ချယ်ဆီးကြယ်ပွင့် မေဆန်မောင့်နဲ့ ကလပ်အသင်းတူ ကစားချင်သေးတဲ့ ဒီကလန် ရိုက်စ်

၀က်စ်ဟမ်းမှာ တောက်ပနေတဲ့ ကွင်းလယ်ကစားသမား ဒီကလန် ရိုက်စ်က ငယ်စဉ်က ချယ်ဆီးအကယ်ဒမီမှာ အတူ ကစားဖူးတဲ့ မေဆန်မောင့်နဲ့ အတူ ကလပ်တစ်သင်းတည်း ပြန် ကစားလိုကြောင်း ဝန်ခံစကား ဆိုလိုက်ပါတယ်။ ရိုက်စ်က လွန်ခဲ့တဲ့ ၇ နှစ်က ချယ်ဆီး အသင်းကနေ ထွက်ခွာ ဖြစ်ခဲ့ပြီး မောင့်ကတော့ အခုထိ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

အင်္ဂလန် လက်ရွေးစင် ကစားသမား ရိုက်စ်ဟာ ချယ်ဆီးက ထွက်ခွာခဲ့ရပေမယ့် ဝက်စ်ဟမ်းအသင်းမှာ တောက်ပနေကာ အသင်းကြီးတွေက ခေါ်ယူဖို့ စောင့်ကြည့်ခြင်းလည်း ခံနေရပါတယ်။

လက်ရှိ ချယ်ဆီးနည်းပြ လမ်းပတ်က အသင်းကို အင်္ဂလန် လူငယ်ကစားသမားတွေနဲ့ အဓိက အားပြု ပွဲထုတ်နေပြီး ရိုက်စ်ကလည်း ပြန်လည် သွားရောက်လိုကြောင်း အရိပ် အမြွက် ဖွင့်ဟလာခဲ့တာပါ။ ၎င်းက ငယ်စဉ်က အသင်းဖော် မောင့်နဲ့ အတူ အသင်းတူ ပြန် ကစားလိုကြောင်း ဆိုခဲ့တာပါ။

” ကလပ်အသင်း အဆင့်မှာ မောင့်နဲ့ အတူတူ ပြန် ကစားချင်ပါတယ်။ ပြန်ကစားချင်တာပေါ့။ မတူညီတဲ့ လမ်းကြောင်းတွေ အနေအထားတွေ နဲ့ ဘာတွေ ဖြစ်လာဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ” လို့ ရိုက်စ်က ဆိုပါတယ်။

မေဆန်မောင့်နဲ့ ရိုက်စ်တို့ဟာ အင်္ဂလန်ရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဝင်မယ့် လက်ရွေးစင်အသင်းမှာ ပါဝင်အစွမ်းပြခွင့်ရဖို့ သေချာသလောက် ဖြစ်ပြီး လောလောဆယ်မှာတော့ ကိုဗစ် အခြေအနေများကြောင့် ပြိုင်ပွဲကို နောက်နှစ်နွေသို့ ရွှေ့ဆိုင်းထားကြပါတယ်။

Zawgyi – ၀က္စ္ဟမ္းမွာ ေတာက္ပေနတဲ့ ကြင္းလယ္ကစားသမား ဒီကလန္ ရိုက္စ္က ငယ္စဥ္က ခ်ယ္ဆီးအကယ္ဒမီမွာ အတူ ကစားဖူးတဲ့ ေမဆန္ေမာင့္နဲ႕ အတူ ကလပ္တစ္သင္းတည္း ျပန္ ကစားလိုေၾကာင္း ၀န္ခံစကား ဆိုလိုက္ပါတယ္။ ရိုက္စ္က လြန္ခဲ့တဲ့ ၇ နွစ္က ခ်ယ္ဆီး အသင္းကေန ထြက္ခြာ ျဖစ္ခဲ့ျပီး ေမာင့္ကေတာ့ အခုထိ ဆက္ရွိေနဆဲ ျဖစ္ပါတယ္။

အဂၤလန္ လက္ေရြးစင္ ကစားသမား ရိုက္စ္ဟာ ခ်ယ္ဆီးက ထြက္ခြာခဲ့ရေပမယ့္ ၀က္စ္ဟမ္းအသင္းမွာ ေတာက္ပေနကာ အသင္းၾကီးေတြက ေခၚယူဖို႔ ေစာင့္ၾကည့္ျခင္းလည္း ခံေနရပါတယ္။

လက္ရွိ ခ်ယ္ဆီးနည္းျပ လမ္းပတ္က အသင္းကို အဂၤလန္ လူငယ္ကစားသမားေတြနဲ႕ အဓိက အားျပဳ ပြဲထုတ္ေနျပီး ရိုက္စ္ကလည္း ျပန္လည္ သြားေရာက္လိုေၾကာင္း အရိပ္ အျမြက္ ဖြင့္ဟလာခဲ့တာပါ။ ၄င္းက ငယ္စဥ္က အသင္းေဖာ္ ေမာင့္နဲ႕ အတူ အသင္းတူ ျပန္ ကစားလိုေၾကာင္း ဆိုခဲ့တာပါ။

” ကလပ္အသင္း အဆင့္မွာ ေမာင့္နဲ႕ အတူတူ ျပန္ ကစားခ်င္ပါတယ္။ ျပန္ကစားခ်င္တာေပါ့။ မတူညီတဲ့ လမ္းေၾကာင္းေတြ အေနအထားေတြ နဲ႕ ဘာေတြ ျဖစ္လာဦးမလဲဆိုတာ ဘယ္သူမွ မသိနုိင္ဘူး။ ” လို႔ ရိုက္စ္က ဆိုပါတယ္။

ေမဆန္ေမာင့္နဲ႕ ရိုက္စ္တို႔ဟာ အဂၤလန္ရဲ႕ ယူရို ၂၀၂၀ ျပိဳင္ပြဲ၀င္မယ့္ လက္ေရြးစင္အသင္းမွာ ပါ၀င္အစြမ္းျပခြင့္ရဖို႔ ေသခ်ာသေလာက္ ျဖစ္ျပီး ေလာေလာဆယ္မွာေတာ့ ကိုဗစ္ အေျခအေနမ်ားေၾကာင့္ ျပိဳင္ပြဲကို ေနာက္နွစ္ေႏြသို႔ ေရႊ႕ဆိုင္းထားၾကပါတယ္။