ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ကို ဘယ်လိုတွဲ ခင်းကျင်းရမလဲ ရှမိုက်ကယ်ရဲ့ အကြံပြုချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ကွင်းလယ်မှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ကို အတူတွဲ ကစားပြီး အစွမ်းပြစေချင်ရင် နည်းပြ ဆိုးရှား အနေနဲ့ ပေါ့ဘာကို တိုက်စစ် ပိုလိုက်ပါ ကစားစေတာက အကျိုုးရှိလိမ့်မယ်လို့ ယူနိုက်တက် ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်က အကြံပြု ထောက်ပြသွားခဲ့ပါတယ်။

ဖာနန်ဒက်စက်ဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ယူနိုက်တက်ထံ ရောက်လာစဉ်တည်းက စလို့ အသင်းသစ်မှာ ခြေစွမ်းပြထားပေမယ့် ယူနိုက်တက်ရဲ့ ကွင်းလယ်ကြယ်ပွင့် ပေ့ါဘာနဲ့တော့ အတူတွဲပြီး ပွဲထွက် မကစားရသေးပါဘူး။ စပါးနဲ့ ပွဲမှာ ၎င်းတို့ နှစ်ဦး တွဲ ကစားတာ မြင်ရဖို့ မျှော်လင့်နေကြပေမယ့် နည်းပြဆိုးရှားက ပွဲနဲ့ ဝေးနေတဲ့ ပေါ့ဘာကို ချက်ချင်း ထည့် မကစားလိုကြောင်း အရိပ်အမြွက် ဆိုထားပါတယ်။

ယူနိုက်တက် ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်ကတော့ ဒီနှစ်ယောက် အတူ တွဲကစားတာကို မြင်ချင်လှပြီ ဖြစ်ပြီး ပေါ့ဘာက တိုက်စစ် ပို လိုက်ပါပြီး ဖာနန်ဒက်စ်နဲ့ ချိတ်ဆက်နိုင်ရင် သိပ်ကောင်းသွားမယ်လို့ မျှော်လင့်ထားပါတယ်။

” ယူနိုက်တက်က သူတို့ ပွဲတွေ မနားခင်က ပုံစံအတိုင်း ပြန်စတင်နိုင်ဖို့ သိပ် အရေးကြီးပါတယ်။ ဖာနန်ဒက်စ် ရောက်လာပြီးတည်းက သူဟာ ယူနိုက်တက် ကစားပုံကိုပါ ပြောင်းလဲလာစေခဲ့တယ်။ အခု ပွဲတွေ ပြန်စရင် အားလုံးနီးပါး ပြန်ကစားဖို့ အခွင့်ရှိနေပြီ အထူးသဖြင့် ပေါ့ဘာပေါ့။ ကျနော် ကတော့ သူ့ကို နံပါတ် ၁၀ ပိုဆန်တဲ့ ကစားတာမျိုး မြင်ချင်တယ် အဲဒါက သူနဲ့ ပိုသင့်တော်မယ် ထင်တယ်။

သူက ခံစစ် သိပ်မလိုက်ပါရရင် ကစားတာ ပိုကောင်းတယ်။ ကစားကွက် တည်တာနဲ့ ခံစစ် အပေါ် သူ တာဝန်ယူရတာ နည်းရင် ကစားတာ ပိုသွက်လာတယ်။ ကျနေ်ာတို့ ဘရူနိုနဲ့ ပေါ့ဘာ ပေါင်းစပ် ကစားတာ မမြင်ရသေးဘူး။ ဒါကို ကျနော်တော့ သိပ် မျှော်လင့်ထားတယ်။ ပေါ့ဘာရဲ့ အရည်အချင်းက ကျနော်တို့ ထိုင်ငြင်းနေစရာကို မလိုဘူး။

သူက ကွာလတီ ကစားသမား တစ်ယောက် ဖြစ်တယ် ဒါပေမယ့် သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းပြနိုင်တဲ့ နေရာနဲ့ ပတ်သတ်လို့တော့ လူတွေ နည်းနည်း မျက်စိလည်ကြတယ်။ သူ ဝင်ကစားရင် တိုက်စစ် ပိုလိုက်ပါတာက ပို အဆင်ပြေပါတယ်။ ” လို့ ရှမိုက်ကယ်က သုံးသပ် ထောက်ပြသွားခဲ့ပါတယ်။

” ဘရူနိုကတော့ ကွင်းလယ်မှာ ဘယ်ဘက် နည်းနည်း ပိုရောက်ပြီး ကစားတယ်။ သူကလည်း ယူနိုက်တက် စင်တင်ပေးနိုင်တဲ့ ကစားသမား တစ်ယောက်ပါ။ သူတို့ နှစ်ယောက်လုံးက ၄-၃-၃ လို အခင်းအကျင်းမှာလည်း အတူတွဲ ကစားလို့ ရပါတယ်။ ပေါ့ဘာ ပြန်လာတာကတော့ သိပ်ကောင်းတာပဲ။ ” လို့ ၎င်းက ဆိုပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ကြင္းလယ္မွာ ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္ကို အတူတြဲ ကစားျပီး အစြမ္းျပေစခ်င္ရင္ နည္းျပ ဆိုးရွား အေနနဲ႕ ေပါ့ဘာကို တိုက္စစ္ ပိုလိုက္ပါ ကစားေစတာက အက်ိဳုးရွိလိမ့္မယ္လို႔ ယူနိုက္တက္ ဂိုးသမားေဟာင္းၾကီး ပီတာ ရွမိုက္ကယ္က အၾကံျပဳ ေထာက္ျပသြားခဲ့ပါတယ္။

ဖာနန္ဒက္စက္ဟာ ဇန္န၀ါရီလ အေျပာင္းအေရႊ႕မွာ ယူနိုက္တက္ထံ ေရာက္လာစဥ္တည္းက စလို႔ အသင္းသစ္မွာ ေျခစြမ္းျပထားေပမယ့္ ယူနိုက္တက္ရဲ႕ ကြင္းလယ္ၾကယ္ပြင့္ ေပ့ါဘာနဲ႕ေတာ့ အတူတြဲျပီး ပြဲထြက္ မကစားရေသးပါဘူး။ စပါးနဲ႕ ပြဲမွာ ၄င္းတို႔ နွစ္ဦး တြဲ ကစားတာ ျမင္ရဖို႔ ေမွ်ာ္လင့္ေနၾကေပမယ့္ နည္းျပဆိုးရွားက ပြဲနဲ႕ ေ၀းေနတဲ့ ေပါ့ဘာကို ခ်က္ခ်င္း ထည့္ မကစားလိုေၾကာင္း အရိပ္အျမြက္ ဆိုထားပါတယ္။

ယူနိုက္တက္ ဂိုးသမားေဟာင္းၾကီး ပီတာ ရွမိုက္ကယ္ကေတာ့ ဒီနွစ္ေယာက္ အတူ တြဲကစားတာကို ျမင္ခ်င္လွျပီ ျဖစ္ျပီး ေပါ့ဘာက တုိက္စစ္ ပို လိုက္ပါျပီး ဖာနန္ဒက္စ္နဲ႕ ခ်ိတ္ဆက္နိုင္ရင္ သိပ္ေကာင္းသြားမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

” ယူနိုက္တက္က သူတို႔ ပြဲေတြ မနားခင္က ပံုစံအတိုင္း ျပန္စတင္နိုင္ဖို႔ သိပ္ အေရးၾကီးပါတယ္။ ဖာနန္ဒက္စ္ ေရာက္လာျပီးတည္းက သူဟာ ယူနိုက္တက္ ကစားပံုကိုပါ ေျပာင္းလဲလာေစခဲ့တယ္္။ အခု ပြဲေတြ ျပန္စရင္ အားလံုးနီးပါး ျပန္ကစားဖို႔ အခြင့္ရွိေနျပီ အထူးသျဖင့္ ေပါ့ဘာေပါ့။ က်ေနာ္ ကေတာ့ သူ႔ကို နံပါတ္ ၁၀ ပိုဆန္တဲ့ ကစားတာမ်ိဳး ျမင္ခ်င္တယ္ အဲဒါက သူနဲ႕ ပိုသင့္ေတာ္မယ္ ထင္တယ္။

သူက ခံစစ္ သိပ္မလိုက္ပါရရင္ ကစားတာ ပိုေကာင္းတယ္။ ကစားကြက္ တည္တာနဲ႕ ခံစစ္ အေပၚ သူ တာ၀န္ယူရတာ နည္းရင္ ကစားတာ ပိုသြက္လာတယ္။ က်ေန္ာတို႔ ဘရူနိုနဲ႕ ေပါ့ဘာ ေပါင္းစပ္ ကစားတာ မျမင္ရေသးဘူး။ ဒါကို က်ေနာ္ေတာ့ သိပ္ ေမွ်ာ္လင့္ထားတယ္။ ေပါ့ဘာရဲ႕ အရည္အခ်င္းက က်ေနာ္တို႔ ထိုင္ျငင္းေနစရာကို မလိုဘူး။

သူက ကြာလတီ ကစားသမား တစ္ေယာက္ ျဖစ္တယ္ ဒါေပမယ့္ သူ႔ရဲ႕ အေကာင္းဆံုး ေျခစြမ္းျပနိုင္တဲ့ ေနရာနဲ႕ ပတ္သတ္လို႔ေတာ့ လူေတြ နည္းနည္း မ်က္စိလည္ၾကတယ္။ သူ ၀င္ကစားရင္ တုိက္စစ္ ပိုလိုက္ပါတာက ပို အဆင္ေျပပါတယ္။ ” လို႔ ရွမိုက္ကယ္က သံုးသပ္ ေထာက္ျပသြားခဲ့ပါတယ္။

” ဘရူနိုကေတာ့ ကြင္းလယ္မွာ ဘယ္ဘက္ နည္းနည္း ပိုေရာက္ျပီး ကစားတယ္။ သူကလည္း ယူနိုက္တက္ စင္တင္ေပးနုိင္တဲ့ ကစားသမား တစ္ေယာက္ပါ။ သူတို႔ နွစ္ေယာက္လံုးက ၄-၃-၃ လို အခင္းအက်င္းမွာလည္း အတူတြဲ ကစားလို႔ ရပါတယ္။ ေပါ့ဘာ ျပန္လာတာကေတာ့ သိပ္ေကာင္းတာပဲ။ ” လို႔ ၄င္းက ဆိုပါတယ္။