ရီယို ဖာဒီနန်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းခေါင်းဆောင် ရာထူးကို မက်ဂွဲရား အသင်းရောက်ပြီး မကြာခင် ပေးအပ်ခဲ့တာက စောလွန်းခဲ့တယ် လို့ မှတ်ချက်ပြုလိုက်ပြီး ဒီဂီယာက တာဝန်ယူသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်မှာ မပျော်ရွှင် ဖြစ်နေပြီး အသင်းကနေ ထွက်ခွာချင်တဲ့ ကစားသမား ၁၇ ယောက်ထိ ရှိနေတယ်လို့ ဒေးလီးမေးလ်က ဖော်ထုတ်ထားပါတယ်။ တိုက်စစ်မှုး ကာဗာနီကိုတော့ ဒီဇန်နဝါရီမှာ ကမ်းလှမ်းမှုတွေ ရှိလာရင်တောင် နည်းပြ ရန်းနစ်က ထွက်ခွာခွင့် မပြုဘဲ ဆက်လက် ထိန်းထားမယ်လို့လည်း သိရပါတယ်။

မန်ယူနိုက်တက်ဟာ ပီအက်စ်ဂျီ တိုက်စစ်မှုး အိုင်ကာဒီ ကို ခေါ်ဖို့ စောင့်ကြည့်နေကြောင်း ပြင်သစ် နာမည်ကြီး L’Equipe သတင်းဌာနက ဆိုပါတယ်။ ဒီလထဲမှာ မာရှယ် ဒါမှမဟုတ် ကာဗာနီ ထွက်ခွာရင် အိုင်ကာဒီကို ခေါ်ဖို့ ယူနိုက်တက်က ရည်ရွယ်ထားတာပါ။
ယူနိုက်တက်ဟာ ဝုဗ်အသင်းမှ ကွင်းလယ်သမား ရူဘန် နီဗက်စ်ကိုလည်း ဆက်လက် ချိတ်ဆက်နေသေးတယ်လို့ သိရပြီး ဝုဗ်ဘက်ကလည်း ၎င်းအတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားလိုနေပါတယ်။
သတင်းထောက် ရိုမန်နို အဆိုအရ ယူနိုက်တက်ရဲ့ တွမ်ဇီဘီကို အငှား ခေါ်ယူလိုက်တာ အတွက် နာပိုလီက ငှားရမ်းခ ယူရို ၆ သိန်း ပေးမှာ ဖြစ်ပြီး တကယ်လို့ နာပိုလီသာ ချန်ပီယံလိဂ် ဝင်ရင် ယူနိုက်တက်က နောက်ထပ် ယူရို ၄ သိန်း ထပ်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သတ်မှတ်ထားတဲ့ ပွဲ အရေအတွက် ပြည့်အောင်သာ တွမ်ဇီဘီ ကစားရရင် ယူရို ၂ သိန်းလည်း ထပ်ဆောင်း ပါဝင်ဦးမှာပါ။ အသက် ၂၄ နှစ် အရွယ် ကစားသမားကို နာပိုလီက အပြီး ခေါ်ယူခွင့်တော့ သဘောတူညီမှု ရမထားဘူးလို့ သိရပါတယ်။
ယူနိုက်တက်ရဲ့ ရွှေ့ဆိုင်းထားတဲ့ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်တွေဟာ ဒီလထဲ ဒါမှမဟုတ် ဖေဖော်ဝါရီလထဲမှာ ကစားဖို့ ပြန်စီစဉ်ရမယ်လို့ သိရပါတယ်။

Zawgyi
ရီယို ဖာဒီနန္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ အသင္းေခါင္းေဆာင္ ရာထူးကို မက္ဂြဲရား အသင္းေရာက္ျပီး မၾကာခင္ ေပးအပ္ခဲ့တာက ေစာလြန္းခဲ့တယ္ လို႔ မွတ္ခ်က္ျပဳလိုက္ျပီး ဒီဂီယာက တာဝန္ယူသင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္မွာ မေပ်ာ္ရႊင္ ျဖစ္ေနျပီး အသင္းကေန ထြက္ခြာခ်င္တဲ့ ကစားသမား ၁၇ ေယာက္ထိ ရွိေနတယ္လို႔ ေဒးလီးေမးလ္က ေဖာ္ထုတ္ထားပါတယ္။ တိုက္စစ္မႈး ကာဗာနီကိုေတာ့ ဒီဇန္နဝါရီမွာ ကမ္းလွမ္းမႈေတြ ရွိလာရင္ေတာင္ နည္းျပ ရန္းနစ္က ထြက္ခြာခြင့္ မျပဳဘဲ ဆက္လက္ ထိန္းထားမယ္လို႔လည္း သိရပါတယ္။
မန္ယူနိုက္တက္ဟာ ပီအက္စ္ဂ်ီ တိုက္စစ္မႈး အိုင္ကာဒီ ကို ေခၚဖို႔ ေစာင့္ၾကည့္ေနေၾကာင္း ျပင္သစ္ နာမည္ၾကီး L’Equipe သတင္းဌာနက ဆိုပါတယ္။ ဒီလထဲမွာ မာရွယ္ ဒါမွမဟုတ္ ကာဗာနီ ထြက္ခြာရင္ အိုင္ကာဒီကို ေခၚဖို႔ ယူနိုက္တက္က ရည္ရြယ္ထားတာပါ။
ယူနိုက္တက္ဟာ ဝုဗ္အသင္းမွ ကြင္းလယ္သမား ရူဘန္ နီဗက္စ္ကိုလည္း ဆက္လက္ ခ်ိတ္ဆက္ေနေသးတယ္လို႔ သိရျပီး ဝုဗ္ဘက္ကလည္း ၄င္းအတြက္ ကမ္းလွမ္းမႈေတြကို လက္ခံစဥ္းစားလိုေနပါတယ္။
သတင္းေထာက္ ရိုမန္နို အဆိုအရ ယူနိုက္တက္ရဲ႕ တြမ္ဇီဘီကို အငွား ေခၚယူလိုက္တာ အတြက္ နာပိုလီက ငွားရမ္းခ ယူရို ၆ သိန္း ေပးမွာ ျဖစ္ျပီး တကယ္လို႔ နာပိုလီသာ ခ်န္ပီယံလိဂ္ ဝင္ရင္ ယူနိုက္တက္က ေနာက္ထပ္ ယူရို ၄ သိန္း ထပ္ရမွာ ျဖစ္ပါတယ္။
ဒါ့အျပင္ သတ္မွတ္ထားတဲ့ ပြဲ အေရအတြက္ ျပည့္ေအာင္သာ တြမ္ဇီဘီ ကစားရရင္ ယူရို ၂ သိန္းလည္း ထပ္ေဆာင္း ပါဝင္ဦးမွာပါ။ အသက္ ၂၄ နွစ္ အရြယ္ ကစားသမားကို နာပိုလီက အျပီး ေခၚယူခြင့္ေတာ့ သေဘာတူညီမႈ ရမထားဘူးလို႔ သိရပါတယ္။
ယူနိုက္တက္ရဲ႕ ေရႊ႕ဆိုင္းထားတဲ့ ဘရိုက္တန္၊ ဘရန္႔ဖို႔ဒ္နဲ႕ ပြဲစဥ္ေတြဟာ ဒီလထဲ ဒါမွမဟုတ္ ေဖေဖာ္ဝါရီလထဲမွာ ကစားဖို႔ ျပန္စီစဥ္ရမယ္လို႔ သိရပါတယ္။
