UNICODE – ဒီအပတ် ဇွန် ၂၁ ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ မြန်မာအချိန် ည ၉း၃၀ နာရီမှာတော့ ချယ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို အဝေးကွင်းမှာ သွားပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အက်စတွန်ဗီလာက တစ်ကျော့ပြန်စတင်တဲ့ ပရီးမီးယားလိဂ်ပွဲကို ကစားထားပြီး ချယ်ဆီးကတော့ ဒီပွဲမှ ပထမဆုံး ကစားရမှာဖြစ်တယ်။ လောလောလတ်လတ်ပဲ တီမိုဝါနာကို ခေါ်ယူဖို့ သဘောတူညီမှု အောင်မြင်ပြီးဖြစ်ကြောင်း ကြေညာထားတဲ့ ချယ်ဆီးဟာ ဥရောပဝင်ခွင့်အတွက် နေရာကောင်းရထားမှုကို ဆက်လက် ထိန်းသိမ်းဖို့အတွက်အား တွန်းအားကြီးတွေကိုလည်း ရရှိနေပါတယ်။
ပွဲနဲ့ ပက်သက်ပြီး လော်ရိုးက သုံးသပ်ရာမှာ ” ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတော့ ဗီလာရဲ့ ပွဲဦးထွက်က ရှက်ဖီးနဲ့ ပွဲကျန် တစ်ပွဲ စ ကစားရတာ ဖြစ်ပြီး ခြေစွမ်း မကောင်းခဲ့ပေမယ့် အမှတ် ခွဲယူနိုင်ခဲ့တာက ကောင်းမွန်တယ် ဆိုရမှာပါ။ ဗီလာက ရှက်ဖီးကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် ကြီးမားတဲ့ ထိုးနှက်မှုမျိုးတော့ မလုပ်နိုင်ခဲ့ပါဘူး။
ဒင်းစမစ်ရဲ့ အသင်းဟာ တစ်ပွဲ ကစားပြီး ဖြစ်တာကြောင့် ပွဲပြန် အထိုင်ကျနေမှာ ဖြစ်ပေမယ့် ကျနော်ကတော့ ချယ်ဆီးဘက်က ရှိချင်ပါတယ်။ ချယ်ဆီးအသင်းဟာ အခွင့်အရေးတွေ ဖန်တီးဖို့ အတွက်လည်း အခက်အခဲ ရှိမှာ မဟုတ်ဘဲ သူတို့ သွားရမယ့်လမ်းကို သေချာပေါက် အရောက် သွားပါလိမ့်မယ်။ ” လို့ဖြစ်တယ်။
အက်စတွန်ဗီလာနဲ့ ချယ်ဆီးပွဲအတွက် လော်ရိုးရဲ့ ပွဲခန့်မှန်းရလဒ်ကတော့ လန်ဒန်ကလပ်က ၂-၀ နဲ့ အနိုင်ရသွားမယ်လို့ ဖြစ်ပါတယ်။
ZAWGYI – ဒီအပတ္ ဇြန္ ၂၁ ရက္ျဖစ္တဲ့ တနဂၤေႏြေန႔ ျမန္မာအခ်ိန္ ည ၉း၃၀ နာရီမွာေတာ့ ခ်ယ္ဆီးအသင္းဟာ အက္စတြန္ဗီလာအသင္းကို အေဝးကြင္းမွာ သြားျပီး ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။
အက္စတြန္ဗီလာက တစ္ေက်ာ့ျပန္စတင္တဲ့ ပရီးမီးယားလိဂ္ပြဲကို ကစားထားျပီး ခ်ယ္ဆီးကေတာ့ ဒီပြဲမွ ပထမဆုံး ကစားရမွာျဖစ္တယ္။ ေလာေလာလတ္လတ္ပဲ တီမိုဝါနာကို ေခၚယူဖို႔ သေဘာတူညီမႈ ေအာင္ျမင္ျပီးျဖစ္ေၾကာင္း ေၾကညာထားတဲ့ ခ်ယ္ဆီးဟာ ဥေရာပဝင္ခြင့္အတြက္ ေနရာေကာင္းရထားမႈကို ဆက္လက္ ထိန္းသိမ္းဖို႔အတြက္အား တြန္းအားၾကီးေတြကိုလည္း ရရွိေနပါတယ္။
ပြဲနဲ႔ ပက္သက္ျပီး ေလာ္ရိုးက သံုးသပ္ရာမွာ ” ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စေတာ့ ဗီလာရဲ႕ ပြဲဦးထြက္က ရွက္ဖီးနဲ႕ ပြဲက်န္ တစ္ပြဲ စ ကစားရတာ ျဖစ္ျပီး ေျခစြမ္း မေကာင္းခဲ့ေပမယ့္ အမွတ္ ခြဲယူနိုင္ခဲ့တာက ေကာင္းမြန္တယ္ ဆိုရမွာပါ။ ဗီလာက ရွက္ဖီးကို ေက်ာ္ျဖတ္ဖို႔ ၾကိဳးစားခဲ့ေပမယ့္ ၾကီးမားတဲ့ ထိုးနွက္မႈမ်ိဳးေတာ့ မလုပ္နုိင္ခဲ့ပါဘူး။
ဒင္းစမစ္ရဲ႕ အသင္းဟာ တစ္ပြဲ ကစားျပီး ျဖစ္တာေၾကာင့္ ပြဲျပန္ အထိုင္က်ေနမွာ ျဖစ္ေပမယ့္ က်ေနာ္ကေတာ့ ခ်ယ္ဆီးဘက္က ရွိခ်င္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ အခြင့္အေရးေတြ ဖန္တီးဖို႔ အတြက္လည္း အခက္အခဲ ရွိမွာ မဟုတ္ဘဲ သူတို႔ သြားရမယ့္လမး္ကို ေသခ်ာေပါက္ အေရာက္ သြားပါလိမ့္မယ္။ ” လို႔ျဖစ္တယ္။
အက္စတြန္ဗီလာနဲ႔ ခ်ယ္ဆီးပြဲအတြက္ ေလာ္ရိုးရဲ႕ ပြဲခန္႔မွန္းရလဒ္ကေတာ့ လန္ဒန္ကလပ္က ၂-၀ နဲ႔ အႏုိင္ရသြားမယ္လို႔ ျဖစ္ပါတယ္။