ယူနိုက်တက်ရဲ့ နံပါတ် ၁ ဖြစ်ဖို့ ဟန်ဒါဆန် ဘာလုပ်ရမလဲ အကြံပေးလိုက်တဲ့ ရှမိုက်ကယ်

မန်ချက်စတာယူနိုက်တက် ဂန္တဝင် ဂိုးသမားကြီး ပီတာရှမိုက်ကယ်က လက်ရှိ ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ အသင်းဦးစားပေး အဖြစ် ဆက်ရှိနေဖို့ အချိန်တော်တော်ကြာဦးမှာ ဖြစ်ပြီး လူငယ်ဂိုးသမား ဒင်းဟန်ဒါဆန် အနေနဲ့ အသင်း နံပါတ် ၁ ဂိုးသမား ဖြစ်ချင်ရင် အခွင့်အရေး ရဖို့ စိတ်ရှည်ရှည်စောင့်ရန် တိုက်တွန်းလိုက်ပါတယ်။

အသက် ၂၉ နှစ်ရှိပြီ ဖြစ်တဲ့ စပိန်သား ဂိုးသမား ဒီဂီယာက ပြီးခဲ့တဲ့ ၁၈ လ လောက် အတွင်းမှာ သူ့ရဲ့ အကောင်းဆုံး လက်စွမ်းကနေ လျောကျခဲ့ပြီး အမှားအယွင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီဂီယာက ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားဆုကို လေးကြိမ် အထိ ရရှိခဲ့ကာ အဓိက ကစားသမား ဖြစ်ခဲ့ပါတယ်။

လူငယ် ဂိုးသမား ဒင်း ဟန်ဒါဆန်ကတော့ ရှက်ဖီးယူနိုက်တက်မှာ အငှား သွားရောက် ကစားနေတာ နှစ်ရာသီ ရှိပြီ ဖြစ်ပြီး အသက် ၂၃ နှစ် အရွယ် အင်္ဂလန်သားဟာ အငှားကလပ်ကို တန်းတက်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့ အပြင် ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း မှတ်တမ်းကောင်းများ ရနေပါတယ်။

ယူနိုက်တက်မှာသာ နေရာ မရသေးပေမယ့် ဒင်း ဟန်ဒါဆန်က တချိန် အင်္ဂလန်ရဲ့ နံပါတ် ၁ ဂိုးသမား ဖြစ်လာမယ်လို့ ခန့်မှန်းခြင်း ခံနေရပါတယ်။ ရှမိုက်ကယ်ကတော့ ဒင်း ဟန်ဒါဆန်ကို ရှက်ဖီးမှာပဲ အငှားဆက် ကစားရင်း လက်စွမ်းကောင်းတွေ ဆက်ထိန်းထားဖို့ တိုက်တွန်းခဲ့ပါတယ်။

” လက်ရှိ မန်ချက်စတာယူနိုက်တက်မှာက ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ယောက် ရှိပြီး ဖြစ်တယ်။ သူကလည်း အသင်းပြောင်းဖို့ အစီအစဉ် မရှိဘူး ဘာလို့ ပြောင်းရွှေ့ရမလဲ မဟုတ်ဘူးလား။ သူ့မှာ အသင်းပြောင်းသွားချင်ရင် ပြောင်းနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၆ နှစ် အတွင်း သူက အသင်း အကောင်းဆုံး ကစားသမား ဆု လေးကြိမ်ထိ ရခဲ့သူပါ။ သူက အသင်းအတွက် ဂိုးသမား တစ်ယောက် ဖြစ်ပေမယ့် အဲဒီလောက် ကောင်းအောင် စွမ်းဆောင် ပြထားတယ်။ လူငယ် ဂိုးသမားတွေ အနေနဲ့ သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။ အချိန်ယူပြီး လုပ်ကြပါ။ ရှက်ဖီးမှာ ကစားနေတာ က ဒင်း ဟန်ဒါဆန် အတွက် ဘာမှ အနှောင့်အယှက် ဖြစ်စရာ မရှိပါဘူး။ ” လို့ ရှမိုက်ကယ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ ဂႏၱ၀င္ ဂိုးသမားၾကီး ပီတာရွမိုက္ကယ္က လက္ရွိ ယူနုိက္တက္ ဂိုးသမား ဒီဂီယာဟာ အသင္းဦးစားေပး အျဖစ္ ဆက္ရွိေနဖို႔ အခ်ိန္ေတာ္ေတာ္ၾကာဦးမွာ ျဖစ္ျပီး လူငယ္ဂိုးသမား ဒင္းဟန္ဒါဆန္ အေနနဲ႕ အသင္း နံပါတ္ ၁ ဂိုးသမား ျဖစ္ခ်င္ရင္ အခြင့္အေရး ရဖို႔ စိတ္ရွည္ရွည္ေစာင့္ရန္ တိုက္တြန္းလိုက္ပါတယ္။

အသက္ ၂၉ နွစ္ရွိျပီ ျဖစ္တဲ့ စပိန္သား ဂိုးသမား ဒီဂီယာက ျပီးခဲ့တဲ့ ၁၈ လ ေလာက္ အတြင္းမွာ သူ႔ရဲ႕ အေကာင္းဆံုး လက္စြမ္းကေန ေလ်ာက်ခဲ့ျပီး အမွားအယြင္းေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒီဂီယာက ျပီးခဲ့တဲ့ ၆ နွစ္အတြင္း ယူနိုက္တက္ရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ေလးၾကိမ္ အထိ ရရွိခဲ့ကာ အဓိက ကစားသမား ျဖစ္ခဲ့ပါတယ္။

လူငယ္ ဂိုးသမား ဒင္း ဟန္ဒါဆန္ကေတာ့ ရွက္ဖီးယူနုိက္တက္မွာ အငွား သြားေရာက္ ကစားေနတာ နွစ္ရာသီ ရွိျပီ ျဖစ္ျပီး အသက္ ၂၃ နွစ္ အရြယ္ အဂၤလန္သားဟာ အငွားကလပ္ကို တန္းတက္လာေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ အျပင္ ဒီရာသီ ပရီးမီးယားလိဂ္မွာလည္း မွတ္တမ္းေကာင္းမ်ား ရေနပါတယ္။

ယူနိုက္တက္မွာသာ ေနရာ မရေသးေပမယ့္ ဒင္း ဟန္ဒါဆန္က တခ်ိန္ အဂၤလန္ရဲ႕ နံပါတ္ ၁ ဂိုးသမား ျဖစ္လာမယ္လို႔ ခန္႔မွန္းျခင္း ခံေနရပါတယ္။ ရွမိုက္ကယ္ကေတာ့ ဒင္း ဟန္ဒါဆန္ကို ရွက္ဖီးမွာပဲ အငွားဆက္ ကစားရင္း လက္စြမ္းေကာင္းေတြ ဆက္ထိန္းထားဖို႔ တိုက္တြန္းခဲ့ပါတယ္။

” လက္ရွိ မန္ခ်က္စတာယူနိုက္တက္မွာက ကမၻာ့အေကာင္းဆံုး ဂိုးသမား တစ္ေယာက္ ရွိျပီး ျဖစ္တယ္။ သူကလည္း အသင္းေျပာင္းဖို႔ အစီအစဥ္ မရွိဘူး ဘာလို႔ ေျပာင္းေရႊ႕ရမလဲ မဟုတ္ဘူးလား။ သူ႔မွာ အသင္းေျပာင္းသြားခ်င္ရင္ ေျပာင္းနုိင္တဲ့ အခြင့္အေရးေတြ ရွိခဲ့ပါတယ္။

ျပီးခဲ့တဲ့ ၆ နွစ္ အတြင္း သူက အသင္း အေကာင္းဆံုး ကစားသမား ဆု ေလးၾကိမ္ထိ ရခဲ့သူပါ။ သူက အသင္းအတြက္ ဂိုးသမား တစ္ေယာက္ ျဖစ္ေပမယ့္ အဲဒီေလာက္ ေကာင္းေအာင္ စြမ္းေဆာင္ ျပထားတယ္။ လူငယ္ ဂိုးသမားေတြ အေနနဲ႕ သင္ယူစရာေတြ အမ်ားၾကီး ရွိပါေသးတယ္။ အခ်ိန္ယူျပီး လုပ္ၾကပါ။ ရွက္ဖီးမွာ ကစားေနတာ က ဒင္း ဟန္ဒါဆန္ အတြက္ ဘာမွ အေနွာင့္အယွက္ ျဖစ္စရာ မရွိပါဘူး။ ” လို႔ ရွမိုက္ကယ္က ေျပာဆိုခဲ့ပါတယ္။