ဗီလာ ရောက်ဖို့များလာတဲ့ ကော်တင်ညို၊ ရော်နယ်ဒို၊ ဘေးလ်၊ ဒမ်ဘီလီတို့နဲ့ နေ့လည်ခင်း အပြောင်းအရွှေ့ သတင်းများ

လီဗာပူးအသင်းဟာ ခံစစ်မှုး နက်ဖိလစ် အတွက် အမည်မဖော်ပြတဲ့ ပရီးမီးယားလိဂ် ကလပ် တစ်သင်းထံကနေ ပေါင် ၇ သန်းနဲ့ ကမ်းလှမ်းမှု ရခဲ့ပေမယ့် ပယ်ချခဲ့ကြောင်း ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။

ကိုဗစ်ကြောင့် ရွှေ့ဆိုင်းထားတဲ့ ပွဲတွေကို ဆောင်းရာသီ Winter Break မှာ လုံးဝ ပြန် ကစားခွင့် ပြုမှာ မဟုတ်ဘူးလို့ ပရီးမီးယားလိဂ်ကတော့ အသိပေးထားပါတယ်။ ကိုဗစ်ကြောင့် ရွှေ့ဆိုင်းရတဲ့ ပွဲစဉ်တွေက တဖြည်းဖြည်း တိုးလာနေခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဝုဗ်အသင်းမှာ ပေါ်တူဂီသား ကွင်းလယ်ကစားသမား ရူဘန် နီဗက်စ်ကို ခေါ်ဖို့ ဦးစားပေး ပစ်မှတ်ထား လှုပ်ရှားနေပါတယ်။

ရာဖင်ဘင်နီတက်ဟာ လောင်းစတပ်ဖ်ကို အလိုရှိနေတာကြောင့် အဲဗာတန်က ကမ်းလှမ်းမှ လုပ်ခဲ့ပေမယ့် နယူးကာဆယ် ကတော့ ဘယ်သူ့ကိုမှ မရောင်းဘူးလို့ ပြောဆိုထားတာပါ။ ကာဆယ်ဟာ လူးကပ် ဒစ်ဂ်နီကို စိတ်ဝင်စား နေပေမယ့် တရားဝင် ကမ်းလှမ်းမှု မလုပ်ထားပဲ ဒစ်ဂ်နီကတော့ လန်ဒန်ကို ပြောင်းရွှေ့ဖို့ ပိုမိုအလိုရှိနေတာပါ။

ဘိုင်ယန်ဟာ နွေရာသီမှာ ကင်စလေကိုမန်ကို ဒမ်ဘီလီနဲ့ အစားထိုးဖို့ စဉ်းစားသွားမှာပါ။ ကိုမန်ရဲ့ စာချုပ်က ၂၀၂၄ မှာ သက်တမ်းကုန်မှာဖြစ်ပြီး ဆွေးနွေးမှုတွေကြန့်ကြာနေတာနဲ့အတူ ဘိုင်ယန်က လအနည်းငယ်အတွင်း သူ့ကို ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးချင်နေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ သူတို့ရဲ့ ကွင်းလယ်ကို အားဖြည့်ဖို့အတွက် လိုင်ယွန်မှာ တိုက်စစ်၊ ခံစစ် စကေးတွေပြသရင်း လိဂ် ၁၇ ပွဲမှာ ၉ ဂိုးနဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ လူးကပ် ပါကွေတာကို နောက်နွေရာသီမှာ ခေါ်ယူနိုင်ပါတယ်။

ဆောက်သမ်တန်ဟာ ဂါရတ်ဘေးကို ကလပ်ထံ ပြန်ခေါ်ဖို့ စီစဉ်နေပါတယ်။ ဝေးလ်ကြယ်ပွင့်ဟာ စိန့်သူတော်စင်တွေနဲ့ အတူ အောင်မြင်မှုလမ်းကို စလျှောက်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ အခု ရုန်းကန်နေခဲ့ရတဲ့နောက် အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းဟောင်းဆီ ပြန်လာနိုင်ဖွယ် ရှိပါတယ်။

ဘာစီလိုနာ ကစားသမား ဖိလစ် ကော်တင်ညိုကို ဂျရတ်ရဲ့ အက်စတွန်ဗီလာက ခေါ်ယူဖို့ ကြိုးစားနေရာမှာ ၈ လ အငှားထက် ၁၆ လတာ ကာလရှည် အငှားနဲ့ ပြောင်းရွှေ့သွားဖို့ များနေကြောင်း သိရပါတယ်။

အာဆင်နယ်က ဗလာဟိုဗစ် အတွက် ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့် ဖီအိုရင်တီးနားနဲ့ ကစားသမားဘက်က တုန့်ပြန်မှု မရသေးတာကြောင့် စောင့်ဆိုင်းနေရဆဲပါ။

ဘာစီလိုနာဟာ ပီအက်စ်ဂျီတောင်ပံကစားသမား ဒရက်ဇ်လာနဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပြီး ပီအက်စ်ဂျီကလည်း တားဆီးထားမှာ မဟုတ်တာကြောင့် ယူရို ၁၅ သန်းလောက်နဲ့ အပြောင်းအရွှေ့ ဖြစ်နိုင်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ထံ ပြန်ရောက်လာတာ ၅ လသာ ရှိသေးပေမယ့် သူ့ အနာဂတ် အတွက် တွေဝေစ ပြုလာပြီ ဖြစ်ပါတယ်။ ရာသီကုန် ခန့်အပ်မယ့် ယူနိုက်တက် မန်နေဂျာသစ်ဟာ သူ့ အကြိုက် မဟုတ်ရင် အသင်းပြောင်းဖို့ ရော်နယ်ဒိုက စဉ်းစားနေပါတယ်။

အာဆင်နယ် လူငယ်တိုက်စစ်သမား ဘာလိုဂန်ဟာ ပွဲကစားချိန် ပိုရဖို့ မစ်ဒယ်ဘရော့ အသင်းထံ အငှားနဲ့ သွားကစားဖို့ အလွန် နီးစပ်နေပါတယ်။

နော်တင်ဟမ် ဖောရတ်စ်ဟာ ဘရန်နန် ဂျွန်ဆင်အတွက် လိဒ်စ်ထံကနေ ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချ ခဲ့ပါတယ်။