ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (17/06/20)

ကွင်းလယ်မှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ကို အတူတွဲ ကစားပြီး အစွမ်းပြစေချင်ရင် နည်းပြ ဆိုးရှား အနေနဲ့ ပေါ့ဘာကို တိုက်စစ် ပိုလိုက်ပါပြီး နံပါတ် ၁၀ နေရာ ကစားစေတာက အကျိုုးရှိလိမ့်မယ်လို့ ယူနိုက်တက် ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်က အကြံပြု သွားခဲ့ပါတယ်။

အက်စတွန်ဗီလာ အသင်းကတော့ ယူနိုက်တက်ရဲ့ ဦးစားပေး ပစ်မှတ်စာရင်းထဲ ပါဝင်နေတဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ချ်ကို အသင်းကနေ ထွက်ခွာခွင့် မပေးလိုတာကြောင့် အင်္ဂလန်သားကို ခေါ်လိုရင် အနည်းဆုံး ပေါင် သန်း ၈၀ အလိုရှိတယ်လို့ ဈေး သတ်မှတ်ပေးလိုက်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ကတော့ ကွင်းလယ်မှာ ပြင်သစ်သားနဲ့ တွဲ ကစားရမှာ အတွက် စိတ်အားထက်သန်နေပြီး အဲဒါထက် ယူနိုက်တက် နိုင်ပွဲရဖို့ ကတော့ ပို အရေးကြီးကြောင်း ဝန်ခံခဲ့ပါတယ်။

ဗြိတိန်က ကလေးငယ်တွေ အတွက် အစိုးရကို တောင်းဆိုမှု ပြုလုပ်ပေးခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ထံ အင်္ဂလန် နိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်သူ ဘောရစ်ဂျွန်ဆင်က ကိုယ်တိုင် ဖုန်းဆက်ကာ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

ချယ်ဆီး ကစားသမားဟောင်းကြီး ဂျွန်တယ်ရီက သူ ငယ်စဉ်က ချယ်ဆီးအသင်းထံ သွားဖို့ စာချုပ် ချုပ်ခါနီးမှာ ဖခင် ဖြစ်သူက ယူနိုက်တက် ကို ရွေးဖို့ တိုက်တွန်း ဖိအားပေးခဲ့ကြောင်း ထုတ်ဖေယ် ပြောဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ယူနိုက်တက်နဲ့ အပြိုင် အေဂျက် ကွင်းလယ်လူ ဗန်ဒါဘိခ်ကို ကမ်းလှမ်းမှု လုပ်ဆောင်ဖို့ကနေ နောက်ဆုတ်ခဲ့ပြီ ဖြစ်ကြောင်း နယ်သာလန် သတင်းတွေက ဖော်ပြသွားပါတယ်။

ယူနိုက်တက်ဟာ ရိုးမားအသင်းမှ ယူရို သန်း ၃၀ တန်ကြေး ရှိ အသက် ၂၂ နှစ် အရွယ် တူရကီသား တောင်ပံကစားသမား ဆန်ဂစ် အန်ဒါကို စိတ်ဝင်စားနေကြောင်း အီတလီ သတင်းတွေ့ ဖော်ပြနေပါတယ်။

Zawgyi – ကြင္းလယ္မွာ ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္ကို အတူတြဲ ကစားျပီး အစြမ္းျပေစခ်င္ရင္ နည္းျပ ဆိုးရွား အေနနဲ႕ ေပါ့ဘာကို တိုက္စစ္ ပိုလိုက္ပါျပီး နံပါတ္ ၁၀ ေနရာ ကစားေစတာက အက်ိဳုးရွိလိမ့္မယ္လို႔ ယူနိုက္တက္ ဂိုးသမားေဟာင္းၾကီး ပီတာ ရွမိုက္ကယ္က အၾကံျပဳ သြားခဲ့ပါတယ္။

အက္စတြန္ဗီလာ အသင္းကေတာ့ ယူနိုက္တက္ရဲ႕ ဦးစားေပး ပစ္မွတ္စာရင္းထဲ ပါ၀င္ေနတဲ့ သူတို႔ရဲ႕ အသင္းေခါင္းေဆာင္ ဂ်က္ ဂေရးလစ္ခ်္ကို အသင္းကေန ထြက္ခြာခြင့္ မေပးလိုတာေၾကာင့္ အဂၤလန္သားကို ေခၚလိုရင္ အနည္းဆံုး ေပါင္ သန္း ၈၀ အလိုရွိတယ္လို႔ ေစ်း သတ္မွတ္ေပးလိုက္ပါတယ္။

ဘရူနို ဖာနန္ဒက္စ္ကေတာ့ ကြင္းလယ္မွာ ျပင္သစ္သားနဲ႕ တြဲ ကစားရမွာ အတြက္ စိတ္အားထက္သန္ေနျပီး အဲဒါထက္ ယူနိုက္တက္ နုိင္ပြဲရဖို႔ ကေတာ့ ပို အေရးၾကီးေၾကာင္း ၀န္ခံခဲ့ပါတယ္။

ျဗိတိန္က ကေလးငယ္ေတြ အတြက္ အစိုးရကို ေတာင္းဆိုမႈ ျပဳလုပ္ေပးခဲ့တဲ့ ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ထံ အဂၤလန္ ႏိုင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္ ျဖစ္သူ ေဘာရစ္ဂြၽန္ဆင္က ကိုယ္တိုင္ ဖုန္းဆက္ကာ ခ်ီးက်ဴးစကား ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီး ကစားသမားေဟာင္းၾကီး ဂၽြန္တယ္ရီက သူ ငယ္စဥ္က ခ်ယ္ဆီးအသင္းထံ သြားဖို႔ စာခ်ဳပ္ ခ်ဳပ္ခါနီးမွာ ဖခင္ ျဖစ္သူက ယူနိုက္တက္ ကို ေရြးဖို႔ တိုက္တြန္း ဖိအားေပးခဲ့ေၾကာင္း ထုတ္ေဖယ္ ေျပာဆိုလိုက္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ယူနိုက္တက္နဲ႕ အျပိဳင္ ေအဂ်က္ ကြင္းလယ္လူ ဗန္ဒါဘိခ္ကို ကမ္းလွမ္းမႈ လုပ္ေဆာင္ဖို႔ကေန ေနာက္ဆုတ္ခဲ့ျပီ ျဖစ္ေၾကာင္း နယ္သာလန္ သတင္းေတြက ေဖာ္ျပသြားပါတယ္။

ယူနိုက္တက္ဟာ ရိုးမားအသင္းမွ ယူရို သန္း ၃၀ တန္ေၾကး ရွိ အသက္ ၂၂ နွစ္ အရြယ္ တူရကီသား ေတာင္ပံကစားသမား ဆန္ဂစ္ အန္ဒါကို စိတ္၀င္စားေနေၾကာင္း အီတလီ သတင္းေတြ႕ ေဖာ္ျပေနပါတယ္။