အသင်းဟောင်း ယူနိုက်တက် ဒီရာသီဘယ်လို သိမ်းစေချင်လဲ ဖွင့်ဟလာတဲ့ ဗန်ဒါဆား

မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်းကြီး ဗန်ဒါဆားဟာ လက်ရှိ အေဂျက်မှာ အားကစားဒါရိုက်တာ အဖြစ် တာဝန်ယူနေပါတယ်။ ၎င်းက သူ့ရဲ့ အသင်းဟောင်းဟာ ဒီရာသီ အပြီးသတ်ချိန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်လည်းရ အက်ဖ်အေဖလားလည်းရကာ အောင်မြင်မှု ရစေလိုကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီမီးယားလိဂ် ပွဲတွေ ပြန် ကစားဖို့ ကာရင်တန်မှာ လေ့ကျင့်ရေး စတင်နေတာ သီတင်းပတ် အနည်းငယ် ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ မနားခင်က ပြိုင်ပွဲစုံ ၁၁ ပွဲ ဆက် ရှုံးပွဲ မရှိခဲ့သလိုမျိုး ပုံစံကောင်း ပြန်ရဖို့ နည်းပြ ဆိုးရှားက အသေအချာ လေ့ကျင့် ပြင်ဆင်နေပါတယ်။

ဗန်ဒါဆားကတော့ ပြန်စတဲ့ ပွဲ အနည်းငယ်လောက်မှာတည်းက သေချာ ရလဒ်ကောင်း ယူနိုင်ရင် ပြန် အစကောင်းသွားမယ်လို့ ယုံကြည်ထားပြီး အသင်းဟောင်းအတွက် ထားတဲ့ ဆန္ဒတွေကို ဖွင့်ဟလာခဲ့ပါတယ်။

” ပထမဆုံး အနေနဲ့ ပြောချင်တာကတော့ ပွဲတွေ ပြန်စရင် ယူနိုက်တက် အနေနဲ့ အထကောင်းပြီး ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ အရှိန်အဟုန်ကောင်းကို တည်ဆောက်ဖို့က သိပ်အရေးကြီးတယ် မဟုတ်လား။ ဘယ်အသင်းမှ ပြီးပြည့်စုံတဲ့ အနေအထားကို မတည်ဆောက်နိုင်ကြပေမယ့် ပွဲတွေ ပြန်စရင် စိတ်ဝင်စားစရာတွေ မြင်ရမှာပါ။

ဘောလုံးပွဲတွေ ပြန်ကြည့်ရဖို့ စိတ်လှုပ်ရှားသလို အထူးသဖြင့် ယူနိုက်တက် ကစားတာကိုလည်း မြင်ချင်လှပါပြီ။ အက်ဖ်အေဖလားလည်း သူတို့ ရနိုင်ပါစေ။ ကျနော်ကတော့ အသင်းဟောင်းကို သူတို့ ကစားတဲ့ ပွဲတိုင်း နိုင်စေချင်တာပါ။ ” လို့ ဗန်ဒါဆားက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အပြင် အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလား ပြိုင်ပွဲတွေမှာ ဆက်လက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါသေးတယ်။ ဗန်ဒါဆားကတော့ သူ့အသင်းဟောင်း ရာသီကုန်မှာ ဖလားမြှောက်နိုင်တာကို မြင်တွေ့လိုနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ဂိုးသမားေဟာင္းၾကီး ဗန္ဒါဆားဟာ လက္ရွိ ေအဂ်က္မွာ အားကစားဒါရိုက္တာ အျဖစ္ တာ၀န္ယူေနပါတယ္။ ၄င္းက သူ႔ရဲ႕ အသင္းေဟာင္းဟာ ဒီရာသီ အျပီးသတ္ခ်ိန္မွာ ခ်န္ပီယံလိဂ္ ၀င္ခြင့္လည္းရ အက္ဖ္ေအဖလားလည္းရကာ ေအာင္ျမင္မႈ ရေစလိုေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။

ယူနိုက္တက္ဟာ ပရီမီးယားလိဂ္ ပြဲေတြ ျပန္ ကစားဖို႔ ကာရင္တန္မွာ ေလ့က်င့္ေရး စတင္ေနတာ သီတင္းပတ္ အနည္းငယ္ ၾကာခဲ့ျပီ ျဖစ္ပါတယ္။ ေဘာလုံးပြဲေတြ မနားခင္က ျပိဳင္ပြဲစံု ၁၁ ပြဲ ဆက္ ရွံဳးပြဲ မရွိခဲ့သလိုမ်ိဳး ပံုစံေကာင္း ျပန္ရဖို႔ နည္းျပ ဆိုးရွားက အေသအခ်ာ ေလ့က်င့္ ျပင္ဆင္ေနပါတယ္။

ဗန္ဒါဆားကေတာ့ ျပန္စတဲ့ ပြဲ အနည္းငယ္ေလာက္မွာတည္းက ေသခ်ာ ရလဒ္ေကာင္း ယူနိုင္ရင္ ျပန္ အစေကာင္းသြားမယ္လို႔ ယံုၾကည္ထားျပီး အသင္းေဟာင္းအတြက္ ထားတဲ့ ဆႏၵေတြကို ဖြင့္ဟလာခဲ့ပါတယ္။

” ပထမဆံုး အေနနဲ႕ ေျပာခ်င္တာကေတာ့ ပြဲေတြ ျပန္စရင္ ယူနိုက္တက္ အေနနဲ႕ အထေကာင္းျပီး ရလဒ္ေကာင္းေတြ ရယူနိုင္ဖို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ အရွိန္အဟုန္ေကာင္းကို တည္ေဆာက္ဖို႔က သိပ္အေရးၾကီးတယ္ မဟုတ္လား။ ဘယ္အသင္းမွ ျပီးျပည့္စံုတဲ့ အေနအထားကို မတည္ေဆာက္နိုင္ၾကေပမယ့္ ပဲြေတြ ျပန္စရင္ စိတ္၀င္စားစရာေတြ ျမင္ရမွာပါ။

ေဘာလံုးပြဲေတြ ျပန္ၾကည့္ရဖို႔ စိတ္လႈပ္ရွားသလို အထူးသျဖင့္ ယူနိုက္တက္ ကစားတာကိုလည္း ျမင္ခ်င္လွပါျပီ။ အက္ဖ္ေအဖလားလည္း သူတို႔ ရနိုင္ပါေစ။ က်ေနာ္ကေတာ့ အသင္းေဟာင္းကို သူတို႔ ကစားတဲ့ ပြဲတိုင္း နုိင္ေစခ်င္တာပါ။ ” လို႔ ဗန္ဒါဆားက ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ အျပင္ အက္ဖ္ေအဖလားနဲ႕ ယူရိုပါလိဂ္ဖလား ျပိဳင္ပြဲေတြမွာ ဆက္လက္ ယွဥ္ျပိဳင္ ကစားရဖို႔ ရွိေနပါေသးတယ္။ ဗန္ဒါဆားကေတာ့ သူ႔အသင္းေဟာင္း ရာသီကုန္မွာ ဖလားေျမွာက္နုိင္တာကို ျမင္ေတြ႔လိုေနပါတယ္။