ဘယ်သူမှ မထင်ထားတဲ့ ကလပ်ကို ပရီးမီးယားလိဂ်အဆင့် ၄ ဝင်မယ်ဆိုတဲ့ ကာရေဂါ

စကိုင်းစပေါ့မှ သုံးသပ်သူ ကာရေဂါကတော့ ဒီရာသီမှာ ထိပ်ဆုံး ၄ သင်းထဲက တစ်နေရာကို ဝင်လုနိုင်မယ်လို့ ရေပန်းစားနေတဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်ကို ဖယ်ထုတ်ပြီး အခြားသော ကလပ်ကို အဆင့် ၄ နေရာအတွက် ရွေးချယ်ခဲ့ပါတယ်။

ကာရေဂါ ရွေးချယ်ခဲ့တာက လန်ဒန်ကလပ် စပါးအသင်းဖြစ်ပြီး လက်ရှိနည်းပြကွန်တီရဲ့ အရည်အချင်းတွေကြောင့် စပါးဟာ ချန်ပီယံလိဂ်ဝင်ခွင့် အောင်မြင်မယ့် အခွင့်အရေး ရှိနေတယ်လို့ ကာရေဂါက ယုံကြည်နေပါတယ်။ သူကတော့ စပါးက ကွန်တီလက်အောက်မှာ ထိပ်တန်းအသင်းတစ်သင်း ဖြစ်လာနိုင်တယ်လို့ မြင်နေပါတယ်။

“ စပါးတို့ ရာသီကုန်ရင် ထိပ်ဆုံးလေးသင်းထဲဝင်ဖို့ အခွင့်အရေးကောင်း ရှိနေတယ်လို့ ကျွန်တော် ထင်ရတဲ့ အကြောင်းပြချက်ကတော့ သူတို့မှာ တကယ်ကောင်းတဲ့ နည်းပြရှိနေလို့ပါပဲ။ သူတို့ဟာ ကလော့ပ်၊ ဂွာဒီယိုလာ၊ တူချယ်တို့ကို ရင်ဆိုင်နိုင်တဲ့ နည်းပြမျိုး ရထားတာပါ။

သူ့ရဲ့ မှတ်တမ်းကိုကြည့်လိုက်ပါ။ ကျနေ်ာတို့က ပရီးမီးယားလိဂ်မှာ ရာသီဝက်လောက် ကိုင်တွယ်ပြီး ကောင်းကောင်းလုပ်ပြခဲ့တဲ့ နည်းပြတစ်ယောက်အကြောင်း ပြောနေတာ မဟုတ်ပါဘူး။ သူဟာ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား အောင်မြင်ခဲ့တယ်။ စပါးမှာ သိပ်ကောင်းတဲ့ စတင်မှုကို ရရှိနေခဲ့တယ်။

သူ့ရဲ့ နိုင်ပွဲအချိုးက ပရီးမီးယားလိဂ်မှာ အကောင်းဆုံးစာရင်းထဲ ဝင်ပါတယ်။ စပါးရဲ့သမိုင်းမှာ အအောင်မြင်ဆုံးနည်းပြက ၁၉၆၁ မှာ ဖလားနှစ်လုံး အောင်မြင်ခဲ့တဲ့ ဘီလ် နီကိုလ်ဆန် ဖြစ်ခဲ့တယ်။ သူတို့ဟာ ဒီလိုအဆင့်အတန်းနဲ့ နည်းပြမျိုး ဘယ်တော့မှ ထပ်မရခဲ့ဘူး။

ဟိုဆေးမော်ရင်ညိုကရောလို့ လူတွေက ထောက်ပြကြမယ်။ ဒါပေမယ့် မော်ရင်ညိုက အကောင်းဆုံး အချိန်မှာ ရှိနေခဲ့တာ မဟုတ်ပါဘူး။ သူတို့တွေဟာ အခုချိန်မှာ အကောင်းဆုံးအချိန်ကို ရောက်နေတဲ့ ထိပ်တန်းနည်းပြကို ရထားတာကြောင့် ထိပ်ဆုံးလေးနေရာ ပြိုင်ဆိုင်မှု အခွင့်အရေး ရှိနေတာပါ ” လို့ ကာရေဂါက ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – စကိုင္းစေပါ့မွ သံုးသပ္သူ ကာေရဂါကေတာ့ ဒီရာသီမွာ ထိပ္ဆံုး ၄ သင္းထဲက တစ္ေနရာကို ဝင္လုႏုိင္မယ္လို႔ ေရပန္းစားေနတဲ့ အာဆင္နယ္နဲ႔ ယူႏုိက္တက္ကို ဖယ္ထုတ္ျပီး အျခားေသာ ကလပ္ကို အဆင့္ ၄ ေနရာအတြက္ ေရြးခ်ယ္ခဲ့ပါတယ္။

ကာေရဂါ ေရြးခ်ယ္ခဲ့တာက လန္ဒန္ကလပ္ စပါးအသင္းျဖစ္ျပီး လက္ရွိနည္းျပကြန္တီရဲ႕ အရည္အခ်င္းေတြေၾကာင့္ စပါးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေအာင္ျမင္မယ့္ အခြင့္အေရး ရွိေနတယ္လို႔ ကာေရဂါက ယုံၾကည္ေနပါတယ္။ သူကေတာ့ စပါးက ကြန္တီလက္ေအာက္မွာ ထိပ္တန္းအသင္းတစ္သင္း ျဖစ္လာႏုိင္တယ္လို႔ ျမင္ေနပါတယ္။

“ စပါးတို႔ ရာသီကုန္ရင္ ထိပ္ဆုံးေလးသင္းထဲဝင္ဖို႔ အခြင့္အေရးေကာင္း ရွိေနတယ္လို႔ ကြၽန္ေတာ္ ထင္ရတဲ့ အေၾကာင္းျပခ်က္ကေတာ့ သူတို႔မွာ တကယ္ေကာင္းတဲ့ နည္းျပရွိေနလို႔ပါပဲ။ သူတို႔ဟာ ကေလာ့ပ္၊ ဂြာဒီယိုလာ၊ တူခ်ယ္တို႔ကို ရင္ဆိုင္ႏိုင္တဲ့ နည္းျပမ်ိဳး ရထားတာပါ။

သူ႔ရဲ႕ မွတ္တမ္းကိုၾကည့္လိုက္ပါ။ က်ေန္ာတို႔က ပရီးမီးယားလိဂ္မွာ ရာသီဝက္ေလာက္ ကိုင္တြယ္ျပီး ေကာင္းေကာင္းလုပ္ျပခဲ့တဲ့ နည္းျပတစ္ေယာက္အေၾကာင္း ေျပာေနတာ မဟုတ္ပါဘူး။ သူဟာ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလား ေအာင္ျမင္ခဲ့တယ္။ စပါးမွာ သိပ္ေကာင္းတဲ့ စတင္မႈကို ရရွိေနခဲ့တယ္။

သူ႔ရဲ႕ ႏိုင္ပြဲအခ်ိဳးက ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးစာရင္းထဲ ဝင္ပါတယ္။ စပါးရဲ႕သမိုင္းမွာ အေအာင္ျမင္ဆုံးနည္းျပက ၁၉၆၁ မွာ ဖလားႏွစ္လုံး ေအာင္ျမင္ခဲ့တဲ့ ဘီလ္ နီကိုလ္ဆန္ ျဖစ္ခဲ့တယ္။ သူတို႔ဟာ ဒီလိုအဆင့္အတန္းနဲ႔ နည္းျပမ်ိဳး ဘယ္ေတာ့မွ ထပ္မရခဲ့ဘူး။

ဟိုေဆးေမာ္ရင္ညိဳကေရာလို႔ လူေတြက ေထာက္ျပၾကမယ္။ ဒါေပမယ့္ ေမာ္ရင္ညိဳက အေကာင္းဆုံး အခ်ိန္မွာ ရွိေနခဲ့တာ မဟုတ္ပါဘူး။ သူတို႔ေတြဟာ အခုခ်ိန္မွာ အေကာင္းဆုံးအခ်ိန္ကို ေရာက္ေနတဲ့ ထိပ္တန္းနည္းျပကို ရထားတာေၾကာင့္ ထိပ္ဆုံးေလးေနရာ ျပိဳင္ဆိုင္မႈ အခြင့္အေရး ရွိေနတာပါ ” လို႔ ကာေရဂါက ဆိုခဲ့တာျဖစ္ပါတယ္။