အာဆင်နယ် ခေါ်ဖို့ ကြိုးစားမယ့် ကစားသမားနဲ့ မခေါ်ဖြစ်မယ့် ကစားသမား ထုတ်ပြောလာတဲ့ အာတီတာ
အာဆင်နယ် နည်းပြ အာတီတာကတော့ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ထွက်နေတဲ့ထဲက ဂန်းနားတို့ တကယ် ခေါ်ဖို့ ကြိုးစားနေတဲ့ ကစားသမားနဲ့ မခေါ်ဖြစ်မယ့် ကစားသမား တစ်ဦးစီကို ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
အာတီတာက တိုက်စစ်မှုးနေရာအတွက် ဖီအိုရင်တီးနား တိုက်စစ်သမား ဗလာဟိုဗစ်ကို ခေါ်နိုင်ဖို့ မျှော်လင့်နေပြီး အသင်း ကစားသမားဟောင်း ဂျက် ဝီရှှိုင်းယားကိုတော့ ပြန်ခေါ်ဖြစ်မှာ မဟုတ်ကြောင်း အတည်ပြု ပြောဆိုခဲ့တာပါ။
အာတီတာက ဒီ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကွင်းလယ်နဲ့ တိုက်စစ်မှုး တစ်ဦးစီ ခေါ်ယူဖို့ ရှာဖွေနေပြီး လောလောဆယ် အသင်းမှာ ကွင်းလယ်က သိသိသာသာ အားနည်းနေတာကို ဝန်ခံသွားပါတယ်။ အာဆင်နယ်က မစ်လန်းနိုင်းစ်ကို ရိုးမားထံ အငှား စေလွှတ်ခဲ့သလို ပါတေးကလည်း အာဖရိက ဖလားပွဲကြောင့် လာမယ့် သီတင်းပတ် အနည်းငယ်လောက် ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။
တိုက်စစ်မှုး အူဘာမီးယန်း ကိုလည်း အာဖရိကဖလားပွဲ အတွက် လွှတ်ထားပြီး စည်းကမ်းပိုင်းအရ ချန်လှပ်ထားရဖွယ် ရှိတာကြောင့် တိုက်စစ်မှုးသစ်လည်း အာဆင်နယ်က ခေါ်ယူလိုနေတာပါ။
အာဆင်နယ်က ဒီလထဲမှာ ဗလာဟိုဗစ် ကို အရ ခေါ်ယူမှာလား ဆိုတဲ့ အမေးကို အာတီတာက – ” ဒီကိစ္စအတွက် ထည့်စဉ်းစရာတွေ အများကြီး ရှိတယ်။ ကျနော်တို့ လူစာရင်းကို အင်အားဖြည့်ချင်တာလည်း ရှိတော့ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်တိုင်းမှာ လုပ်နိုင်သမျှ လှုပ်ရှားပါတယ်။ အီဒူးနဲ့ သူ့အဖွဲ့တွေလည်း တကယ်ကို အလုပ်လုပ်နေကြတာ။ ကျနော်တို့ ဘာလိုသလဲ သူတို့ ကောင်းကောင်း သိပါတယ်။
ဒီအတွက် ဇန်နဝါရီမှာ အောင်မြင်မလား နွေမှ အဆင်ပြေမလားကတော့ တခြား ကိစ္စတွေ အပေါ်လည်း မူတည်သေးတယ်။ တကယ်လို့ ကျနေ်ာတို့အတွက် သင့်တောင်တဲ့ ကစားသမား၊ ခေါ်ဖို့လည်း တတ်နိုင်တယ် ဆို ကျနေ်ာတို့ လုပ်နိုင်တာ အကုန်လုပ်မှာပါ။ ဒီအတွက် လမ်းဖွင့်ထားတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။
ကွင်းလယ်နဲ့ ပတ်သတ်ပြီး ဝီရှိုင်းယားကို ပြန်ခေါ်မလား ဆိုတဲ့ အပေါ် အာတီတာက – ” ဒီအတွက် ကျနော် ဂျက်နဲ့ ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးပြီလို့ ထင်တယ်။ သူ ဒီမှာ ဘာလုပ်နိုင်သလဲ ဆိုတာ ပြောထားပြီးပါပြီ။ ဒီအတိုင်းပဲ မပြောင်းလဲပါဘူး။ ” လို့ ပြောဆိုခဲ့ပါတယ်။
Zawgyi
အာတီတာက တိုက်စစ်မှုးနေရာအတွက် ဖီအိုရင်တီးနား တိုက်စစ်သမား ဗလာဟိုဗစ်ကို ခေါ်နိုင်ဖို့ မျှော်လင့်နေပြီး အသင်း ကစားသမားဟောင်း ဂျက် ဝီရှိုင်းယားကိုတော့ ပြန်ခေါ်ဖြစ်မှာ မဟုတ်ကြောင်း အတည်ပြု ပြောဆိုခဲ့တာပါ။