ချယ်ဆီး ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ကာရေဂါ ခန့်မှန်း
UNICODE – မန်စီးတီးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရာမှာတော့ အာဆင်နယ်ဟာ အဘက်ဘက်က လိုအပ်ချက်တွေ များမှုနဲ့အတူ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် ရှိနေသေးပေမယ့် မန်စီးတီးနဲ့ပွဲ စွမ်းဆောင်ရည် အတိုင်းဆိုရင်တော့ ဖြစ်လာဖို့ ခက်ခဲလွန်းလှပါတယ်။ ကာရေဂါကတော့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ကြီး ၆ ကြီး ပြိုင်ဘက်တွေနဲ့ ထိပ်တိုက်တွေ့ရာမှာ တစ်ကြိမ်မှ အနိုင်မရထားတဲ့ အာဆင်နယ်ဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရမှာ မဟုတ်ဘူးလို့ ခန့်မှန်းသွားခဲ့တယ်။
ကာရေဂါက ” အာတီတာက ဒီ ၉ ပွဲကို ကျော်ဖြတ်နိုင်ရပါမယ်။ မန်စီးတီးနဲ့ပွဲ မပါဘဲ ကျန် ၉ ပွဲမှာ အာဆင်နယ်အသင်းက အကောင်းဆုံး စတင်နိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ကို စိန်ခေါ်ဖို့ သူတို့ ဒါကို လုပ်ရပါလိမ့်မယ်။ ဒါပေမယ့် အာဆင်နယ်က ထိပ်ဆုံး လေးသင်းထဲဝင်ဖို့ လုံလောက်အောင် မကောင်းပါဘူး။
ဒီတော့ ပရီးမီးယားလိဂ်မှာ အာဆင်နယ်က ဘယ်နေရာမှာ ရှိနေတာ၊ ချယ်ဆီး (သို့) ယူနိုက်တက်နဲ့ ရမှတ်တွေ ဘယ်လောက် ကွာနေသလဲဆိုတာတွေကို မေ့လိုက်ပါတော့။ သူတို့က လုံလောက်အောင် မကောင်းပါဘူး။ ဒါကိုလည်း ဒီညပွဲမှာ ထင်ထင်ရှားရှားကြီး မြင်နေရပါတယ်။
အာဆင်နယ်ဟာ ခံစစ်ပိုင်းမှာ ပြဿနာတွေ ကြီးကြီးမားမား ရှိထားပါတယ်။ ဒါပေမယ့် ဒါကလည်း အာတီတာ မဝင်လာခင်တည်းကပါ။ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကြောင့် နွေဈေးကွက်ထဲ ဝင်ရောက်ဖို့ကလည်း ခက်ခဲပါလိမ့်မယ်။ ဈေးကွက်ထဲ ဝင်ရောက်နိုင်ဖို့အတွက် ချန်ပီယံလိဂ်လို ပြိုင်ပွဲမှာလည်း သူတို့ ပါဝင်ယှဉ်ပြိုင်ရဖို့ မရှိပါဘူး။
အာဆင်နယ်ကို အာတီတာ ဝင်ရောက်လာပြီးတည်းက အချို့သော နည်းလမ်းတွေနဲ့အတူ သူအပေါ် ကျနေ်ာတို့တွေ အထင်ကြီးထားပါတယ်။ ဒါပေမယ့် အာတီတာက အလုပ်တွေ အများကြီး လုပ်ရဦးမှာ ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာ အာဆင်နယ်ဟာ အဆင့် ၄ မှ ချယ်ဆီးနဲ့ ပွဲတူ ၈ မှတ်အကွာ အနေအထားတွေကို ရောက်ရှိနေပြီဖြစ်တယ်။ ဒါ့အပြင် မန်စီးတီး ချန်ပီယံလိဂ်ပွဲပယ် အယူခံဝင်မှု မအောင်မြင်ရင် အစားဝင်ခွင့်ရမယ့် အဆင့် ၅ နေရာက ယူနိုက်တက်နဲ့ ပွဲတူ ၅ မှတ်အကွာမှာ ရှိနေပါတယ်။
ZAWGYI – မန်စီးတီးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရာမှာတော့ အာဆင်နယ်ဟာ အဘက်ဘက်က လိုအပ်ချက်တွေ များမှုနဲ့အတူ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။