ပေါ့ဘာနဲ့ ပီအက်စ်ဂျီ၊ ဟာလန်းနဲ့ စကားပြောမယ့် ဒေါ့မွန်၊ ကော့စတစ်နဲ့ ဥရောပတခွင်မှ အပြောင်းအရွှေ့ သတင်းများ

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာကို ရာသီကုန်ရင် အလွတ်နဲ့ ခေါ်ယူဖို့ ပီအက်စ်ဂျီက ပစ်မှတ်ထားနေသလို ကစားသမား ကိုယ်တိုင်ကလည်း ပြင်သစ်အင်အားကြီး ကလပ်ကို ရွေးချယ်ဖို့ ရည်ရွယ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဂျို့စ် မော်ရင်ညိုက လက်ရှိကလပ် ရိုးမားအသင်းအတွက် စပါးအသင်းမှ ကွင်းလယ်ကစားသမား အမ် ဒွမ်ဘီလီကို ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း အီတလီ သတင်းတွေက ဖော်ပြထားပါတယ်။

စပိန်ဘက်က သတင်းတွေ အရ ဆီဗီလာ အသင်းဟာ ယူနိုက်တက် တိုက်စစ်မှုး မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု သွေးအေးသွားခဲ့ပြီလို့ သိရပါတယ်။ ဆီဗီလာက ယူနိုက်တက် တောင်းဆိုတဲ့ ငွေကြေး အချက်အလက်တွေကို မလိုက်လျောနိုင်ခဲ့ဘူးလို့ သိရပါတယ်။

အာဆင်နယ်နဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ ဖရန့်ဖတ် တောင်ပံ တိုက်စစ်သမား ဖိလစ် ကော့စ်တစ်ကို ခေါ်ယူဖို့ အပြိုင် ကြိုးစားနေကြပါတယ်။ အသက် ၂၉ နှစ်အရွယ် ကစားသမားကို အင်တာ၊ ဖီအိုင်တီးနား၊ လာဇီယို၊ ဆီဗီလာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ကပါ ချိတ်ဆက်နေတာပါ။

အက်စတွန်ဗီလာအသင်းဟာ အဲဗာတန်အသင်းထံ ဒစ်ဂ်နေးကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း GOAL သတင်းက အတည်ပြုသွားခဲ့ပါတယ်။ ဒစ်ဂ်နေးဟာ ဘာစီလိုနာကနေ ၂၀၁၈ မှာ အဲဗာတန် ပြောင်းလာခဲ့တာ ဖြစ်ပြီး ၃နှစ်ခွဲကြာ ကစားခဲ့သူပါ။

စီးတီး ပစ်မှတ်ထားနေတဲ့ အေစီမီလန် အစွန်ခံစစ်သမား သီယို ဟာနန်ဒက်စ် ဟာ လက်ရှိကလပ်နဲ့ပဲ လစာခံစားခွင့် တွေ တိုးထားတဲ့ စာချုပ်သစ် တစ်ရပ် သက်တမ်းတိုး ချုပ်ဆိုဖို့ များနေပါတယ်။

ဒေါ့မွန်အသင်းဟာ လာမယ့် အပတ်ထဲမှာ ဟာလန်းရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံပြီး အနာဂတ် ကိစ္စ ဆွေးနွေး ညှိနှိုင်းသွားဖို့ ရှိကြောင်း စပိန် မာကာ သတင်းက ဖော်ထုတ်ထားပါတယ်။

ဖရိုင်းဘတ် ဗဟိုနောက်ခံလူ ရှလော့တာဘက်ဟာ ဘိုင်ယန်နဲ့ ပရီးမီးယားလိဂ် ကလပ်များစွာရဲ့ ချိတ်ဆက်မှုခံခဲ့ရပေမယ့် ဒေါ့မွန်ကတော့ နွေရာသီမှာ ၎င်းကို ယူရို ၂၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

အာဆင်နယ် လူငယ်လေး ဘာလိုဂန်ကတော့ ရာသီကုန်ထိ အငှား ကစားရန် မစ်ဒယ်ဘရော့ အသင်းထံ တရားဝင် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ လစာကုန်ကျငွေကို လျှော့ချဖို့အတွက် အသင်းကနေ နတ်တို ထွက်ခွာသွားရင် သူတို့ရဲ့ ဒုတိယဂိုးသမား အသစ် အဖြစ် ရေယို ဂိုးသမား ဒီမီထရီဗက်စကီ ကို အလိုရှိနေပါတယ်။