အာဆင်နယ်မှာ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ်မှုး အူဘာမီးယန်းကို နယူးကာဆယ်က ကနဦး အငှား၊ ပေါင် သန်း ၂ဝ နဲ့ အပြီး ဝယ်ယူခွင့် ပါတဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
အသင်း ကြယ်ပွင့် တိုက်စစ်မှုး လီယွန်နယ် မက်ဆီဟာ ကိုဗစ် ကူးစက်ခံထားရပြီ ဖြစ်ကြောင်း ပီအက်စ်ဂျီ အသင်းက အတည်ပြုသွားပါတယ်။
ဟိုဆေး မော်ရင်ညိုဟာ မာဆေးကွင်းလယ်လူ ကာမာရာအတွက် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ကို နှောင့်ယှက်ပြီး ရိုးမားထံ ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ ပေါင်သန်း ၃၀ တန် နယ်သာလန်သား နောက်ခံလူ ဘော့မန်းအတွက် လိုင်လီနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။
နာပိုလီဟာ အက်စတွန်ဗီလာ အသင်းထံ အငှားထွက်ကစားနေတဲ့ ခံစစ်မှူး တွမ်ဇီဘီကို ရာသီဝက် အငှားခေါ်ယူဖို့အတွက် ယူနိုက်တက်နဲ့ နှုတ်ရေးအရ သဘောတူညီမှု ရခဲ့ပါတယ်။
ဘာစီလိုနာဟာ ပေါင် ၁၄၅ သန်းနဲ့ ခေါ်ယူထားတဲ့ ကော်တင်ညိုကို ၁၅ သန်းဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ အဆင်သင့် ဖြစ်နေသလို စပါးက သူတို့ရဲ့ စိတ်ဝင်စားမှုကို အရှိန်မြှင့်တင်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ သူ့ရဲ့ အရင်အေးဂျင့်နဲ့ လက်ရှိ အေးဂျင့်ကြား ပြဿနာဖြစ်ခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိနေနိုင်ပါတယ်။

အဲဗာတန်၊ ပဲလေ့စ်နဲ့ အက်စ်တွန်ဗီလာတို့ဟာာ ဒွိုက်မက်နေးကို စောင့်ကြည့်နေပေမယ့် ဘန်လေက ပေါင်သန်း ၄၀ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
နောက်ခံလူ ကာတာ ဗစ်ကာရဲ့ အပြီးသတ် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆဲလ်တစ်နဲ့ စပါးတို့ကြား ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူး အိုင်ကာဒီဟာ ဂျူဗင်တပ်ထံ အငှားပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်သလို အီတလီကို ပြန်လာတော့မှာ ဖြစ်ပါတယ်။
ပဲလေ့စ်မှာ အငှားကစားရင်း ခြေစွမ်းပြနေတဲ့ ချယ်ဆီး ကွင်းလယ်လူငယ်လေး ဂလဲဟားကို ပိုချက်တီနိုက ပီအက်စ်ဂျီ အတွက် ခေါ်ယူလိုနေပါတယ်။

စပါးဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်မယ့် အေစီမီလန် ကွင်းလယ်လူ ဖရန့်ကက်ဆီကို မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်၊ စပါးတို့နဲ့အပြိုင် ခေါ်ယူသွားဖို့ စိတ်အားထက်သန်နေပါတယ်။
ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ်ကတော့ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ ပစ်မှတ်ထားနေတဲ့ ပေါင် သန်း ၁ဝဝ တန် ကွင်းလယ် ကစားသမား ဒီကလန်ရိုက်စ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ပဲ ကြိုးစားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဝက်ဖို့ဒ်ဟာ နိုက်စ် ဘယ်တောင်ပံနောက်ခံလူ ကာမာရာကို ပေါင် ၄ သန်းနဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
