နောက်ထပ် ပစ်မှတ်တွေအတွက် ကန်တေကို ရောင်းထုတ်ဖို့ အဆင်သင့်ပြင်ထားတဲ့ ချယ်ဆီး

UNICODE – ချယ်ဆီးဟာ ဈေးကွက်ထဲကို ဝင်ရောက် လှုပ်ရှားဦးမှာဖြစ်ပြီး နောက်ထပ် ပစ်မှတ်တွေအတွက် အသုံးစရိတ် ပိုရလာဖို့ ကွင်းလယ်ကစားသမား ကန်တေကို ရောင်းချဖို့ရာ အဆင်သင့်ဖြစ်နေကြောင်း The Times က ဖော်ပြပါတယ်။

ချယ်ဆီးဟာ တီမိုဝါနာကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး တစ်နှစ်ကို ပေါင် ၉ သန်း လုပ်ခပေးမယ့် ၅ နှစ်စာချုပ်ကို ချုပ်ဆိုခဲ့ပြီဖြစ်တယ်။ ဂျာမနီတိုက်စစ်သမားဟာ သြဂုတ်လမှာ ချယ်ဆီးနဲ့ စတင်ပူးပေါင်းမှာဖြစ်ကာ နောက်ထပ် ပေါင် ၃၄ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီထားတဲ့ ဇီယက်ကလည်း လန်ဒန်ကို ရောက်လာပါမယ်။

လန်ဒန်အခြေစိုက် ကလပ်က နောက်ထပ် လုပ်ရှားမှုတွေ ပြုလုပ်ဖို့လည်း အစီအစဉ်တွေ ဆွဲထားပြီး အသုံးစရိတ်ကြီးရဖို့ လိုအပ်မယ်ဆိုရင် ကန်တေကို ရောင်းထုတ်ဖို့ပါ အဆင်သင့် ဖြစ်နေပါတယ်။ ချယ်ဆီးရဲ့ နောက်ထပ် ပစ်မှတ်တွေထဲမှာ အရေးပါတဲ့ ဦးတည်မှုကတော့ လေဗာကူဆင်မှ ကိုင်းဟာဗက်ကို ခေါ်ယူရေးပဲ ဖြစ်ပါတယ်။

ကိုင်းဟာဗက်ကို ခေါ်ယူဖို့ကိစ္စကို ရီးရဲလ်မက်ဒရစ်ကလည်း ပါဝင်နေတာဖြစ်ပြီး လက်စတာမှ ဘမ်ချီဝဲလ်ကလည်း ချယ်ဆီးရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေပါတယ်။ ဒီနွေမှာ ကလပ်အများအပြားက ဈေးကွက်ထဲ ဝင်ဖို့ တွန့်ဆုတ်နေခြင်းကို အခွင့်အရေးအဖြစ် အသုံးချဖို့ ချယ်ဆီးဘက်က ရည်ရွယ်လာတာဖြစ်ပြီး လူငယ်ခြေတက် အများအပြားကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။

ချယ်ဆီးရဲ့ နောက်ထပ် ခေါ်ယူမှုတွေအတွက်ဆိုရင် ကစားသမား ရောင်းချမှုတွေ လုပ်ဖို့ လိုအပ်နေပြီး အသက် ၂၉ နှစ်အရွယ် ကမ္ဘာဖလားချန်ပီယံကပါ အရောင်းစာရင်းထဲ ပါဝင်လာတာဖြစ်တယ်။ ချယ်ဆီးက ဘယ်အစွန်လူဖြစ်တဲ့ အီမာဆန် အပါအဝင် ကစားသမား အချို့ကိုလည်း အရောင်းစာရင်းထဲ ထည့်ထားပါသေးတယ်။

ZAWGYI – ခ်ယ္ဆီးဟာ ေစ်းကြက္ထဲကို ဝင္ေရာက္ လႈပ္ရွားဦးမွာျဖစ္ျပီး ေနာက္ထပ္ ပစ္မွတ္ေတြအတြက္ အသံုးစရိတ္ ပိုရလာဖို႔ ကြင္းလယ္ကစားသမား ကန္ေတကို ေရာင္းခ်ဖို႔ရာ အဆင္သင့္ျဖစ္ေနေၾကာင္း The Times က ေဖာ္ျပပါတယ္။

ခ်ယ္ဆီးဟာ တီမိုဝါနာကို ေပါင္ ၄၅ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီျဖစ္ျပီး တစ္ႏွစ္ကို ေပါင္ ၉ သန္း လုပ္ခေပးမယ့္ ၅ ႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ျပီျဖစ္တယ္။ ဂ်ာမနီတိုက္စစ္သမားဟာ ၾသဂုတ္လမွာ ခ်ယ္ဆီးနဲ႔ စတင္ပူးေပါင္းမွာျဖစ္ကာ ေနာက္ထပ္ ေပါင္ ၃၄ သန္းျဖင့္ ေခၚယူဖို႔ သေဘာတူညီထားတဲ့ ဇီယက္ကလည္း လန္ဒန္ကို ေရာက္လာပါမယ္။

လန္ဒန္အေျခစိုက္ ကလပ္က ေနာက္ထပ္ လုပ္ရွားမႈေတြ ျပဳလုပ္ဖို႔လည္း အစီအစဥ္ေတြ ဆြဲထားျပီး အသံုးစရိတ္ၾကီးရဖို႔ လိုအပ္မယ္ဆိုရင္ ကန္ေတကို ေရာင္းထုတ္ဖို႔ပါ အဆင္သင့္ ျဖစ္ေနပါတယ္။ ခ်ယ္ဆီးရဲ႕ ေနာက္ထပ္ ပစ္မွတ္ေတြထဲမွာ အေရးပါတဲ့ ဦးတည္မႈကေတာ့ ေလဗာကူဆင္မွ ကိုင္းဟာဗက္ကို ေခၚယူေရးပဲ ျဖစ္ပါတယ္။

ကိုင္းဟာဗက္ကို ေခၚယူဖို႔ကိစၥကို ရီးရဲလ္မက္ဒရစ္ကလည္း ပါဝင္ေနတာျဖစ္ျပီး လက္စတာမွ ဘမ္ခ်ီဝဲလ္ကလည္း ခ်ယ္ဆီးရဲ႕ ပစ္မွတ္ထဲမွာ ပါဝင္ေနပါတယ္။ ဒီေႏြမွာ ကလပ္အမ်ားအျပားက ေစ်းကြက္ထဲ ဝင္ဖို႔ တြန္႔ဆုတ္ေနျခင္းကို အခြင့္အေရးအျဖစ္ အသံုးခ်ဖို႔ ခ်ယ္ဆီးဘက္က ရည္ရြယ္လာတာျဖစ္ျပီး လူငယ္ေျခတက္ အမ်ားအျပားကို ေခၚယူဖို႔ ပစ္မွတ္ထားေနတာပါ။

ခ်ယ္ဆီးရဲ႕ ေနာက္ထပ္ ေခၚယူမႈေတြအတြက္ဆိုရင္ ကစားသမား ေရာင္းခ်မႈေတြ လုပ္ဖို႔ လိုအပ္ေနျပီး အသက္ ၂၉ ႏွစ္အရြယ္ ကမၻာဖလားခ်န္ပီယံကပါ အေရာင္းစာရင္းထဲ ပါဝင္လာတာျဖစ္တယ္။ ခ်ယ္ဆီးက ဘယ္အစြန္လူျဖစ္တဲ့ အီမာဆန္ အပါအဝင္ ကစားသမား အခ်ိဳ႔ကိုလည္း အေရာင္းစာရင္းထဲ ထည့္ထားပါေသးတယ္။