စပါးကို နိုင်ကာ ဗိုလ်လုပွဲတက်ခဲ့ပေမယ့် မပျော်နိုင်တဲ့ အကြောင်း ဖွင့်ဟလာတဲ့ ချယ်ဆီးနည်းပြ တူချယ်

ချယ်ဆီးအသင်းဟာ ညက ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ စပါးအသင်းကို ၁-၀ နဲ့ အနိုင်ယူပြီးနောက် နှစ်ကျော့ပေါင်း ၃-၀ နဲ့ ဗိုလ်လုပွဲ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးနည်းပြ တူချယ် ကတော့ သူ့အသင်း ကစားပုံ အများကြီး ပိုကောင်းဖို့ လိုသေးတယ်လို့ ပွဲအပြီးမှာ ပျော်ဆိုလိုက်ပြီး လိုအပ်ချက်တွေ အတွက် မပျော်နိုင် ဖြစ်နေပါသေးတယ်။ ဒါကြောင့် ဗိုလ်လုပွဲမှာ အာဆင်နယ် ဒါမှမဟုတ် လီဗာပူးနဲ့ ရင်ဆိုင်ရတော့မှာပါ။

ချယ်ဆီးဟာ ညက ပွဲချိန် ပထမပိုင်းမှာ ရူဒီဂါ သွင်းခဲ့တဲ့ တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့ ဒုကျော့ အဝေးကွင်းပွဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ညက ပင်နယ်တီ ၂ ကြိမ် ရနိုင်ခဲ့သေးပြီး တစ်ဂိုးကလည်း VAR ကြောင့် ပယ်ဖျက်ခံခဲ့ရတာပါ။ ချယ်ဆီးအသင်း က ဒီပွဲမှာ ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့် နိုင်ပွဲရခဲ့တယ်လို့ တူချယ်က ယူဆနေပါတယ်။

ချယ်ဆီးအသင်း ကစားပုံကို သဘောမကျ ဖြစ်နေခဲ့သလား အမေးကို တူချယ်က – ” ဒါပေါ့။ ဒါက ကျနေ်ာတို့ စံထားတဲ့ အနေအထားကို မရောက်ဘူး။ ရလဒ်ပိုင်းကို မပြောပါဘူး။ ကျနေ်ာတို့ နေရာလွတတွေကို ဒိထက် ပို ပိတ်နိုင်ခဲ့ရမှာပါ။ ပွဲကို ထိန်းချုပ်တာ ဒိထက် အများကြီး ပိုကောင်းနိုင်သေးတယ်။

ဒီညပွဲမှာ ထိန်းချုပ်နိုင်တာ အခွင့်အရေးကောင်းကြီးတွေ လုပ်နိုင်တာ ရှိခဲ့တယ်။ ဒါပေမယ့် ကပျက်ကချော် အမှားလေးတွေကနေပဲ ပြိုင်ဘက်ကို အခွင့်အရေးတွေ ပေးခဲ့မိသေးတယ်။ ကျနော်တို့ ကံကောင်းတာပါ။ ကျနေ်ာတို့ ပင်နယ်တီ ပေးရလုနီးပါး ဖြစ်ခဲ့တယ်။

နောက်မိနစ် ၂၀ လောက် ကြာတော့ အဲဒီလို ထပ်ဖြစ်ခဲ့သေးတယ်။ ကျနော်တို့ အာရုံစိုက်မှု လျော့ပါးနေခဲ့တယ်။ ယုံကြည်မှု လွန်ကဲနေတာလည်း ပါတာပေါ့။ နောက်ထပ် ပင်နယ်တီ တစ်လုံး မပေးရပြန်တာလည်း ကံကောင်းလို့ပဲ။ ပွဲ ရလဒ်ကောင်းတွေ ရတာ ထိုက်တန်ဖို့ ဆို ဒိထက် ပိုကောင်းအောင် ကစားဖို့ လိုပါတယ်။ ” လို့ တူချယ်က ပြောဆိုခဲ့ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ညက ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ဒုတိယ အေက်ာ့ ပြဲစဥ္မွာ စပါးအသင္းကို ၁-၀ နဲ႕ အနိုင္ယူျပီးေနာက္ နွစ္ေက်ာ့ေပါင္း ၃-၀ နဲ႕ ဗိုလ္လုပြဲ တက္ေရာက္သြားခဲ့ျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးနည္းျပ တူခ်ယ္ ကေတာ့ သူ႔အသင္း ကစားပံု အမ်ားၾကီး ပိုေကာင္းဖို႔ လိုေသးတယ္လို႔ ပြဲအျပီးမွာ ေပ်ာ္ဆိုလိုက္ျပီး လိုအပ္ခ်က္ေတြ အတြက္ မေပ်ာ္နုိင္ ျဖစ္ေနပါေသးတယ္။ ဒါေၾကာင့္ ဗိုလ္လုပြဲမွာ အာဆင္နယ္ ဒါမွမဟုတ္ လီဗာပူးနဲ႕ ရင္ဆိုင္ရေတာ့မွာပါ။

ခ်ယ္ဆီးဟာ ညက ပြဲခ်ိန္ ပထမပိုင္းမွာ ရူဒီဂါ သြင္းခဲ့တဲ့ တစ္လံုးတည္းေသာ ေခါင္းတိုက္ဂိုးနဲ႕ ဒုေက်ာ့ အေဝးကြင္းပြဲ အနုိင္ရခဲ့တာ ျဖစ္ပါတယ္။

စပါးအသင္းဟာ ညက ပင္နယ္တီ ၂ ၾကိမ္ ရနိုင္ခဲ့ေသးျပီး တစ္ဂိုးကလည္း VAR ေၾကာင့္ ပယ္ဖ်က္ခံခဲ့ရတာပါ။ ခ်ယ္ဆီးအသင္း က ဒီပြဲမွာ ကံတရားရဲ႕ မ်က္နွာသာေပးမႈေၾကာင့္ နိုင္ပြဲရခဲ့တယ္လို႔ တူခ်ယ္က ယူဆေနပါတယ္။

ခ်ယ္ဆီးအသင္း ကစားပံုကို သေဘာမက် ျဖစ္ေနခဲ့သလား အေမးကို တူခ်ယ္က – ” ဒါေပါ့။ ဒါက က်ေန္ာတို႔ စံထားတဲ့ အေနအထားကို မေရာက္ဘူး။ ရလဒ္ပိုင္းကို မေျပာပါဘူး။ က်ေန္ာတို႔ ေနရာလြတေတြကို ဒိထက္ ပို ပိတ္နိုင္ခဲ့ရမွာပါ။ ပြဲကို ထိန္းခ်ဳပ္တာ ဒိထက္ အမ်ားၾကီး ပိုေကာင္းနုိင္ေသးတယ္။

ဒီညပြဲမွာ ထိန္းခ်ဳပ္နိုင္တာ အခြင့္အေရးေကာင္းၾကီးေတြ လုပ္နိုင္တာ ရွိခဲ့တယ္။ ဒါေပမယ့္ ကပ်က္ကေခ်ာ္ အမွားေလးေတြကေနပဲ ျပိဳင္ဘက္ကို အခြင့္အေရးေတြ ေပးခဲ့မိေသးတယ္။ က်ေနာ္တို႔ ကံေကာငး္တာပါ။ က်ေန္ာတို႔ ပင္နယ္တီ ေပးရလုနီးပါး ျဖစ္ခဲ့တယ္။

ေနာက္မိနစ္ ၂၀ ေလာက္ ၾကာေတာ့ အဲဒီလို ထပ္ျဖစ္ခဲ့ေသးတယ္။ က်ေနာ္တို႔ အာရံုစိုက္မႈ ေလ်ာ့ပါးေနခဲ့တယ္။ ယံုၾကည္မႈ လြန္ကဲေနတာလည္း ပါတာေပါ့။ ေနာက္ထပ္ ပင္နယ္တီ တစ္လံုး မေပးရျပန္တာလည္း ကံေကာင္းလို႔ပဲ။ ပြဲ ရလဒ္ေကာင္းေတြ ရတာ ထုိက္တန္ဖို႔ ဆို ဒိထက္ ပိုေကာင္းေအာင္ ကစားဖို႔ လိုပါတယ္။ ” လို႔ တူခ်ယ္က ေျပာဆိုခဲ့ပါတယ္။