တီမိုဝါနာက အရင်အတိုင်း သူ့ကစားသမားပဲလို့ အခိုင်အမာ ဆိုလိုက်တဲ့ လိုက်ပ်ဇစ်နည်းပြ

လိုက်ပ်ဇစ်အသင်းရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် ပွဲတွေမှာ မပါဝင်တော့ဘဲ လူစာရင်းကနေ တီမိုဝါနာ တစ်ယောက် နှုတ်ထွက်ထားပြီ ဆိုတဲ့ သတင်းတွေကို နည်းပြ ဂျူလီယန် နဂယ်မန်းစ်က ငြင်းချက်ထုတ်လိုက်ပါတယ်။ တီမိုဝါနာက ဇူလိုင်မှာ ချယ်ဆီးအသင်းနဲ့ ပူးပေါင်းလိုနေတာကြောင့် သြဂုတ်လထဲမှ ကစားမယ့် ချန်ပီယံလိဂ် ပွဲတွေကို မပါဝင်တော့ဘူး ငြင်းခဲ့ပြီလို့ ဒီတလောမှာ သတင်းတွေ ထွက်ပေါ်ထားပါတယ်။

လိုက်ပ်ဇစ် အသင်း မန်နေဂျာ နဂယ်မန်းစ်ကတော့ တီမိုဝါနာဟာ အရင်အတိုင်း သူ့ ကစားသမား အဖြစ် ရှိဆဲ ဖြစ်ကာ ချန်ပီယံလိဂ်နဲ့ ပတ်သတ်တဲ့ သတင်းတွေ မမှန်ကြောင်း၊ ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရသေးကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

” ဝါနာက ခါတိုင်းလိုပဲ ကျနော့် အစီအစဉ်တွေထဲ ပါတယ်။ ချန်ပီယံလိဂ် ပွဲအတွက်လည်း ပါနေတာပဲ။ သူက ကျနော်တို့ ကစားသမားပါ။ ဘယ်သူနဲ့မှ လက်မှတ်ထိုး သဘောတူညီမှု မရထားသေးပါဘူး။ ဒီအသင်း အတွက် သူ့အရေးပါမှုက သိပ်ကို အခရာကျပါတယ်။

သူက မယုံနိုင်လောက်ကို ဂိုးသွင်းစွမ်းရည်က ကောင်းတယ်။ ဒါက တိုက်စစ်မူှး တစ်ယောက်ဆီကနေ ကျနော်တို့ မျှော်လင့်ထားတဲ့ အချက်ပဲ မဟုတ်လား။ အသင်းဘက်ကရော ကစားသမားရောက ထိုင်ပြီး ဘာဆက်လုပ်ရမလဲ ဆွေးနွေးမှာပါ။ လောလောဆယ်တော့ ထူးခြားတဲ့ သတင်း မရှိပါဘူး။ ” လို့ နဂယ်မန်းစ်က ပြောဆိုခဲ့ပါတယ်။

ယူအီးအက်ဖ်အေကတော့ ဥရောပပွဲတွေကို ကမ္ဘာ့ဖလား စတိုင်မျိုး သြဂုတ်လထဲမှ ပေါ်တူဂီမှာ ကျင်းပရန် စီစဉ်နေပြီး ပြည်တွင်းလိဂ်တွေ အရင် ပြီးဆုံးအောင် ကစားဖို့ တိုက်တွန်းထားပါတယ်။ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်ကတော့ စက်တင်ဘာလ အစောပိုငးမှ ဖြစ်ဖွယ် ရှိပြီး ဝါနာ အနေနဲ့ ဥရောပပွဲတွေ ပြီးမှ အသင်းသစ်ကို သွားမယ် ဆိုရင် ပတ်ဝန်းကျင်သစ် အသင်းဖော်သစ်တွေနဲ့ အထိုင်ကျဖို့ အချိန် ရမှာတော့ မဟုတ်ပါဘူး။

ချယ်ဆီးအသင်းဟာ အသက် ၂၄ နှစ် အရွယ် ဂျာမန်သား ရဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၅၃ သန်းနဲ့ ခေါ်ယူဖို့ အတည်ပြုပြီး ဖြစ်ကာ အပြောင်းအရွှေ့ ကြေငြာနိုင်ဖို့ အချိန်တစ်ခုသာ စောင့်ဆိုင်းနေရကြောင်းလည်း အင်္ဂလန်သတင်းတွေက အခိုင်အမာ ဆိုထားပါတယ်။

Zawgyi – လိုက္ပ္ဇစ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ အဆင့္ ပြဲေတြမွာ မပါ၀င္ေတာ့ဘဲ လူစာရင္းကေန တီမို၀ါနာ တစ္ေယာက္ ႏႈတ္ထြက္ထားျပီ ဆိုတဲ့ သတင္းေတြကို နည္းျပ ဂ်ဴလီယန္ နဂယ္မန္းစ္က ျငင္းခ်က္ထုတ္လိုက္ပါတယ္။ တီမို၀ါနာက ဇူလိုင္မွာ ခ်ယ္ဆီးအသင္းနဲ႕ ပူးေပါင္းလိုေနတာေၾကာင့္ ၾသဂုတ္လထဲမွ ကစားမယ့္ ခ်န္ပီယံလိဂ္ ပြဲေတြကို မပါ၀င္ေတာ့ဘူး ျငင္းခဲ့ျပီလို႕ ဒီတေလာမွာ သတင္းေတြ ထြက္ေပၚထားပါတယ္။

လိုက္ပ္ဇစ္ အသင္း မန္ေနဂ်ာ နဂယ္မန္းစ္ကေတာ့ တီမို၀ါနာဟာ အရင္အတိုင္း သူ႔ ကစားသမား အျဖစ္ ရွိဆဲ ျဖစ္ကာ ခ်န္ပီယံလိဂ္နဲ႕ ပတ္သတ္တဲ့ သတင္းေတြ မမွန္ေၾကာင္း၊ ဘယ္အသင္းနဲ႕မွ သေဘာတူညီမႈ မရေသးေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

” ၀ါနာက ခါတိုင္းလိုပဲ က်ေနာ့္ အစီအစဥ္ေတြထဲ ပါတယ္။ ခ်န္ပီယံလိဂ္ ပြဲအတြက္လည္း ပါေနတာပဲ။ သူက က်ေနာ္တို႔ ကစားသမားပါ။ ဘယ္သူနဲ႕မွ လက္မွတ္ထိုး သေဘာတူညီမႈ မရထားေသးပါဘူး။ ဒီအသင္း အတြက္ သူ႔အေရးပါမႈက သိပ္ကို အခရာက်ပါတယ္။

သူက မယံုနိုင္ေလာက္ကို ဂိုးသြင္းစြမ္းရည္က ေကာင္းတယ္။ ဒါက တိုက္စစ္မဴွး တစ္ေယာက္ဆီကေန က်ေနာ္တို႔ ေမွ်ာ္လင့္ထားတဲ့ အခ်က္ပဲ မဟုတ္လား။ အသင္းဘက္ကေရာ ကစားသမားေရာက ထိုင္ျပီး ဘာဆက္လုပ္ရမလဲ ေဆြးေႏြးမွာပါ။ ေလာေလာဆယ္ေတာ့ ထူးျခားတဲ့ သတင္း မရွိပါဘူး။ ” လို႔ နဂယ္မန္းစ္က ေျပာဆိုခဲ့ပါတယ္။

ယူအီးအက္ဖ္ေအကေတာ့ ဥေရာပပြဲေတြကို ကမၻာ့ဖလား စတိုင္မ်ိဳး ၾသဂုတ္လထဲမွ ေပၚတူဂီမွာ က်င္းပရန္ စီစဥ္ေနျပီး ျပည္တြင္းလိဂ္ေတြ အရင္ ျပီးဆံုးေအာင္ ကစားဖို႔ တိုက္တြန္းထားပါတယ္။ ပရီးမီးယားလိဂ္ ေဘာလံုးရာသီသစ္ကေတာ့ စက္တင္ဘာလ အေစာပို္ငးမွ ျဖစ္ဖြယ္ ရွိျပီး ၀ါနာ အေနနဲ႕ ဥေရာပပြဲေတြ ျပီးမွ အသင္းသစ္ကို သြားမယ္ ဆိုရင္ ပတ္၀န္းက်င္သစ္ အသင္းေဖာ္သစ္ေတြနဲ႕ အထိုင္က်ဖို႔ အခ်ိန္ ရမွာေတာ့ မဟုတ္ပါဘူး။

ခ်ယ္ဆီးအသင္းဟာ အသက္ ၂၄ နွစ္ အရြယ္ ဂ်ာမန္သား ရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကး ေပါင္ ၅၃ သန္းနဲ႕ ေခၚယူဖို႔ အတည္ျပဳျပီး ျဖစ္ကာ အေျပာင္းအေရႊ႕ ေၾကျငာနုိင္ဖို႔ အခ်ိန္တစ္ခုသာ ေစာင့္ဆိုင္းေနရေၾကာင္းလည္း အဂၤလန္သတင္းေတြက အခိုင္အမာ ဆိုထားပါတယ္။