မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးနဲ့ အာဆင်နယ်တို့ အပြိုင် စိတ်ဝင်စားနေတဲ့ ကွင်းလယ် ကစားသမား ဘစ်ဆိုမာ အတွက် ဘရိုက်တန် အသင်းက ပေါင် သန်း ၅ဝ လို့ ဈေး သတ်မှတ်ပေးလိုက်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ပီအက်စ်ဂျီ ခံစစ်မှုး ဒီယာလို ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားကို ဝက်စ်ဟမ်းက အငှားနဲ့ ခေါ်ယူဖို့ ဒီလထဲ ကမ်းလှမ်းဖွယ် ရှိပါတယ်။
ချယ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ အဲဗာတန် ကစားသမား လူးကပ်ဒင်းဟာ ဂျရတ်ရဲ့ အက်စတွန်ဗီလာ အသင်းနဲ့ ဆွေးနွေးခဲ့ကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ဆီဗီလာအသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မာရှယ် အတွက် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှုးကလည်း မန်ချက်စတာကနေ ထွက်ခွာလိုနေပါတယ်။
လီဗာပူး ကွင်းလယ်တိုက်စစ်ဟောင်း ကော်တင်ညိုဟာ ဘာစီလိုနာကနေ အက်စတွန်ဗီလာအသင်းထံ ရာသီကုန်ထိ အငှား လာကစားဖို့ သဘောတူညီမှု ရခဲ့ပြီးနောက် မိသားစုနဲ့ အတူ အင်္ဂလန်သို့ လာနေပြီ ဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးအသင်းဟာ တိုက်စစ်မှုး ဆာလာနဲ့ ၂၀၂၃ ထိ စာချုပ် ကျန်ရှိနေသေးသော်လည်း မာဆေးဆိုဒ်ကလပ်နဲ့ သက်တမ်းတိုးဖို့ မသေချာတော့ဘဲ ဒီကြားထဲမှာအသင်းသစ် ပြောင်းသွားနိုင်တာက စိုးရိမ်ဖွယ် ဖြစ်လာနေပါတယ်။ ဆာလာရဲ့ အေးဂျင် အစ်ဆားကတော့ သူ့ ကစားသမားအတွက် တစ်ပတ် ပေါင် ၅ သိန်း လုပ်ခလစာ အလိုရှိနေပါတယ်။

ဘာစီလိုနာ အသင်းဟာ ပြင်သစ်သား ခံစစ်မှုး အမ်တီတီကို ၂၀၂၆ ထိ အသင်းမှာ ဆက်ရှိစေမယ့် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။
ရာသီကုန်ရင် ချယ်ဆီးကနေ စာချုပ်ကုန်ဆုံးပြီး ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာမယ့် ခံစစ်မှုး ရူဒီဂါဟာ ရီးရဲလ် မက်ဒရစ်ထက် ပီအက်စ်ဂျီ အသင်းထံ သွားဖို့ ပို လိုလားနေကြောင်း သိရပါတယ်။ ရူဒီဂါက ဇန်နဝါရီမှာ အကြို သဘောတူညီမှုတွေ ရယူနိုင်ပြီ ဖြစ်ပါတယ်။
