ကိုင်ဟာဗက်ဇ်ထံ ချယ်ဆီးအသင်း ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ် ကိုယ်တိုင်ဖုန်းခေါ်ခဲ့တဲ့ သတင်းထွက်လာ
ဘိုင်ယန် လီဗာကူဆင် အသင်း ကွင်းလယ်ကစားသမား ကိုင်ဟာဗက်ဇ်ဟာ လာမယ့် အပြောင်းအရွှေ့ ချယ်ဆီးရဲ့ အဝယ်စာရင်းထဲ ပါဝင်နေသူ ဖြစ်ပြီး ဘွန်ဒစ်လီဂါမှာ ခြေစွမ်းပြနေတဲ့ ဂျာမန်သားဟာ တန်ကြေး ပေါင် သန်း ၉၀ လောက်ထိ သတ်မှတ်ခံထားရပါတယ်။
ကိုင်ဟာဗက်ဇ် ချယ်ဆီးအသင်းထံ လာစေချင်တာကြောင့် ချယ်ဆီးအသင်း ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ် ကိုယ်တိုင် ဖုန်းခေါ် ဆက်သွယ် စကားပြောခဲ့တယ်လို့ သတင်း ထွက်ပေါ်လာပါတယ်။ ချယ်ဆီးအသင်းဟာ ကိုင်ဟာဗက်ဇ်ကို ရဖို့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ရီးရဲလ် မက်ဒရစ် စတဲ့ ဥရောပ ထိပ်သီးတွေနဲ့ ပြိုင်ဆိုင်နေရပါတယ်။
အသက် ၂၁ နှစ် ပြည့်ပြီးစ ဖြစ်တဲ့ ဂျာမန်သားဟာ ဘွန်ဒစ်လီဂါမှာ လုံး၀ ထူးချွန်စွာ ခြေစွမ်းပြခဲ့တာကြောင့် အသင်းကြီးတိုင်းလိုလိုက မျက်စိကျနေပါတယ်။ ၎င်းဟာ ဒီရာသီ ၂၇ ပွဲ ကစားရာမှာ ၁၁ ဂိုး သွင်း ၅ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားသလို မေလအတွက် လိဂ် အကောင်းဆုံး ကစားသမားဆုပါ ရရှိထားပါတယ်။
သတင်းများ အရတော့ ချယ်ဆီးကို ပြန်လည် စင်တင်ပေးလိုနေတဲ့ အသင်း ပိုင်ရှင် အေဗရာမိုဗစ်ချ်က ကိုယ်တိုင် ဂျာမန်သားထံ ဖုန်းခေါ်ပြီး စည်းရုံးခဲ့သလို တန်ကြေးမြင့်တဲ့ ကိုင်ဟာဗက်ဇ်ကို ခေါ်ဖို့ ကွင်းလယ်ကစားသမား ကန်တေနဲ့ ဂျော်ဂျင်ဟိုတို့ကိုပါ ရောင်းချသွားလိုနေတယ်လို့ သိရပါတယ်။
ကိုင်ဟာဗက်ဇ် ကိုယ်တိုင်ကလည်း လာလီဂါထက် စာရင် အင်္ဂလန်ကို ပြောင်းရွှေ့ ကစားဖို့ ပိုမို စိတ်အားထက်သန်နေပါတယ်။ ဟာဗက်ဇ် ကို ခေါ်ယူဖို့ အရေးမှာ အဓိက ပြိုင်ဘက်က ဘိုင်ယန်မြူးနစ် ဖြစ်လာနိုင်ပေမယ့် ဘိုင်ယန်က ဒီတလောမှာ ဟာဗက်ဇ်ကို ခေါ်ယူဖို့ လှုပ်ရှားမှု သွေးအေးနေပါတယ်။
အေဗရာမိုဗစ်ချ် ကိုယ်တိုင် ဖုန်းခေါ်တဲ့ သတင်းကတော့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ထွက်ပေါ်လာတာ မဟုတ်လို့ စဉ်းစားဖွယ် ရှိနေပေမယ့် ကိုင်ဟာဗက်ဇ် ကို ခေါ်ယူရေးမှာ ချယ်ဆီး အခြေအနေ ကောင်းနေတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။
Zawgyi – ဘိုင်ယန် လီဗာကူဆင် အသင်း ကွင်းလယ်ကစားသမား ကိုင်ဟာဗက်ဇ်ဟာ လာမယ့် အပြောင်းအရွှေ့ ချယ်ဆီးရဲ့ အ၀ယ်စာရင်းထဲ ပါဝင်နေသူ ဖြစ်ပြီး ဘွန်ဒစ်လီဂါမှာ ခြေစွမ်းပြနေတဲ့ ဂျာမန်သားဟာ တန်ကြေး ပေါင် သန်း ၉၀ လောက်ထိ သတ်မှတ်ခံထားရပါတယ်။
သတင်းများ အရတော့ ချယ်ဆီးကို ပြန်လည် စင်တင်ပေးလိုနေတဲ့ အသင်း ပိုင်ရှင် အေဗရာမိုဗစ်ခ်ျက ကိုယ်တိုင် ဂျာမန်သားထံ ဖုန်းခေါ်ပြီး စည်းရုံးခဲ့သလို တန်ကြေးမြင့်တဲ့ ကိုင်ဟာဗက်ဇ်ကို ခေါ်ဖို့ ကွင်းလယ်ကစားသမား ကန်တေနဲ့ ဂျော်ဂျင်ဟိုတို့ကိုပါ ရောင်းချသွားလိုနေတယ်လို့ သိရပါတယ်။
အေဗရာမိုဗစ်ခ်ျ ကိုယ်တိုင် ဖုန်းခေါ်တဲ့ သတင်းကတော့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ထွက်ပေါ်လာတာ မဟုတ်လို့ စဉ်းစားဖွယ် ရှိနေပေမယ့် ကိုင်ဟာဗက်ဇ် ကို ခေါ်ယူရေးမှာ ချယ်ဆီး အခြေအနေ ကောင်းနေတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။