ဒီတလော အင်တာဗျူးကြောင့် ငြိုငြင်ခံနေရတဲ့ တိုက်စစ်မှုး လူကာကူဟာ နည်းပြ တူချယ်နဲ့ တိုက်ရိုက် ပြောဆို ဆွေးနွေးခဲ့ပြီး အသင်းနဲ့ သူ့အကြား ကျေလည်မှု ရရှိကာ အကောင်းမြင်စရာ ဖြစ်လာခဲ့ပြီလို့ သိရပါတယ်။
အာဆင်နယ် အသင်းဟာ ဖီအိုရင်တီးနား တိုက်စစ်မှုး ဒူဆန် ဗလာဟိုဗစ် အတွက် ယူရို သန်း ၇ဝ နဲ့ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ထားကြောင်း အီတလီ သတင်းတွေ့ ဖော်ပြထားပါတယ်။

ဘရာဇီး ဂိုးသမား နက်တိုဟာ ဘာစီလိုနာကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ပြီး ဖလာမင်ဂို ကို ပြန်ခွင့်ရဖို့ အလို ရှိနေပါတယ်။ နက်တိုဟာ ၂၀၁၉ မှာ ဘာကာကို ရောက်ရှိလာခဲ့ပေမယ့် စုစုပေါင်း ၁၉ ပွဲသာ ကစားခွင့်ရခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်နဲ့ ချယ်ဆီးအသင်းတို့ဟာ တူရကီ လက်ရွေးင် ခံစစ်မှုး မီရာ ဒါမီရယ် ကို ရရှိဖို့ အပြိုင် ကြိုးစားနေပါတယ်။ အသက် ၂၃ နှစ် အရွယ် ဂျူဗင်တပ် ကစားသမားဟာ လက်ရှိမှာ အတ္တလန္တာအသင်းမှာ အငှား ကစားနေပြီး နွေမှာ အပြီးသတ် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။
နယူးကာဆယ်ဟာ ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ၎င်းရဲ့ စာချုပ်ဖျက်သိမ်းကြေးက သန်း ၁၀၀ ရှိပေမယ့် နယူးကာဆယ်က လျှော့ဈေးနဲ့ ညှိနှိုင်းမှုလုပ်နိုင်ဖို့ မျှော်လင့်နေတာပါ။
အာဆင်နယ်က အသင်းမှာ ပြသနာရှိထားတဲ့ တိုက်စစ်မှုး အူဘာမီးယန်းကို ဒီ ဆောင်းဈေးကွက်မှာ ရောင်းချဖို့ လမ်းဖွင့်ထားပြီလို့ ဥရောပ ထိပ်သီးကလပ်အသင်းတွေထံ အကြောင်းကြားထားကြောင်း ဒေးလီးမေးလ်က ဖော်ထုတ်လိုက်ပါတယ်။

တွမ်ဇီဘီ အတွက် အက်စတွန်ဗိလာ နည်းပြ ဂျရတ်က ကစားချိန်ပေးဖို့ အာမမခံနိုင်တာကြောင့် ဒုတိယ ရာသီဝက် ဗီလာမှာ အငှားဆက်ကစားဖို့ အလားအလာက အဆုံးသတ်သွားခဲ့ဖြစ်တယ်လို့ သိရတယ်။ တွမ်ဇီဘီ နာပိုလီ အသင်းထံ အငှား ရောက်သွားခဲ့တာပါ။
ဘာစီလိုနာ ဘောလုံးဒါရိုက်တာ အလီမာနီဟာ ဂျူဗင်တပ် တိုက်စစ်မှူး မိုရာတာနဲ့ ချိတ်ဆက်နေတဲ့ သတင်းတွေကို ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
အက်စ်တွန်ဗီလာဟာ မိုချင်ဂလာဘက် ကွင်းလယ်လူ ဒန်းနစ် ဇာခါရီယာကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲ ပါဝင်လာခဲ့ပြီး စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲ ရောက်ရှိနေတဲ့ ကစားသမားဟာ လီဗာပူး၊ လက်စတာ၊ အာဆင်နယ်၊ အဲဗာတန်တို့ကလည်း ချိတ်ဆက်မှု ရှိနေတာပါ။
