ချယ်ဆီးအသင်းဟာ အငှား ခေါ်ထားတဲ့ ကွင်းလယ်ကစားသမား ဆာအူးလ် နီဂွက်ဇ် ကို ရာသီကုန်ရင် ပေါင် သန်း ၃ဝ နဲ့ ဝယ်ယူခွင့် ရှိပေမယ့် မဝယ်ဖြစ်ဖို့ များနေကြောင်း The Athletic သတင်းဌာနက ဖောြ်ပထားပါတယ်။
ဖီဖာရဲ့ ၂ဝ၂၁ တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာ ဆု အတွက် ဆန်ကာတင် စာရင်းများ ထွက်ပေါ်လာရာ အမျိုးသား အသင်းဘက်မှာ ချယ်ဆီးနည်းပြ တူချယ် ပါဝင်နေသလို အမျိုးသမီးအသင်းဘက်မှလည်း ချယ်ဆီးမှ အမ်မာ ဟေးရက်စ် ပါဝင်နေပါတယ်။
ရူဒီဂါက ချယ်ဆီးအသင်းနဲ့ သက်တမ်းတိုး စာချုပ်ကိစ္စကို အလောတကြီး တွန်းအားပေးတာမျိုး မလုပ်ဘဲ စောင့်ကြည့်နေဆဲပါ။ ၎င်းက ပရီးမီးယားလိဂ်မှာ လုပ်ခ အများဆုံး ခံစစ်မှုး ဖြစ်လိုနေပြီး လက်ရှိမှာ အများဆုံးက မန်ချက်စတာ ယူနိုက်တက်မှ ဗာရိန်း ဖြစ်ပြီး တစ်ပတ် ပေါင် ၃သိန်း ၄သောင်း ရရှိနေတာပါ။

ကလပ်ကမ္ဘာ့ဖလားကြောင့် ရွှေ့ဆိုင်းခဲ့တဲ့ ချယ်ဆီးနဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်ဟာ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ကစားရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချယ်ဆီးက လာမယ့် သီတင်းပတ် ၂ ပတ် အတွင်း ၅ ပွဲထိ ကစားရဖို့ ရှိနေပါတယ်။
ချယ်ဆီးအသင်းခေါင်းဆောင်နဲ့ ခံစစ်မှုး ကွီတာက ရာသီကုန်ရင် အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပေမယ့် သက်တမ်းတိုး ကိစ္စ မထူးသေးတဲ့ အပေါ် ကလပ်အသင်းပေါ်မှာပဲ ယုံကြည် ပုံအပ်ထားကြောင်း ပြောဆိုလိုက်ပါတယ်။
လာမယ့် နွေမှာ ချယ်ဆီးနဲ့ စာချုပ်ကုန် လမ်းခွဲမယ့် ဗဟိုခံစစ်သမား ၂ယောက် ၃ယောက် ရှိနေတာကြောင့် ခံစစ် ပစ်မှတ်များ ရှာဖွေနေပြီး သတင်းထောက် ရိုမန်နိုကတော့ ဆီဗီလာမှ ဂျူးလက်စ် ကွန်ဒဲလ် ကို ချယ်ဆီးက ချိတ်ဆက်နေဆဲ လို့ ဆိုပါတယ်။ ဒါ့အပြင် ချယ်ဆီးဟာ ဘိုင်ယန်မြူးနစ်မှ ဆူလေကိုလည်း စောင့်ကြည့်နေပါတယ်။
ချယ်ဆီး ပစ်မှတ်ထားနေတဲ့ ဒေါ့မွန် ကြယ်ပွင့် ဟာလန်းဟာ ပရီးမီးယားလိဂ်ဘက်သို့ လာဖို့ စိတ်မဝင်စား ဖြစ်နေပြီး ၎င်းကို လာမယ့်နွေမှာ ဘာစီလိုနာက အရ ခေါ်ယူဖို့ စီစဉ်နေပါတယ်။
