ချယ်ဆီးက ပရီးမီးယားလိဂ်ဖလား စိန်ခေါ်လိုကြောင်း သတိပေးမှုကို လုပ်ဆောင်ခဲ့ပါပြီ

UNICODE – ချယ်ဆီးအသင်းဟာ ဇီယက်နဲ့ ဝါနာလို ကစားသမားတွေကို ခေါ်ယူလိုက်တာက အောင်မြင်မှုအတွက် ဆာလောင်နေတယ်ဆိုတာ ပြသဖို့ဖြစ်ကြောင်း ကာရေဂါက သုံးသပ်သွားပါတယ်။

ဒီကနေ့မှာပဲ ချယ်ဆီးဟာ တီမိုဝါနာကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့တယ်။ ဖေဖော်ဝါရီတုန်းကလည်း ချယ်ဆီးက ဇီယက်ကို ခေါ်ယူနိုင်ပြီဆိုတာကို ကြေညာခဲ့သေးတာဖြစ်တယ်။ သူတို့နှစ်ဦးဟာ ပက်ဒရို၊ ဝီလီယမ်တို့ကြောင့် လစ်လှပ်သွားမယ့် ချယ်ဆီးရဲ့ လူစာရင်းကို အင်အားဖြည့်ပေးကြမှာဖြစ်တယ်။

ကိုရိုနာကပ်ဘေးမှာ ဘဏ္ဍာရေးထိခိုက်မှုတွေ ရှိပေမယ့်လည်း ချယ်ဆီးရဲ့ လုပ်ဆောင်ချက်တွေက ကလပ်ရဲ့ ရည်မှန်းချက်က မြင့်မြင့်မားမား ရှိနေဆဲဆိုတာ ဖော်ပြရာ ရောက်ပါတယ်။ ချယ်ဆိးဟာ လက်စတာမှ ဘမ်ချီဝဲလ်နဲ့ လေဗာကူဆင်မှ ကိုင်းဟာဗက်တို့လို ကစားသမားတွေကိုလည်း ခေါ်ယူလိုနေသေးတာဖြစ်တယ်။

ကာရေဂါက ‘ ဒီခေါ်ယူမှုတွေက လူတိုင်းအတွက် တွန်းအားဖြစ်မယ်လို့ ကျနော် ထင်တယ်။ ဝါနာက အခု ပြောင်းလာမှာ မဟုတ်ခြင်းကြောင့် ကစားသမားတွေက ချက်ခြင်းတော့ စိတ်ပူးနေမှာ မဟုတ်ဘူး။ ဒါကလည်း ဘော့စ်မန် စည်းမျဉ်းအရ ဝီလီယမ်နဲ့ ပက်ဒရိုတို့ ထွက်ခွာသွားမှုမှာ ချယ်ဆီးအတွက် လွယ်ကူစေမယ့် ကိစ္စဖြစ်ပါတယ်။

ပူလီဆစ်၊ အိုဒွိုင်း၊ အေဘရာဟမ်နဲ့ ဝါနာတို့လို တိုက်စစ်သမားတွေကို တိုက်စစ်ပိုင်းမှာ ပိုင်ဆိုင်လာပေမယ့် လူငယ်ကစားသမားတွေက အရမ်းကြီး စိုးရိမ်စရာတွေ ရှိနေသင့်တယ်လို့ မထင်ပါဘူး။ ဒီခေါ်ယူမှုတွေက ကျန် လူစာရင်းတစ်ခုလုံးကို ချယ်ဆီးအတွက် အဆင့်လေးဝင်ခွင့်ကပဲ မလုံလောက်ဘူး၊ ဆုဖလားစိန်ခေါ်နိုင်ရမယ်ဆိုတဲ့ အကြောင်းကြားမှု ဖြစ်ပါလိမ့်မယ်။

ချယ်ဆီးမှာ လမ်းပတ်ကလည်း ကိုယ်ပိုင်း သမိုင်းနဲ့ ပါဝင်ခဲ့တာပါ။ ဆုဖလားတွေ အနိုင်ရတယ်၊ ဥရောပဖလားတွေရတယ်။ သူက ချယ်ဆီးကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ပေးဖို့လောက်နဲ့ ဝင်ရောက်လာတဲ့သူ မဟုတ်ပါဘူး ‘ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ ဇီယက္နဲ႔ ဝါနာလို ကစားသမားေတြကို ေခၚယူလိုက္တာက ေအာင္ျမင္မႈအတြက္ ဆာေလာင္ေနတယ္ဆိုတာ ျပသဖို႔ျဖစ္ေၾကာင္း ကာေရဂါက သံုးသပ္သြားပါတယ္။

ဒီကေန႔မွာပဲ ခ်ယ္ဆီးဟာ တီမိုဝါနာကို ေခၚယူႏုိင္ခဲ့ျပီျဖစ္ေၾကာင္း ေၾကညာခဲ့တယ္။ ေဖေဖာ္ဝါရီတုန္းကလည္း ခ်ယ္ဆီးက ဇီယက္ကို ေခၚယူႏုိင္ျပီဆိုတာကို ေၾကညာခဲ့ေသးတာျဖစ္တယ္။ သူတို႔ႏွစ္ဦးဟာ ပက္ဒရို၊ ဝီလီယမ္တို႔ေၾကာင့္ လစ္လွပ္သြားမယ့္ ခ်ယ္ဆီးရဲ႕ လူစာရင္းကို အင္အားျဖည့္ေပးၾကမွာျဖစ္တယ္။

ကိုရိုနာကပ္ေဘးမွာ ဘ႑ာေရးထိခိုက္မႈေတြ ရွိေပမယ့္လည္း ခ်ယ္ဆီးရဲ႕ လုပ္ေဆာင္ခ်က္ေတြက ကလပ္ရဲ႕ ရည္မွန္းခ်က္က ျမင့္ျမင့္မားမား ရွိေနဆဲဆိုတာ ေဖာ္ျပရာ ေရာက္ပါတယ္။ ခ်ယ္ဆိးဟာ လက္စတာမွ ဘမ္ခ်ီဝဲလ္နဲ႔ ေလဗာကူဆင္မွ ကိုင္းဟာဗက္တို႔လို ကစားသမားေတြကိုလည္း ေခၚယူလိုေနေသးတာျဖစ္တယ္။

ကာေရဂါက ‘ ဒီေခၚယူမႈေတြက လူတိုင္းအတြက္ တြန္းအားျဖစ္မယ္လို႔ က်ေနာ္ ထင္တယ္။ ဝါနာက အခု ေျပာင္းလာမွာ မဟုတ္ျခင္းေၾကာင့္ ကစားသမားေတြက ခ်က္ျခင္းေတာ့ စိတ္ပူးေနမွာ မဟုတ္ဘူး။ ဒါကလည္း ေဘာ့စ္မန္ စည္းမ်ဥ္းအရ ဝီလီယမ္နဲ႔ ပက္ဒရိုတို႔ ထြက္ခြာသြားမႈမွာ ခ်ယ္ဆီးအတြက္ လြယ္ကူေစမယ့္ ကိစၥျဖစ္ပါတယ္။

ပူလီဆစ္၊ အိုဒိြဳင္း၊ ေအဘရာဟမ္နဲ႔ ဝါနာတို႔လို တိုက္စစ္သမားေတြကို တိုက္စစ္ပိုင္းမွာ ပိုင္ဆုိင္လာေပမယ့္ လူငယ္ကစားသမားေတြက အရမ္းၾကီး စိုးရိမ္စရာေတြ ရွိေနသင့္တယ္လို႔ မထင္ပါဘူး။ ဒီေခၚယူမႈေတြက က်န္ လူစာရင္းတစ္ခုလံုးကို ခ်ယ္ဆီးအတြက္ အဆင့္ေလးဝင္ခြင့္ကပဲ မလံုေလာက္ဘူး၊ ဆုဖလားစိန္ေခၚႏုိင္ရမယ္ဆိုတဲ့ အေၾကာင္းၾကားမႈ ျဖစ္ပါလိမ့္မယ္။

ခ်ယ္ဆီးမွာ လမ္းပတ္ကလည္း ကိုယ္ပိုင္း သမိုင္းနဲ႔ ပါဝင္ခဲ့တာပါ။ ဆုဖလားေတြ အႏုိင္ရတယ္၊ ဥေရာပဖလားေတြရတယ္။ သူက ခ်ယ္ဆီးကို ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ လုပ္ေပးဖို႔ေလာက္နဲ႔ ဝင္ေရာက္လာတဲ့သူ မဟုတ္ပါဘူး ‘ လို႔ ဆိုခဲ့တာျဖစ္ပါတယ္။