွက်တောင် အခက်တွေ့မှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ခရစ်စတန်ဆန်နဲ့ သီယေဂို ဆေးလ်ဗားတို့ နှစ်ဦးကိုတော့ သက်တမ်းတိုး ဆက်ခေါ်ထားဖွယ် ရှိနေပြီး ရူဒီဂါကို လက်လွှတ်ရဖို့ များနေပါတယ်။ ဒါကြောင့် ဗဟိုခံစစ်သမားကောင်း တစ်ဦး ရှာနေတဲ့ ချယ်ဆီးဟာ ဒီလစ်ကိုတော့ စောင့်ကြည့် စဉ်းစားနေဆဲ ဖြစ်ပါတယ်။

Zawgyi

ဂ်ဴဗင္တပ္ရဲ႕ ဗဟိုခံစစ္မႈး ဒီလစ္ဟာ လာမယ့္ ေႏြမွာ အသင္းေျပာင္းေရႊ႕ျပီး စိန္ေခၚမႈ အသစ္ေတြကို ရင္ဆိုင္ဖို႔ အသင့္ ျဖစ္ေနျပီ ျဖစ္ပါတယ္။ စီးရီးေအကလပ္ကလည္း ဒီလစ္ကို ေရာင္းခ်ဖို႔ ဆံုးျဖတ္ထားျပီ ျဖစ္ေၾကာင္း သတင္းထြက္ေပၚေနတာပါ။

ဒီလစ္ကို လာလီဂါကလပ္ ဘာစီလိုနာနဲ႕ ပရီးမီးယားလိဂ္ ကလပ္ ခ်ယ္ဆီးအသင္းတို႔က အဓိက စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။

ဒီလစ္ရဲ႕ လက္ရွိစာခ်ဳပ္ပါ ဖ်က္သိမ္းေၾကးက ယူရို သန္း ၁၂ဝ ျဖစ္ျပီး ေအးဂ်င့္ ရြိဳင္းအိုလာကေတာ့ ေျပာင္းေရႊ႕ေၾကးဟာ အဲဒီထက္ နည္းလို႔ မရေၾကာင္း ဒီလစ္ကို ေမးျမန္းထားတဲ့ အသင္းေတြထံ အသိေပးထားျပီး ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလစ္ကို ေခၚယူေရးမွာ အဓိက အတားအဆီးကေတာ့ ကစားသမား လစာ ျဖစ္ေနပါတယ္။

ဂါးဒီးယန္း သတင္း အဆိုအရ နယ္သာလန္ လက္ေရြးစင္ ကစားသမားဟာ တစ္ရာသီ ေပါင္ ၁၄.၅ သန္း လစာ ရရွိေနျပီး အပိုထပ္ေဆာင္းေၾကး ေဘာနပ္စ္ေတြနဲ႕ ဆိုရင္ ေပါင္ ၂၁.၇ သန္းထိ ေရာက္သြားဖြယ္ ရွိတယ္လို႔ သိရပါတယ္။

တကယ္လို႔ ေဘာနပ္စ္ေတြ အကုန္ရတယ္လို႔ တြက္ခ်က္မယ္ ဆိုရင္ ဒီလစ္ လစာက တစ္ပတ္ ေပါင္ ၄၁၇ဝဝဝ ရရွိေနတာပါ။ ဒီလစ္က အသင္းေျပာင္းမယ္ ဆိုရင္ လက္ရွိ လစာထက္ေတာ့ ျမင့္မားတဲ့ ပမာဏ ေတာင္းဆိုမွာ ျဖစ္ပါတယ္။

ထို လစာပမာဏဟာ ဘ႑ာေရး ေတာင့္တင္းပါတယ္ ဆိုတဲ့ ခ်ယ္ဆီးအသင္း အတြက္ေတာင္ အခက္ေတြ႔မွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ခရစ္စတန္ဆန္နဲ႕ သီေယဂို ေဆးလ္ဗားတို႔ နွစ္ဦးကိုေတာ့ သက္တမ္းတိုး ဆက္ေခၚထားဖြယ္ ရွိေနျပီး ရူဒီဂါကို လက္လႊတ္ရဖို႔ မ်ားေနပါတယ္။ ဒါေၾကာင့္ ဗဟိုခံစစ္သမားေကာင္း တစ္ဦး ရွာေနတဲ့ ခ်ယ္ဆီးဟာ ဒီလစ္ကိုေတာ့ ေစာင့္ၾကည့္ စဥ္းစားေနဆဲ ျဖစ္ပါတယ္။