အမ်ဘာပေ ကို ပြီးခဲ့တဲ့နွေကထက် ပြောင်းရွှေ့ကြေး အများကြီး လျှော့ ကမ်းလှမ်းလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ အလိုအရှိဆုံး ပီအက်စ်ဂျီ စူပါစတား အမ်ဘာပေအတွက် ဈေးလျှော့ပြီး ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ် ကမ်းလှမ်းခဲ့တာက ယူရို သန်း ၅၀ (ပေါင် ၄၁.၇၅ သန်း) နဲ့ ပါ။

အမ်ဘာပေဟာ ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမယ့် အချိန်မတိုင်ခင် အခုတည်းက ပြည်ပကလပ်တွေနဲ့ အကြိုစာချုပ် သဘောတူညီမှုရဖို့ ဆွေးနွေးနိုင်နေပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ ပေါင် ၄၁.၇၅ သန်းဟာ စာချုပ်ကုန်တော့မယ့် အမ်ဘာပေ အတွက် ဒီလမှာ ကမ်းလှမ်းဖို့ အတွက် လုံလောက်တဲ့ ပမာဏ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း အီတလီဘောလုံးအေးဂျင့် ဘရန်ချီနီက ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ထို ပေါင် သန်း ၄ဝ ကျော် ပမာဏဟာ လွန်ခဲ့တဲ့ ၆လကပဲ သူ့ကို ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းထားခဲ့တဲ့ ကလပ်ဆီက ထွက်လာတာမို့လို အံ့ဩစရာတော့ ကောင်းနေပါတယ်။

“ရီးရဲလ်မက်ဒရစ်က ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ အမ်ဘာပေကို ယူရို သန်း ၅၀ လောက်နဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ တာကြောင့် အခု ပီအက်စ်ဂျီမှာပဲ မူတည်ပါတော့တယ်။ ဒါဘယ်လိုဖြစ်သွားမလဲတော့ ကျွန်တော်မသိဘူး။ ဖလော်ရန်တီနို ပီရက်ဇ်ရဲ့ အကွက်ရွှေ့ပုံကို သေချာစောင့်ကြည့်သင့်တယ်လို့ ကျွန်တော်မြင်တယ်။

အမ်ဘာပေလို ကစားသမား တစ်ယောက်ကို နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်လိုက်ရတာက ရှက်စရာ ကောင်းမှာပါ။ ပါရီမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ ဘယ်လိုမြင်ကြလဲ ကျွန်တော် မသိဘူး။”လို့ ဘရန်ချီနီက ပြောပြခဲ့ပါတယ်။

ဘာပေကို ခေါ်ယူချင်နေတဲ့ ထိပ်တန်းကလပ်တွေက အများကြီး ရှိနေတာနဲ့အတူ မက်ဒရစ်ဟာ လာမယ့် နွေရာသီမှာ ပမာဏ အများကြီးနဲ့ အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေကို ရှောင်ကြဉ်ချင်တာ ဖြစ်နိုင်ဖွယ် ရှိပါတယ်။

ဘာပေနဲ့ ပတ်သတ်ပြီး ကမ်းလှမ်းမှု အမျိုုးမျိုး ငြင်းပယ်ခံခဲ့ရတဲ့နောက် ဒီလဟာ ရာသီကုန်မတိုင်ခင်မှာ ရီရဲလ်နဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ထားဖို့ နောက်ဆုံး အခွင့်အရေး ဖြစ်ပါတယ်။

အမ်ဘာပေဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၈ ဂိုးသွင်း၊ ၁၃ ဂိုး ဖန်တီးခဲ့ပြီးတော့ အကောင်းဆုံး ကစားသမား တစ်ယောက်အဖြစ် သူ့ရဲ့ဂုဏ်ပုဒ်ကို ထင်ရှားစေခဲ့တာပါ။ ပီအက်စ်ဂျီ က လီဂူးဝမ်းမှာ လိုင်ယွန်ရဲ့ ဆုဖလားကို ပြန်လည် လုယူဖို့ ကြိုးစားနေတာဖြစ်ပြီး နှစ်ကုန်မတိုင်ခင် အထိ အမ်ဘာပေ ဆက်ရှိနေဖို့ကိစ္စကို ငြင်းပယ်ခဲ့ခြင်း မရှိသေးပါဘူး။

Zawgyi

ရီးရဲလ္မက္ဒရစ္ဟာ အလိုအရွိဆုံး ပီအက္စ္ဂ်ီ စူပါစတား အမ္ဘာေပအတြက္ ေဈးေလွ်ာ့ၿပီး ကမ္းလွမ္းမႈ တစ္ခု ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ရီးရဲလ္ ကမ္းလွမ္းခဲ့တာက ယူ႐ို သန္း ၅၀ (ေပါင္ ၄၁.၇၅ သန္း) နဲ႕ ပါ။

အမ္ဘာေပဟာ ရာသီကုန္မွာ ပီအက္စ္ဂ်ီနဲ႕ စာခ်ဳပ္ကုန္လို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ ရမယ့္ အခ်ိန္မတိုင္ခင္ အခုတည္းက ျပည္ပကလပ္ေတြနဲ႔ အႀကိဳစာခ်ဳပ္ သေဘာတူညီမႈရဖို႔ ေဆြးေႏြးႏိုင္ေနၿပီ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ကေတာ့ ေပါင္ ၄၁.၇၅ သန္းဟာ စာခ်ဳပ္ကုန္ေတာ့မယ့္ အမ္ဘာေပ အတြက္ ဒီလမွာ ကမ္းလွမ္းဖို႔ အတြက္ လုံေလာက္တဲ့ ပမာဏ ျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း အီတလီေဘာလုံးေအးဂ်င့္ ဘရန္ခ်ီနီက ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္ ထို ေပါင္ သန္း ၄ဝ ေက်ာ္ ပမာဏဟာ လြန္ခဲ့တဲ့ ၆လကပဲ သူ႔ကို ေပါင္သန္း ၁၅၀ နဲ႔ ကမ္းလွမ္းထားခဲ့တဲ့ ကလပ္ဆီက ထြက္လာတာမို႔လို အံ့ဩစရာေတာ့ ေကာင္းေနပါတယ္။

“ရီးရဲလ္မက္ဒရစ္က ျပီးခဲ့တဲ့ ရက္အနည္းငယ္ကပဲ အမ္ဘာေပကို ယူ႐ို သန္း ၅၀ ေလာက္နဲ႔ ကမ္းလွမ္းမႈ လုပ္ခဲ့ တာေၾကာင့္ အခု ပီအက္စ္ဂ်ီမွာပဲ မူတည္ပါေတာ့တယ္။ ဒါဘယ္လိုျဖစ္သြားမလဲေတာ့ ကြၽန္ေတာ္မသိဘူး။ ဖေလာ္ရန္တီႏို ပီရက္ဇ္ရဲ႕ အကြက္ေ႐ႊ႕ပုံကို ေသခ်ာေစာင့္ၾကည့္သင့္တယ္လို႔ ကြၽန္ေတာ္ျမင္တယ္။

အမ္ဘာေပလို ကစားသမား တစ္ေယာက္ကို ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္လႊတ္လိုက္ရတာက ရွက္စရာ ေကာင္းမွာပါ။ ပါရီမွာ ဒီကိစၥနဲ႔ ပတ္သက္ၿပီး သူတို႔ ဘယ္လိုျမင္ၾကလဲ ကြၽန္ေတာ္ မသိဘူး။”လို႔ ဘရန္ခ်ီနီက ေျပာျပခဲ့ပါတယ္။

ဘာေပကို ေခၚယူခ်င္ေနတဲ့ ထိပ္တန္းကလပ္ေတြက အမ်ားႀကီး ရွိေနတာနဲ႔အတူ မက္ဒရစ္ဟာ လာမယ့္ ေႏြရာသီမွာ ပမာဏ အမ်ားႀကီးနဲ႔ အၿပိဳင္အဆိုင္ ကမ္းလွမ္းမႈေတြကို ေရွာင္ၾကဥ္ခ်င္တာ ျဖစ္နိုင္ဖြယ္ ရွိပါတယ္။

ဘာေပနဲ႕ ပတ္သတ္ျပီး ကမ္းလွမ္းမႈ အမ်ိဳုးမ်ိဳး ျငင္းပယ္ခံခဲ့ရတဲ့ေနာက္ ဒီလဟာ ရာသီကုန္မတိုင္ခင္မွာ ရီရဲလ္နဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ေဆြးေႏြး ညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ထားဖို႔ ေနာက္ဆုံး အခြင့္အေရး ျဖစ္ပါတယ္။

အမ္ဘာေပဟာ ဒီရာသီ ၿပိဳင္ပြဲစုံမွာ ၁၈ ဂိုးသြင္း၊ ၁၃ ဂိုး ဖန္တီးခဲ့ၿပီးေတာ့ အေကာင္းဆုံး ကစားသမား တစ္ေယာက္အျဖစ္ သူ႔ရဲ႕ဂုဏ္ပုဒ္ကို ထင္ရွားေစခဲ့တာပါ။ ပီအက္စ္ဂ်ီ က လီဂူးဝမ္းမွာ လိုင္ယြန္ရဲ႕ ဆုဖလားကို ျပန္လည္ လုယူဖို႔ ႀကိဳးစားေနတာျဖစ္ၿပီး ႏွစ္ကုန္မတိုင္ခင္ အထိ အမ္ဘာေပ ဆက္ရွိေနဖို႔ကိစၥကို ျငင္းပယ္ခဲ့ျခင္း မရွိေသးပါဘူး။