ကော်တင်ညို၊ ရူဘန် နီဗက်စ်၊ အိုရီဂီ၊ အငှားထွက်တော့မယ့် နိုင်းစ်နဲ့ ယနေ့ညပိုင်း အပြောင်းအရွှေ့ သတင်းများ

ဘာစီလိုနာ ကွင်းလယ်တိုက်စစ်သမား ကော်တင်ညို ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်မှ အာဆင်နယ်၊ စပါးနဲ့ နယူးကာဆယ် တို့က ချိတ်ဆက်နေပါတယ်။ ဒါပေမယ့် ကေ်ာတင်ညိုရဲ့ အသင်းဖော်ဟောင်း ဖြစ်တဲ့ စတီဗင် ဂျရတ် ကလည်း သူ့အသင်း အက်စတွန်ဗီလာထံ ရာသီကုန်ထိ အငှား လာကစားဖို့ စည်းရုံးနေပါတယ်။

ယူနိုက်တက်ဟာ ရေးဗားပလိတ် တိုက်စစ်မှုး ဂျူလီယန် အဲလ်ဗတ်နဲ့ သတင်းတွေ ထွက်နေပေမယ့် ကစားသမားကို ကမ်းလှမ်းမှု ပြုလုပ်မှာ မဟုတ်ကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဆိုပါတယ်။

နယူးကာဆယ် အသင်းဟာ တိုက်စစ်မှုးသစ် ခေါ်ယူဖို့ ရှာဖွေနေပြီး လီဗာပူးရဲ့ အိုရီဂီကို မျက်စိကျနေပါတယ်။ တယ်လီဂရပ်ဖ် အဆိုအရ လီဗာပူးဟာ ပေါင် ၇ သန်းလောက် ရရင် အိုရီဂီကို ရောင်းချမှာ ဖြစ်ပြီး နယူးကာဆယ်ရဲ့ အခြား တိုက်စစ်ပစ်မှတ်ကတော့ ဘုန်းမောက်မှ ဆိုလန်ကီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဒုဥက္ကဌ အက်ဝုဒ်ဝပ်ဟာ ရာထူးကနေ တရားဝင် နှုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း အသင်းက အတည်ပြု သွားခဲ့ပါတယ်။ ယခင် ဒါရိုက်တာဟောင်း ရစ်ချက် အာနိုးက ဖေဖော်ဝါရီလက စလို့ စီအီးအို ရာထူးကို တာဝန်ယူတော့မှာပါ။

ချယ်ဆီးနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပြီး သက်တမ်းတိုး လက်မခံတော့တဲ့ ခံစစ်မှုး ခရစ္စတန်ဆန် ကို ဘာစီလိုနာက နွေမှာ အလွတ်နဲ့ ခေါ်ဖို့ စောင့်ကြည့်နေပြီး သူတို့ရဲ့ ခြေလှမ်းတွေကို အရှိန်မြှင့်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ နည်းပြရဲ့ ဗျူဟာတွေနဲ့ အဝတ်လဲခန်း အတွက် မကျေနပ်မှုတွေကြောင့် အသင်းကနေ ထွက်ခွာလိုတဲ့ ကစားသမား က ၁၇ ယောက်ထိ ရှိလာနေပြီလို့ ဒေးလီးမေးလ် သတင်းက ဆိုပါတယ်။

မန်စီးတီးအသင်းဟာ စာချုပ် ၁၈ လ သာ ကျန်ပြီး ဒီတခါ စာချုပ်ကုန်ရင် ထွက်ခွာပြီ လို့ အသိပေးထားတဲ့ မန်နေဂျာ ပက် ဂွာဒီယိုလာ နေရာမှာ အစားထိုးဖို့ အတွက် အာဆင်နယ်မှာ အခြေကျလာတဲ့ နည်းပြ အာတီတာကို ပစ်မှတ်ထားနေပါတယ်။

နယူးကာဆယ် အသင်းဟာ ဆီဗီလာ ခံစစ်မှုး ဒီယေဂို ကားလို့စ် အတွက် ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ဆီဗီလာက ၎င်း အတွက် ပေါင် သန်း ၄ဝ လောက် ရမှ ရောင်းချလိုနေတာပါ။

အာဆင်နယ်မှာ နေရာ မရတော့တဲ့ မစ်လန်းနိုင်းစ်ဟာ ရိုးမား အသင်းထံ အငှား သွားရောက် ကစားဖို့ သဘောတူညီမှု ရလုနီးပါး ရှိပြီလို့ သိရပါတယ်။

ကွင်းလယ်ကို အင်အားဖြည့်ဖို့ ကြံရွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရန်းနစ်ဟာ ဝုဗ် ကြယ်ပွင့် ရူဘန် နီဗက်စ်ကို ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေပါတယ်။