ယူနိုက်တက်ဟာ ပါရမီရှင် လူငယ်လေးအဖြစ် နာမည်ထွက်လာတဲ့ လေဗာကူဆင် ကွင်းလယ်လူ ဖလိုရီယန် ဗစ်ကို ခေါ်ယူဖို့ အားထုတ်နေကြောင်း ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။
အသက် ၁၇ နှစ်မှာဆင် ဘွန်ဒက်လီဂါ ပွဲထွက်မှုကို လုပ်နိုင်ခဲ့တဲ့ ဗစ်ဟာ အသက် ၁၈ နှစ်အရွယ်မှာတင် လေဗာကူဆင်အတွက် ၆၇ ပွဲ ကစားပေးပြီး ကိုယ်တိုင် ၁၇ ဂိုးထိ ကစားပေးထားတာသူပါ။
ဆယ်ကျော်သက်ပဲ ရှိသေးပေမယ့် ဖလိုရီယန် ဗစ်ဟာ ဂျာမာန်လက်ရွေးစင်အတွက်ပါ ပွဲထွက်ပေးထားပြီး သူ့ကို ခေါ်ယူနိုင်ဖို့ နည်းပြ ရန်းနစ်က ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ဗစ်ကို ခေါ်ယူဖို့ ဥရောပ ကလပ်အများအပြားက စိတ်ဝင်စားနေပေမယ့်လို့ ဂျာမာန်ဘောလုံးလောကမှာ အရှိန်အဝါရှိတဲ့ ရန်းနစ်ကို အားကိုးပြီး ယူနိုက်တက်ဘက်က ချိတ်ဆက်မှုတွေ စတင်ထားလိုတာဖြစ်တယ်။
ကွင်းလယ်တိုက်စစ်နေရာမှာ စိတ်ဝင်စားစရာ အလားအလာရှိတဲ့ ဗစ်ဟာ ယူနိုက်တက်အတွက် နောက်ထပ် ဘရူနိုတစ်ယောက် ဖြစ်လာမယ်လို့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။
လေဗာကူဆင်နဲ့ ၂၀၂၆ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ ဗစ်ကို ခေါ်ယူဖို့က လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ယူနိုက်တက်ဘက်ကလည်း ဒီဇန်နဝါရီမှာ ကွင်းလယ်လူကို ရရေးထက် လူအင်အားဖြည့်တင်းရမယ့် လာမယ့် နွေမှပဲ ကစားသမားကို ခေါ်ယူနိုင်ဖို့ ပိုမို အားထုတ်မှာဖြစ်ကာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ လောက် သုံးရဖို့ ရှိနေတယ်။
ကွင်းလယ်လူ ပေါ့ဘာကို ဆုံးရှုံးရတော့မယ့် ယူနိုက်တက်ဟာ ဗစ်အပေါ် အာရုံစိုက်နေပေမယ့် အခြားသော ဂျာမာန် ကစားသမားတွေကိုလည်း ကင်းထောက်နေတာဖြစ်တယ်။ မန်ချက်စတာကလပ်ဟာ မိုချန်ဂလာဘတ်မှ လူကာနက်ဇ်၊ လိုက်ဇစ်မှ အရစ်မာတယ်အပြင် ဂျာမာန်လူငယ်လေး ဘယ်လာကွတ်ချပ်ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရတယ်။
ရန်းနစ်ဟာ ယူနိုက်တက်မှာ ယာယီနည်းပြရာထူးကို ရာသီကုန်ထိပဲ တာဝန်ယူမှာဖြစ်ပေမယ့်လို့ ကလပ်ရဲ့ အကြံပေးနေရာမှာ ဆက်လက် ရာထူးယူဖို့ရှိကာ ဘွန်ဒက်လီဂါဘက်က ကြယ်ပွင့်တွေကို ခေါ်ယူရေးတွေမှာ ပူးပေါင်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ပါရမီရွင္ လူငယ္ေလးအျဖစ္ နာမည္ထြက္လာတ့ဲ ေလဗာကူဆင္ ကြင္းလယ္လူ ဖလိုရီယန္ ဗစ္ကို ေခၚယူဖို႔ အားထုတ္ေနေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပလာပါတယ္။
အသက္ ၁၇ ႏွစ္မွာဆင္ ဘြန္ဒက္လီဂါ ပြဲထြက္မႈကို လုပ္ႏုိင္ခဲ့တဲ့ ဗစ္ဟာ အသက္ ၁၈ ႏွစ္အရြယ္မွာတင္ ေလဗာကူဆင္အတြက္ ၆၇ ပြဲ ကစားေပးျပီး ကိုယ္တိုင္ ၁၇ ဂိုးထိ ကစားေပးထားတာသူပါ။
ဆယ္ေက်ာ္သက္ပဲ ရွိေသးေပမယ့္ ဖလိုရီယန္ ဗစ္ဟာ ဂ်ာမာန္လက္ေရြးစင္အတြက္ပါ ပြဲထြက္ေပးထားျပီး သူ႔ကို ေခၚယူႏုိင္ဖို႔ နည္းျပ ရန္းနစ္က ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။
ဗစ္ကို ေခၚယူဖို႔ ဥေရာပ ကလပ္အမ်ားအျပားက စိတ္ဝင္စားေနေပမယ့္လို႔ ဂ်ာမာန္ေဘာလံုးေလာကမွာ အရွိန္အဝါရွိတဲ့ ရန္းနစ္ကို အားကိုးျပီး ယူႏုိက္တက္ဘက္က ခ်ိတ္ဆက္မႈေတြ စတင္ထားလိုတာျဖစ္တယ္။
ကြင္းလယ္တိုက္စစ္ေနရာမွာ စိတ္ဝင္စားစရာ အလားအလာရွိတဲ့ ဗစ္ဟာ ယူႏုိက္တက္အတြက္ ေနာက္ထပ္ ဘရူႏိုတစ္ေယာက္ ျဖစ္လာမယ္လို႔ ခန္႔မွန္းမႈေတြလည္း ထြက္ေပၚေနပါတယ္။
ေလဗာကူဆင္နဲ႔ ၂၀၂၆ ခုႏွစ္ထိ စာခ်ဳပ္ရွိထားတဲ့ ဗစ္ကို ေခၚယူဖို႔က လြယ္ကူမွာေတာ့ မဟုတ္ပါဘူး။ ယူႏုိက္တက္ဘက္ကလည္း ဒီဇန္နဝါရီမွာ ကြင္းလယ္လူကို ရေရးထက္ လူအင္အားျဖည့္တင္းရမယ့္ လာမယ့္ ေႏြမွပဲ ကစားသမားကို ေခၚယူႏုိင္ဖို႔ ပိုမို အားထုတ္မွာျဖစ္ကာ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၆၀ ေလာက္ သံုးရဖို႔ ရွိေနတယ္။
ကြင္းလယ္လူ ေပါ့ဘာကို ဆံုးရွံဳးရေတာ့မယ့္ ယူႏုိက္တက္ဟာ ဗစ္အေပၚ အာရံုစိုက္ေနေပမယ့္ အျခားေသာ ဂ်ာမာန္ ကစားသမားေတြကိုလည္း ကင္းေထာက္ေနတာျဖစ္တယ္။ မန္ခ်က္စတာကလပ္ဟာ မိုခ်န္ဂလာဘတ္မွ လူကာနက္ဇ္၊ လိုက္ဇစ္မွ အရစ္မာတယ္အျပင္ ဂ်ာမာန္လူငယ္ေလး ဘယ္လာကြတ္ခ်ပ္ကိုလည္း ေစာင့္ၾကည့္ေနတယ္လို႔ သိရတယ္။
ရန္းနစ္ဟာ ယူႏိုက္တက္မွာ ယာယီနည္းျပရာထူးကို ရာသီကုန္ထိပဲ တာဝန္ယူမွာျဖစ္ေပမယ့္လို႔ ကလပ္ရဲ႕ အၾကံေပးေနရာမွာ ဆက္လက္ ရာထူးယူဖို႔ရွိကာ ဘြန္ဒက္လီဂါဘက္က ၾကယ္ပြင့္ေတြကို ေခၚယူေရးေတြမွာ ပူးေပါင္း ပါဝင္သြားမွာ ျဖစ္ပါတယ္။
