ယူနိုက်တက် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ တန်တဲ့ ခြေစွမ်း မပြနိုင်သေးတဲ့ ကစားသမား

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဝမ် ဘစ်ဆာကာက ပွဲဦးထွက် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားပေမယ့် ယူနိုက်တက် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ထိုက်တန်မှုမျိုုးတော့ မပြသနိုင်သေးကြောင်း ဂရေမီ ဆောင်းနက်က သုံးသပ်ထောက်ပြ လိုက်ပါတယ်။

အသက် ၂၂ နှစ် အရွယ် အင်္ဂလန်သားဟာ ယူနိုက်တက် နည်းပြ ဆိုးရှားရဲ့ အိုးထရက်ဖို့ဒ်သို့ ဒုတိယမြောက် ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်ပြီး ပြီးခဲ့တဲ့ နွေကမှ ခရစ္စတယ်ပဲလေ့စ်ကနေ ရောက်ရှိလာခဲ့သူပါ။ ဝမ် ဘစ်ဆာကာဟာ ဒါလော့ကို ကျော်ပြီး ပထမဦးစားပေး ညာစွန် ခံစစ်နေရာ ယူနိုင်ခဲ့ပြီး အထင်ကြီးလောက်ဖွယ် အစွမ်းပြမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန် U21 လက်ရွေးစင် ကစားသမားဟာ တိုက်စစ်ပိုင်း ရလဒ်ကောင်းတွေ ထွက်ဖို့ လိုအပ်ချက်တွေ ရှိသေးတယ် ဆိုရမှာပါ။ ဒီရာသီ ဘစ်ဆာကာ လုပ်ခဲ့တဲ့ ဂိုးထောက်ပံ့မှုက နှစ်ကြိမ် ရှိထားပြီး ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ လီဗာပူး အစွန်ခံစစ်မှူး ထရန့် အလက်ဇန်းဒါး အာနိုးက ၁၂ ဂိုးထိ ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

ဆောင်းနက်ကတော့ ဝမ် ဘစ်ဆာကာဟာ ယူနိုက်တက် ပေးထားရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ဖို့တော့ လိုအပ်ချက်တွေ ရှိသေးတယ်လို့ ယုံကြည်နေပါတယ်။

” အချက်အလက်တွေ အရတော့ ဝမ် ဘစ်ဆာကာက ပရီးမီးယားလိဂ်ရဲ့ ဘောလုံးဖြတ်ယူမှု အကောင်းဆုံးတွေထဲ ပါဝင်ပါတယ်။ ဒါပေမယ့် ပေါင် သန်း ၅၀ တန် ကစားမသား တစ်ဦး အနေနဲ့ ဒိထက် နည်းနည်း ပိုကောင်းသင့်သေးတယ် မဟုတ်ဘူးလား။ ဒီဈေးနှုန်းနဲ့ ခေါ်ထားရတဲ့ ကစားသမား တစ်ယောက်က ပြီးပြည့်စုံတဲ့ အရည်အချင်းတွေတော့ ပါလာသင့်ပါတယ်။

သူက ခံစစ်ပိုင်းမှာ ကောင်းမွန်တယ် တစ်ဦးချင်း ရင်ဆိုင်မှုတွေမှာလည်း ကောင်းတယ်။ တဖက်မှာလည်း ဘောလုံးပွဲ တစ်ပွဲမှာ အစွန် ခံစစ်မူှးတွေက သိပ်အရေးကြီးတာပါ။ သူက ပြိုင်ဘက် ဧရိယာထဲ ဘောလုံးကန်တင်မှုမှာ သိပ်ကြီး မကောင်းလှသေးဘူး။ သူ့ အနေနဲ့ နောက်ဆုံးမိနစ်မှ စွန့်စား ဖြတ်ထုတ်မှုတွေ ပြုလုပ်နေတာထက် ခြေထောက် မြဲမြဲမြံမြံနဲ့ ကစားတာတွေ ပိုမြင်ရသင့်တယ်။ ” လို့ ဆောင်းနက်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ခံစစ္မွဴး ၀မ္ ဘစ္ဆာကာက ပြဲဦးထြက္ ေဘာလံုးရာသီမွာ ေျခစြမ္းေကာင္းေတြ ျပသထားေပမယ့္ ယူနိုက္တက္ ေပးခဲ့ရတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၅၀ နဲ႕ ထိုက္တန္မႈမ်ိဳုးေတာ့ မျပသနိုင္ေသးေၾကာင္း ဂေရမီ ေဆာင္းနက္က သံုးသပ္ေထာက္ျပ လိုက္ပါတယ္။

အသက္ ၂၂ နွစ္ အရြယ္ အဂၤလန္သားဟာ ယူနိုက္တက္ နည္းျပ ဆိုးရွားရဲ႕ အိုးထရက္ဖို႔ဒ္သို႔ ဒုတိယေျမာက္ ေခၚယူခဲ့တဲ့ ကစားသမား ျဖစ္ျပီး ျပီးခဲ့တဲ့ ေႏြကမွ ခရစၥတယ္ပဲေလ့စ္ကေန ေရာက္ရွိလာခဲ့သူပါ။ ၀မ္ ဘစ္ဆာကာဟာ ဒါေလာ့ကို ေက်ာ္ျပီး ပထမဦးစားေပး ညာစြန္ ခံစစ္ေနရာ ယူနိုင္ခဲ့ျပီး အထင္ၾကီးေလာက္ဖြယ္ အစြမ္းျပမႈေတြ ရွိခဲ့ပါတယ္။

ဒါေပမယ့္ အဂၤလန္ U21 လက္ေရြးစင္ ကစားသမားဟာ တိုက္စစ္ပိုင္း ရလဒ္ေကာင္းေတြ ထြက္ဖို႔ လိုအပ္ခ်က္ေတြ ရွိေသးတယ္ ဆိုရမွာပါ။ ဒီရာသီ ဘစ္ဆာကာ လုပ္ခဲ့တဲ့ ဂိုးေထာက္ပံ့မႈက နွစ္ၾကိမ္ ရွိထားျပီး ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပေနတဲ့ လီဗာပူး အစြန္ခံစစ္မွဴး ထရန္႔ အလက္ဇန္းဒါး အာနိုးက ၁၂ ဂိုးထိ ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။

ေဆာင္းနက္ကေတာ့ ၀မ္ ဘစ္ဆာကာဟာ ယူနိုက္တက္ ေပးထားရတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႕ ထိုက္တန္ဖို႔ေတာ့ လိုအပ္ခ်က္ေတြ ရွိေသးတယ္လို႔ ယံုၾကည္ေနပါတယ္။

” အခ်က္အလက္ေတြ အရေတာ့ ၀မ္ ဘစ္ဆာကာက ပရီးမီးယားလိဂ္ရဲ႕ ေဘာလံုးျဖတ္ယူမႈ အေကာင္းဆံုးေတြထဲ ပါ၀င္ပါတယ္။ ဒါေပမယ့္ ေပါင္ သန္း ၅၀ တန္ ကစားမသား တစ္ဦး အေနနဲ႕ ဒိထက္ နည္းနည္း ပိုေကာင္းသင့္ေသးတယ္ မဟုတ္ဘူးလား။ ဒီေစ်းနႈန္းနဲ႕ ေခၚထားရတဲ့ ကစားသမား တစ္ေယာက္က ျပီးျပည့္စံုတဲ့ အရည္အခ်င္းေတြေတာ့ ပါလာသင့္ပါတယ္။

သူက ခံစစ္ပိုင္းမွာ ေကာင္းမြန္တယ္ တစ္ဦးခ်င္း ရင္ဆိုင္မႈေတြမွာလည္း ေကာင္းတယ္။ တဖက္မွာလည္း ေဘာလုံးပြဲ တစ္ပြဲမွာ အစြန္ ခံစစ္မဴွးေတြက သိပ္အေရးၾကီးတာပါ။ သူက ျပိဳင္ဘက္ ဧရိယာထဲ ေဘာလံုးကန္တင္မႈမွာ သိပ္ၾကီး မေကာင္းလွေသးဘူး။ သူ႔ အေနနဲ႕ ေနာက္ဆံုးမိနစ္မွ စြန္႔စား ျဖတ္ထုတ္မႈေတြ ျပဳလုပ္ေနတာထက္ ေျခေထာက္ ျမဲျမဲျမံျမံနဲ႕ ကစားတာေတြ ပိုျမင္ရသင့္တယ္။ ” လို႔ ေဆာင္းနက္က သုံးသပ္ ေျပာဆိုလိုက္ပါတယ္။