မန်စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ဗင်နီစီးရပ်စ် ကို ခေါ်ယူဖို့ ချိတ်ဆက်ရန် ကြိုးစားနေကြောင်း စပိန်ဘက်က သတင်းတွေမှာ ဖော်ပြလာပါတယ်။ စီးတီးဟာ ဖာရန်တောရက်စ်ကို လက်လွှတ်ပြီးနောက် အစားထိုး ပစ်မှတ် ရှာဖွေနေတာပါ။
ယူနိုက်တက် ကြယ်ပွင့် စီ ရော်နယ်ဒိုကတော့ လတ်တလော စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ၎င်း ယူနိုက်တက် ထံ ပြန်လာတာက အဆင့် ၅၊ ၆၊ ၇ မှာ နေရာလုဖို့ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး ယူနိုက်တက်ဟာ အဆင့် ၄ ရရင်တောင်မှ ကျရှုံးမှုပဲလို့ သတိပေးလိုက်ပါတယ်။
မိုဆာလာက လီဗာပူးနဲ့ သက်တမ်းတိုး စာချုပ်သစ်အတွက် ရူးလောက်တဲ့ တောင်းဆိုမှုတွေ ပြုလုပ်မထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပေမယ့် တယ်လီဂရပ်ဖ် သတင်း အဆိုအရ လီဗာပူးအသင်းဟာ ဆာလာရဲ့ တောင်းဆိုမှုတွေ ကို လိုက်လျောဖို့ တွန့်ဆုတ်နေကြောင်း သိရပါတယ်။
 
 
ဘိုင်ယန်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ဖရိုင်းဘတ် နောက်ခံလူ နီကို ရှာလော့တာဘက်အတွက် အပြိုင်ကြိုးစားနေကြပြီး ကစားသမားဟာ ဘွန်ဒက်စ်လီဂါမှာ ဆက်ရှိနေဖို့ မျှော်လင့်ရပါတယ်။
ဘာစီလိုနာဟာ ရက်ပစ် ဗီယင်နာကနေ အငှားခေါ်ယူထားတဲ့ ယူဆပ် ဒီမီရယ်ရဲ့ စာချုပ်ကို အချိန်စောပြီး ဖျက်သိမ်းခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
လီဗာပူး ဂန္တဝင် အီယန်ရပ်ရှ်ကတော့ ပီအက်စ်ဂျီမှာ ရုန်းကန်နေရတဲ့ အသင်း ကစားသမားဟောင်း ဝိုက်နယ်ဒန်ကို အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဂျူဗင်တပ် အသင်းဟာ အာဆင်နယ်က ချိတ်ဆက်နေတဲ့ ကွင်းလယ်ကစားသမား အာသာ အတွက် ထွက်ခွာဖို့ ခွင့်မပြုသေးဘဲ ရှိနေပါတယ်။ ဘရာဇီး လက်ရွေးစင် ကစားသမားကတော့ အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

အဲဗာတန်နဲ့ ယူနိုက်တက် ကြယ်ပွင့်ဟောင်း ဖယ်လိုင်နီဟာ တရုတ်ကလပ် တိုင်ရှန်ကနေ ဥရောပထံ ပြန်လာနိုင်ဖွယ် ရှိပါတယ်။
ဝက်စ်ဟမ်းဟာ ဖလာမင်ဂိုကနေ ဘာဘိုဆာကို ၁၈လ အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှု လုပ်ခဲ့တဲ့အပေါ် ဘရာဇီး ကလပ်ရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေပါတယ်။
ဖီအိုရင်တီးနားဟာ ဗလာဟိုဗစ်အတွက် ခေါ်ဈေး ပေါင် ၇၅ သန်းထဲကနေ သန်း ၆၀ ကျော် အလိုရှိနေတာကြောင့် အာဆင်နယ်အတွက် သူ့ကို ခေါ်ယူဖို့ကြိုးပမ်းမှုမှာ အတားအဆီး ဖြစ်လာနိုင်ပါတယ်။
ဂျူဗင်တပ်ဟာ စကာမက်ကာကို နွေရာသီမှာ ခေါ်ယူဖို့နဲ့ပတ်သက်ပြီး လာမယ့်ရက်တွေအတွင်း ဆက်ဆူအိုလိုနဲ့ တွေ့ဆုံ သွားမှာဖြစ်ပါတယ်။ ဆက်အူအိုလိုဟာ သူ့ကစားသမားအတွက် ယူရို သန်း ၄၀ သတ်မှတ်ထားပေမယ့် အဲ့ထက် ပိုမပေးရင် ဇန်နဝါရီမှာ ရောင်းချသွားမှာမဟုတ်ပါဘူး။
