အမ်ဘတ်ပီကို ရေတိုချုပ်မယ့် ပီအက်စ်ဂျီ၊ ဒီဂျောင်ကို ခေါ်ချင်တဲ့ ချယ်ဆီးပိုင်ရှင်နဲ့ ယနေ့ အပြောင်းအရွှေ့ သတင်းများ

မန်စီးတီးဟာ ဖာရန် တောရက်စ်ရဲ့ နေရာကို အစားထိုးဖို့ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ဗင်နီစီးရပ်စ် ဂျူနီယာ အတွက် ချဉ်းကပ်မှုလုပ်ဖို့ စီစဉ်နေပါတယ်။

စပိန်ဘက်က သတင်းတွေအရ ချယ်ဆီးအသင်း ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်ဟာ ဘာစီလိုနာမှ ဖရန်ကီ ဒီဂျောင် ကို ခေါ်ယူလိုနေပြီး ယူရို သန်း ၄ဝ နဲ့ ခေါ်ယူလိုနေကြောင်း သိရပါတယ်။

အမ်ဘတ်ပီကို လက်မလွှတ်လိုသေးတဲ့ ပီအက်စ်ဂျီ အသင်းဟာ ရီးရဲလ်ခေါ်ယူမှုကနေ ကာကွယ်ဖို့ အတွက် ၂ နှစ်နဲ့ ကာလတို သက်တမ်းတိုး စာချုပ် ချုပ်ဖို့ ကစားသမားကို စည်းရုံး ကမ်းလှမ်းနေကြောင်း သိရပါတယ်။ အမ်ဘတ်ပီ လက်ရှိ စာချုပ်က ရာသီကုန်ရင် ကုန်ဆုံးပြီ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ဟာ လိဒ်ယူနိုက်တက်မှ ကယ်ဗင် ဖိလစ်စ်ကို သဘောကျသူ ဖြစ်ပြီး ယူရို သန်း ၄ဝ ဝန်းကျင်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေသော်လည်း လိဒ်က ပရီးမီးယားလိဂ်က တစ်သင်းထံ ဖိလစ်ကို လက်လွှတ်ရတာထက် ပြည်ပ ကလပ်တွေကိုပဲ ရောင်းချလိုနေပါတယ်။ ၎င်းကို ရီးရဲလ်မက်ဒရစ်က အလိုရှိနေပြီး ပီအက်စ်ဂျီနဲ့ ဘိုင်ယန် တို့ကလည်း စောင့်ကြည့်နေတာပါ။

ဘိုင်ယန်ဟာ ကိုရီးယားကွင်းလယ်လူ ဟွမ်ဂျူလီးကို ပိုဟန် စတီးလားစ်ထံကနေ ရာသီကုန်အထိ ကနဦးအငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့်လည်း ပါဝင်ပါတယ်။

နစ်ကလပ်ဆူလေဟာ နယူးကာဆယ်ရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်ခဲ့တာကြောင့် နွေရာသီမှာ ဖရီးအေးဂျင့် မဖြစ်ခင်အထိ ဘိုင်ယန်မှာပဲ ဆက်ရှိနေနိုင်ပါတယ်။

အက်စတွန်ဗီလာ အသင်းဟာ ဒီဇန်နဝါရီမှာ ကစားသမား ခေါ်ယူမှုတွေ ထပ်ပြုလုပ်နိုင်ဖွယ် ရှိသေးကြောင်း နည်းပြ ဂျရတ် က ပြောဆိုထားပါတယ်။

ဂျူဗင်တပ်ဟာ အာဆင်နယ်နဲ့ ချိတ်ဆက်မှုအပေါ် စိတ်ဝင်စားနေတဲ့ အာသာကို အင်္ဂလန်ထံ ပြောင်းရွှေ့ခွင့်မပေးသေးပဲ အစားထိုးစရာ ရရှိဖို့ အရင်ရှာဖွေနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းကနေ ထွက်ခွာနိုင်ဖွယ်ရှိတဲ့ ပေါ့ဘာနေရာကို အစားထိုးဖို့ နာပိုလီ ကွင်းလယ်လူ ဖာဘီယန်ရူးဇ်ကို ခေါ်ယူနိုင်ဖို့အတွက် အလားအလာ ကောင်းမွန်နေပြီ ဖြစ်ပါတယ်။

ဂျူဗင်တပ်နဲ့ ချိတ်ဆက်နေတဲ့ မက်ဇီ ဂိုမက်ဟာ ဒီလမှာ ဗလင်စီယာကို စွန့်ခွာဖို့ စိတ်အားထက်သန်နေပါတယ်။

ရိုးမားဟာ ဆောင်းရာသီဈေးကွက်မပိတ်ခင် မာဆေး ကွင်းလယ်လူ ကာမာရာနဲ့ စပါးတပ် မော်စကို နောက်ခံလူ ဂီဂေါ့တို့ကို ခေါ်ယူချင်နေပါတယ်။

ဘရိုက်တန် အသင်းဟာ မန်ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကစားသမား ဘစ်ဆိုမာကို ရာသီကုန်ထိ ဆက်လက် ထိန်းထားမှာ ဖြစ်ကြောင်း နည်းပြ ဂရေဟမ် ပေါ်တာက ပြောဆိုထားပါတယ်။