စပါးကို ရင်ဆိုင်ဖို့ ယူနိုက်တက် ပြင်ဆင်ထားတဲ့ ပွဲအစီအမံများ လုခ်ရှော ဖွင့်ဟ

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် စပါးနဲ့ အဝေးကွင်း ပရီးမီးယားလိဂ်ပွဲမှာ ဒီရာသီ အိုးထရက်ဖို့ဒ်မှာ စပါးကို ဧည့်ခံစဉ်က ပွဲအစီအမံများ အတိုင်း ရင်ဆိုင်သွားဖို့ ပြင်ဆင်နေကြောင်း ခံစစ်မှူး လုခ်ရှောက ဖွင့်ဟသွားခဲ့ပါတယ်။

နည်းပြ ဆိုးရှားရဲ့ ယူနိုက်တက်ဟာ ယခင်နည်းပြဟောင်း မော်ရင်ညို တာဝန်ယူနေတဲ့ စပါးကို ဒုတိယအကြိမ် ရင်ဆိုင်ရမှာ ဖြစ်ပြီး ပထမတစ်ကြိမ်မှာ အိမ်ရှင် ယူနိက်တက်က ရက်ဖို့ဒ် သွင်းဂိုးတွေနဲ့ အတူ ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ထိုပွဲမှာ ယူနိုက်တက်က ဖိအားမြင့်မြင့်ပေးပြီး ကစားကွက် အမြန်ပြောင်း လှုပ်ရှားခဲ့ပြီး အကျိုးသက်ရောက်မှုကြီးတွေ ရှိခဲ့တာပါ။

လုခ်ရှောကတော့ လာမယ့် ပွဲအတွက်လည်း စပါးကို အရင်ကလိုပဲ ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

” ဒီရာသီ အိုးထရက်ဖို့ဒ်မှာ စပါးကို ဧည့်ခံတုန်းက ကျနော်တို့ စိတ်နှလုံး ဒုံးဒုံးချပြီး သေချာ ရင်ဆိုင်ခဲ့တယ်။ ဒီတစ်ပတ်မှာ အဲဒီပွဲကို ပြန်လည်း ကြည့်ဖြစ်တယ်။ ကျနော်တို့က အဲဒီညမှာ ဘယ်လိုမှ ရပ်တန့်လို့ မရနိုင်အောင် ကစားပြခဲ့တယ်။ စပါးကို လုံး၀ ဖိအား သေချာပေးခဲ့တယ်။ သူတိ့ု ကစားရခက်အောင် လုပ်ပြီး ကျနေ်ာတို့ ဘောလုံးရတာနဲ့ အဆုံးအဖြတ် မြန်မြန် လှုပ်ရှားမှု သွက်သွက် ကစားခဲ့တယ်။

လက်ထိဘော ဖြစ်လုနီးပါး ရှိခဲ့တဲ့ သူတို့ ဂိုး ခွင့်ပြုလိုက်ရတာကလွဲလို့ စပါးက အဲဒီညမှာ ဖန်တီးမှု သိပ် များများတောင် မလုပ်နိုင်ခဲ့ဘူး။ ဒီတစ်ကြိမ်မှာလည်း အဲဒီလို ထပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ” လို့ ရှောက ဆိုပါတယ်။

ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အလိုရှိနေတဲ့ ယူနိုက်တက် အတွက် လာမယ့် စပါးနဲ့ ပွဲဟာ အရေးပါတဲ့ ပွဲ ဖြစ်နေပြီး ပြိုင်ဘက် စပါးကို နောက်ကောက်ချနိုင်မယ့် အပြင် ချယ်ဆီးကိုပါ ဆက်လက် ဖိအားပေးနိုင်သွားမှာပါ။ ဒီပွဲက ဘောလုံးရာသီ အဆုံးအဖြတ် ပွဲလို့ကို သဘောထားသွားမယ်လို့ ရှောက ဖွင့်ဟခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ လာမယ့္ စပါးနဲ႕ အေ၀းကြင္း ပရီးမီးယားလိဂ္ပြဲမွာ ဒီရာသီ အိုးထရက္ဖို႔ဒ္မွာ စပါးကို ဧည့္ခံစဥ္က ပြဲအစီအမံမ်ား အတုိင္း ရင္ဆိုင္သြားဖို႔ ျပင္ဆင္ေနေၾကာင္း ခံစစ္မွဴး လုခ္ေရွာက ဖြင့္ဟသြားခဲ့ပါတယ္။

နည္းျပ ဆိုးရွားရဲ႕ ယူနိုက္တက္ဟာ ယခင္နည္းျပေဟာင္း ေမာ္ရင္ညိဳ တာ၀န္ယူေနတဲ့ စပါးကို ဒုတိယအၾကိမ္ ရင္ဆိုင္ရမွာ ျဖစ္ျပီး ပထမတစ္ၾကိမ္မွာ အိမ္ရွင္ ယူနိက္တက္က ရက္ဖုိ႔ဒ္ သြင္းဂိုးေတြနဲ႕ အတူ ၂-၁ ရလဒ္နဲ႕ အနုိင္ရထားခဲ့ပါတယ္။ ထိုပြဲမွာ ယူနိုက္တက္က ဖိအားျမင့္ျမင့္ေပးျပီး ကစားကြက္ အျမန္ေျပာင္း လႈပ္ရွားခဲ့ျပီး အက်ိဳးသက္ေရာက္မႈၾကီးေတြ ရွိခဲ့တာပါ။

လုခ္ေရွာကေတာ့ လာမယ့္ ပြဲအတြက္လည္း စပါးကို အရင္ကလိုပဲ ရင္ဆိုင္သြားဖို႔ ျပင္ဆင္ထားေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။

” ဒီရာသီ အိုးထရက္ဖို႔ဒ္မွာ စပါးကို ဧည့္ခံတုန္းက က်ေနာ္တုိ႔ စိတ္ႏွလံုး ဒံုးဒံုးခ်ျပီး ေသခ်ာ ရင္ဆုိင္ခဲ့တယ္။ ဒီတစ္ပတ္မွာ အဲဒီပြဲကို ျပန္လည္း ၾကည့္ျဖစ္တယ္။ က်ေနာ္တို႔က အဲဒီညမွာ ဘယ္လိုမွ ရပ္တန္႔လို႔ မရနုိင္ေအာင္ ကစားျပခဲ့တယ္။ စပါးကို လံုး၀ ဖိအား ေသခ်ာေပးခဲ့တယ္။ သူတိ႔ု ကစားရခက္ေအာင္ လုပ္ျပီး က်ေန္ာတုိ႔ ေဘာလံုးရတာနဲ႕ အဆံုးအျဖတ္ ျမန္ျမန္ လႈပ္ရွားမႈ သြက္သြက္ ကစားခဲ့တယ္။

လက္ထိေဘာ ျဖစ္လုနီးပါး ရွိခဲ့တဲ့ သူတို႔ ဂိုး ခြင့္ျပဳလုိက္ရတာကလြဲလို႔ စပါးက အဲဒီညမွာ ဖန္တီးမႈ သိပ္ မ်ားမ်ားေတာင္ မလုပ္နိုင္ခဲ့ဘူး။ ဒီတစ္ၾကိမ္မွာလည္း အဲဒီလို ထပ္လုပ္နုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ” လို႕ ေရွာက ဆိုပါတယ္။

ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အလိုရွိေနတဲ့ ယူနိုက္တက္ အတြက္ လာမယ့္ စပါးနဲ႕ ပြဲဟာ အေရးပါတဲ့ ပြဲ ျဖစ္ေနျပီး ျပိဳင္ဘက္ စပါးကို ေနာက္ေကာက္ခ်နုိင္မယ့္ အျပင္ ခ်ယ္ဆီးကိုပါ ဆက္လက္ ဖ္ိအားေပးနုိင္သြားမွာပါ။ ဒီပြဲက ေဘာလံုးရာသီ အဆံုးအျဖတ္ ပြဲလို႔ကို သေဘာထားသြားမယ္လို႔ ေရွာက ဖြင့္ဟခဲ့ပါတယ္။