မန်စီးတီးကနေ ထွက်ခွာဖို့ ကြိုးစားပြီး ဘာစီလိုနာနဲ့ သတင်းကြီးခဲ့တဲ့ တိုက်စစ်မှုး ရာဟင်း စတားလင်းဟာ စီးတီးနဲ့ပဲ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖြစ်ဖို့ ရှိနေပြီလို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
ထရစ်ပီယာကို ခေါ်ယူခဲ့ပြီးနောက် နယူးကာဆယ်ဟာ ကွင်းလယ်က ဖန်တီးနိုင်စွမ်းကို အင်အားမြှင့်တင်ဖို့ တော့ဒ် ကတ်ဝဲကို ပစ်မှတ်ထားနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်မှာ အသင်းကနေ ထွက်ခွာလိုတဲ့ ကစားသမားတွေ ရှိနေတယ်လို့ နည်းပြ ရန်းနစ်က ဝန်ခံစကား ဆိုလိုက်ပါတယ်။

ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ကို မျက်စိကျနေတဲ့ အသင်းတွေများစွာ ရှိပေမယ့် ဂန်းနားတွေက ဆားဘီးယားသား အတွက် ကမ်းလှမ်းမှုတစ်ခု လုပ်ခဲ့ပြီး ၎င်းကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။
နောက်နွေရာသီမှာ ပေါ့ဘာကို ဆုံးရှုံးလိုက်ရရင် ယူနိုက်တက်ရဲ့ ကွင်းလယ်က ပိုမို ရုန်းကန်ရတော့မှာဖြစ်ခြင်းကြောင့် မန်ချက်စတာကလပ်ဟာ ဝုဗ်ကြယ်ပွင့် ရူဘင်နီဗက်စ်ကို ဦးစားပေး ပစ်မှတ်ထားနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ပစ်မှတ်ထားနေတဲ့ တောင်ပံတိုက်စစ်သမား ကင်စလေ ကိုးမန်းဟာ ဘိုင်ယန်မြူးနစ်နဲ့ လစာကောင်း စာချုပ်သစ် တစ်ရပ် သက်တမ်းတိုးသွားဖို့ ရှိနေပါတယ်။
အာဆင်နယ်ဟာ အူဘာမီယန်းအတွက် ကမ်းလှမ်းမှုတွေကို စဉ်းစားပေးဖို့ တံခါးဖွင့်ထားဆဲ ဖြစ်ပေမယ့် ဇန်နဝါရီမှာ ၎င်းအတွက် အပြောင်းအရွှေ့လုပ်ဖို့က ခက်ခဲနေပါတယ်။
မန်စီးတီးဟာ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဒီဂျောင်ကို ရဖို့ လာပေါ်တေးနဲ့ အလဲအထပ် ပြုလုပ်ရန် လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။

ဟားလ်စီးတီး၊ ရှက်ဖီး ဝမ်းနက်စ်ဒေး၊ ပို့စ်မောက်နဲ့ လင်ကွန်းစီးတီးတို့ဟာ ဆောက်သမ်တန် တောင်ပံ ကစားသမား ဟောင်း ဂျို့ရှ် ဆင်းကို စိတ်ဝင်စားနေပါတယ်။
လီဗာပူးဟာ နောက်ခံလူ နတ်ဖီးလစ်အတွက် အမည်မဖော်ပြထားတဲ့ ပရီးမီးယားလိဂ်ကလပ် တစ်ခုထံက ပေါင် ၇ သန်း နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။
အာဆင်နယ် လူငယ်ကစားသမား ဘာလိုဂန်ဟာ ပွဲကစားချိန်ပိုရဖို့ ရှာဖွေနေသလို မစ်ဒယ်ဘရော့ထံ အငှားပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
