ယူနိုက်တက်၊ လီဗာပူးနဲ့ အာဆင်နယ်တို့ ပစ်မှတ် ကွင်းလယ်သမားအတွက် ဘရိုက်တန် ဈေးသတ်မှတ်

ဘရိုက်တန်အသင်းဟာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား ဘစ်ဆိုမာ ကို ပရီးမီးယားလိဂ် ကလပ်အသင်း တော်တော်များများက စိတ်ဝင်စားလာတာကြောင့် တန်ကြေး သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဘရိုက်တန်က ဘစ်ဆိုမာ တန်ကြေးကို ပေါင် သန်း ၅၀ လို့ သတ်မှတ်လိုက်တာပါ။

အသက် ၂၅ နှစ် အရွယ် မာလီ လက်ရွေးစင် ကစားသမားကို ပရီးမီးယားလိဂ် အသင်းကြီးတွေထဲမှ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးနဲ့ အာဆင်နယ် အသင်းတို့က စိတ်ဝင်စား ခေါ်ယူလိုနေကြပြီး ဂျရတ်ရဲ့ အက်စတွန်ဗီလာ ကလည်း စောင့်ကြည့်နေပါတယ်။

ဘစ်ဆိုမာရဲ့ လက်ရှိ ဘရိုက်တန်နဲ့ စာချုပ်ကလည်း ဒီရာသီကုန်ရင် တစ်နှစ်သာ ကျန်ရှိတော့မှာ ဖြစ်ပြီး ကစားသမားက သက်တမ်းတိုး ဆက်နေဖို့ ဆန္ဒ မပြသသေးဘဲ ရှိနေပါတယ်။

The Athletic သတင်းဌာန အဆိုအရ ဘရိုက်တန် က ဒီရာသီ ကုန် အထိတော့ ဘစ်ဆိုမာကို ဆက်လက် ထိန်းထားဖို့ ရည်ရွယ်ထားပါတယ်။

ဘရိုက်တန်အသင်းဟာ ဘစ်ဆိုမာ ကို အလောတကြီး ထုတ်ရောင်းလောက်တဲ့ ဖိအား ရှိမနေပေမယ့် စာချုပ် သက်တမ်း ၁၈ လ ကျန်တဲ့ သူတို့ ကစားသမား အတွက် ပေါင် သန်း ၅ဝ နဲ့ ကမ်းလှမ်းမှု ရလာရင်တော့ ရောင်းချဖွယ် လည်း ရှိနေပါတယ်။

ဒီသီတင်းပတ် အစောပိုင်းမှာတော့ ဘရိုက်တန် နည်းပြ ဂရေဟမ် ပေါ်တာက ကလပ်အသင်းဟာ ဘစ်ဆိုမာ အတွက် တရားဝင် ကမ်းလှမ်းမှု တစ်ခုမှ ရရှိမထားကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

Zawgyi

ဘရိုက္တန္အသင္းဟာ ေျခစြမ္းျပေနတဲ့ ကြင္းလယ္ကစားသမား ဘစ္ဆိုမာ ကို ပရီးမီးယားလိဂ္ ကလပ္အသင္း ေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားလာတာေၾကာင့္ တန္ေၾကး သတ္မွတ္လိုက္ျပီ ျဖစ္ပါတယ္။ ဘရိုက္တန္က ဘစ္ဆိုမာ တန္ေၾကးကို ေပါင္ သန္း ၅၀ လို႔ သတ္မွတ္လိုက္တာပါ။

အသက္ ၂၅ နွစ္ အရြယ္ မာလီ လက္ေရြးစင္ ကစားသမားကို ပရီးမီးယားလိဂ္ အသင္းၾကီးေတြထဲမွ မန္ခ်က္စတာ ယူနိုက္တက္၊ လီဗာပူးနဲ႕ အာဆင္နယ္ အသင္းတို႔က စိတ္ဝင္စား ေခၚယူလိုေနၾကျပီး ဂ်ရတ္ရဲ႕ အက္စတြန္ဗီလာ ကလည္း ေစာင့္ၾကည့္ေနပါတယ္။

ဘစ္ဆိုမာရဲ႕ လက္ရွိ ဘရိုက္တန္နဲ႕ စာခ်ဳပ္ကလည္း ဒီရာသီကုန္ရင္ တစ္နွစ္သာ က်န္ရွိေတာ့မွာ ျဖစ္ျပီး ကစားသမားက သက္တမ္းတိုး ဆက္ေနဖို႔ ဆႏၵ မျပသေသးဘဲ ရွိေနပါတယ္။

The Athletic သတင္းဌာန အဆိုအရ ဘရိုက္တန္ က ဒီရာသီ ကုန္ အထိေတာ့ ဘစ္ဆိုမာကို ဆက္လက္ ထိန္းထားဖို႔ ရည္ရြယ္ထားပါတယ္။

ဘရိုက္တန္အသင္းဟာ ဘစ္ဆိုမာ ကို အေလာတၾကီး ထုတ္ေရာင္းေလာက္တဲ့ ဖိအား ရွိမေနေပမယ့္ စာခ်ဳပ္ သက္တမ္း ၁၈ လ က်န္တဲ့ သူတို႔ ကစားသမား အတြက္ ေပါင္ သန္း ၅ဝ နဲ႕ ကမ္းလွမ္းမႈ ရလာရင္ေတာ့ ေရာင္းခ်ဖြယ္ လည္း ရွိေနပါတယ္။

ဒီသီတင္းပတ္ အေစာပိုင္းမွာေတာ့ ဘရုိက္တန္ နည္းျပ ဂေရဟမ္ ေပၚတာက ကလပ္အသင္းဟာ ဘစ္ဆိုမာ အတြက္ တရားဝင္ ကမ္းလွမ္းမႈ တစ္ခုမွ ရရွိမထားေၾကာင္း ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။