အာဆင်နယ်ရဲ့ အကျပ်အတည်းတွေကြောင့် လီဗာပူးပွဲ ကစားနိုင်ဖို့ မသေချာဘူးဆိုတဲ့ အာတီတာ

လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်း ဆီမီးဖိုင်နယ် ပထမအကျော့ပွဲအတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ်နည်းပြ အာတီတာက သူ့အသင်းဟာ ဆီမီးဖိုင်နယ်ပွဲ ကစားနိုင်လိမ့်မယ်လို့ အာမ မခံနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်မှာ ဒဏ်ရာပြဿနာ၊ ကိုဗစ်နဲ့ အာဖရိကဖလားပြိုင်ပွဲကြောင့် ပထမအသင်း ကစားသမား ၈ ယောက်အထိ လွဲချော်နေခဲ့တာနဲ့အတူ အင်အားကြီးပြိုင်ဘက်ကို ရင်ဆိုင်ရမယ့်ပွဲအတွက် လူရွေးချယ်ရာမှာ ခေါင်းကိုက်စရာ ဖြစ်နေပါတယ်။

အာဆင်နယ်အနေနဲ့ ပထမအကျော့ပွဲကို ထပ်မံရွှေ့ဆိုင်းပေးဖို့ တောင်းဆိုနိုင်လားလို့ မေးမြန်းခဲ့ရာ အာတီတာက “ဘာကိုမှ တပ်အပ်ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဆရာဝန်က မင်းရှေ့ကို ရောက်လာပြီး သတင်းတစ်ခုပြောပြလိုက်ရင် ၁၀ စက္ကန့်အတွင်း ဒီအရာတွေက ရုတ်ချည်း ပြောင်းလဲသွားတတ်တယ်ဆိုတာ သိပါတယ်။

ဒီလိုအဖြစ်မျိုး ဒီရာသီမှာ နှစ်ကြိမ် ကြုံခဲ့ပြီးပါပြီ။ ကျွန်တော်တို့ကတော့ အမြဲတမ်း ကစားချင်စိတ် ရှိပါတယ်။ ဒါက အတော်လေးကို မတည်မငြိမ်နဲ့ မရေမရာဖြစ်နေတဲ့ အခြေအနေပါ။ ဒီနေ့မှာ ဘယ်လိုအခြေအနေ ဖြစ်သွားမလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါက မနေ့က ဖြစ်ခဲ့တဲ့ အခြေအနေနဲ့ သေချာပေါက် ကွာခြားပါတယ်။

ကျွန်တော် အသေးစိတ်တော့ပြောမပြနိုင်ပေမယ့် ခင်ဗျားတို့ သဘောပေါက်မှာပါ။ ပြီးခဲ့တဲ့အပတ်မှာ ကျွန်တော်တို့ဟာ အကြောင်းပြချက်များစွာကြောင့် ကစားသမားများစွာကို ဆုံးရှုံးခဲ့ရတယ်။ ဒီအခြေအနေကို တတ်နိုင်သလောက် ထိန်းသိမ်းပြီး ရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံးလုပ်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။

ဒဏ်ရာပြဿနာတချို့၊ ကိုဗစ်တချို့၊ နိုင်ငံပြိုင်ပွဲကစားရတဲ့သူ တချို့နဲ့ မတူညီတဲ့ အကြောင်းပြချက်တွေ ရှိခဲ့တာပါ ” လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – လီဗာပူးနဲ႔ ယွဥ္ျပိဳင္ရမယ့္ ကာရာေဘာင္း ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲအတြက္ ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ အာဆင္နယ္နည္းျပ အာတီတာက သူ႔အသင္းဟာ ဆီမီးဖိုင္နယ္ပြဲ ကစားႏိုင္လိမ့္မယ္လို႔ အာမ မခံႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေျမာက္လန္ဒန္ကလပ္မွာ ဒဏ္ရာျပႆနာ၊ ကိုဗစ္နဲ႔ အာဖရိကဖလားၿပိဳင္ပြဲေၾကာင့္ ပထမအသင္း ကစားသမား ၈ ေယာက္အထိ လြဲေခ်ာ္ေနခဲ့တာနဲ႔အတူ အင္အားႀကီးၿပိဳင္ဘက္ကို ရင္ဆိုင္ရမယ့္ပြဲအတြက္ လူေ႐ြးခ်ယ္ရာမွာ ေခါင္းကိုက္စရာ ျဖစ္ေနပါတယ္။

အာဆင္နယ္အေနနဲ႔ ပထမအေက်ာ့ပြဲကို ထပ္မံေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုႏိုင္လားလို႔ ေမးျမန္းခဲ့ရာ အာတီတာက “ဘာကိုမွ တပ္အပ္ေျပာလို႔မရပါဘူး။ ဘာလို႔လဲဆိုေတာ့ ဆရာဝန္က မင္းေရွ႕ကို ေရာက္လာၿပီး သတင္းတစ္ခုေျပာျပလိုက္ရင္ ၁၀ စကၠန႔္အတြင္း ဒီအရာေတြက ႐ုတ္ခ်ည္း ေျပာင္းလဲသြားတတ္တယ္ဆိုတာ သိပါတယ္။

ဒီလိုအျဖစ္မ်ိဳး ဒီရာသီမွာ ႏွစ္ႀကိမ္ ႀကဳံခဲ့ၿပီးပါၿပီ။ ကြၽန္ေတာ္တို႔ကေတာ့ အၿမဲတမ္း ကစားခ်င္စိတ္ ရွိပါတယ္။ ဒါက အေတာ္ေလးကို မတည္မၿငိမ္နဲ႔ မေရမရာျဖစ္ေနတဲ့ အေျခအေနပါ။ ဒီေန႔မွာ ဘယ္လိုအေျခအေန ျဖစ္သြားမလဲဆိုတာ ကြၽန္ေတာ္မသိဘူး။ ဒါက မေန႔က ျဖစ္ခဲ့တဲ့ အေျခအေနနဲ႔ ေသခ်ာေပါက္ ကြာျခားပါတယ္။

ကြၽန္ေတာ္ အေသးစိတ္ေတာ့ေျပာမျပႏိုင္ေပမယ့္ ခင္ဗ်ားတို႔ သေဘာေပါက္မွာပါ။ ၿပီးခဲ့တဲ့အပတ္မွာ ကြၽန္ေတာ္တို႔ဟာ အေၾကာင္းျပခ်က္မ်ားစြာေၾကာင့္ ကစားသမားမ်ားစြာကို ဆုံးရႈံးခဲ့ရတယ္။ ဒီအေျခအေနကို တတ္ႏိုင္သေလာက္ ထိန္းသိမ္းၿပီး ရွိတဲ့ ကစားသမားေတြနဲ႔ အေကာင္းဆုံးလုပ္ဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားေနပါတယ္။

ဒဏ္ရာျပႆနာတခ်ိဳ႕၊ ကိုဗစ္တခ်ိဳ႕၊ ႏိုင္ငံၿပိဳင္ပြဲကစားရတဲ့သူ တခ်ိဳ႕နဲ႔ မတူညီတဲ့ အေၾကာင္းျပခ်က္ေတြ ရွိခဲ့တာပါ ” လို႔ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။