UEFA ကြောင့် အပြောင်းအရွှေ့မှာ စိတ်တိုင်းကျ ထင်တိုင်းကြဲခွင့်ရှိမယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ ယူအီးအက်ဖ်အေရဲ့ စည်းမျဥ်းဖြေလျှော့မှုနဲ့ မီးစိမ်းပြလိုက်တာကြောင့် နွေမှာ ကစားသမား ခေါ်ယူမှုတွေ ဆက်လက်ပြီး ငွေအင်အားသုံး လုပ်ဆောင်နိုင်ဦးမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဇီယက်နဲ့ တီမိုဝါနာ ကစားသမား နှစ်ဦး ခေါ်ယူတာ အတွက် ပေါင် သန်း ၉၀ ဝန်းကျင် သုံးစွဲထားပြီး ဖြစ်ပါတယ်။ လန်ဒန်ကလပ်ရဲ့ နောက်ထပ် ဦးစားပေး ပစ်မှတ်က လက်စတာမှ ဘန်ချေးဝဲလ် ဖြစ်ပြီး ၎င်း အတွက်လည်း ပေါင် သန်း ၈၀ ဝန်းကျင် ကုန်ကျဖွယ် ရှိနေတာပါ။

ပရီးမီးယားလိဂ်က တခြားကလပ်တွေနဲ့ မတူဘဲ ချယ်ဆီးအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကြပ်အတည်းတွေ ရှိနေသည့်တိုင် ကစားသမား ခေါ်ယူအားဖြည့်မှုများကို ဈေးကွက်မဖွင့်ခင်တည်းက တက်တက်ကြွကြွ လုပ်ဆောင်နေပါတယ်။

လိဂ်မှာ အင်အားကြီး ဦးဆောင်လာတဲ့ လီဗာပူးအသင်းထက် လက်ဦးမှု ယူပြီး လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူပြလိုက်တာက နောက်ရာသီအတွက် ချယ်ဆီး ရည်မှန်းချက် ကြီးကြီးထား ပြင်ဆင်နေတာ မြင်သာစေခဲ့ပါတယ်။

ဒါပေမယ့် ကစားသမား ဝယ်ယူဖို့ အသုံးစရိတ်ဟာ အသင်းဝင်ငွေထက် မများရအောင် ထိန်းချုပ်ထားတဲ့ FFP ဘဏ္ဍာရေး စည်းမျဉ်း ရှိနေတာကြောင့် ဇီယက်နဲ့ တီမိုဝါနာပြီးရင် ပြောင်းရွှေ့ကြေးမြင့် ကစားသမား နောက်ထပ် ချယ်ဆီး ခေါ်ယူနိုင်ဦးမလား သံသရှိနေခဲ့ကြပါတယ်။ ချယ်ဆီးအသင်းရဲ့ အခက်အခဲကတော့ ယူအီးအက်ဖ်အေက စည်းမျဉ်းဖြေလျှော့မှု ပြုလုပ်လိုက်တာကြောင့် အဆင်ပြေသွားခဲ့ပြီ ဆိုရမှာပါ။

ယူအီးအက်ဖ်အေက အရေးပေါ် ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး ကလပ်အသင်းတွေရဲ့ ဝင်ငွေ ထွက်ငွေ အသုံးစရိတ်နဲ့ အကျိုးအမြတ် စာရင်းကို ချိန်ညှိဖို့အတွက် အချိန်ထပ်တိုးပေးလိုက်ကြောင်း အသိပေးခဲ့ပါတယ်။ ဒါကြောင့် ချယ်ဆီးအသင်း အနေနဲ့ ကစားသမား ခေါ်ယူဖို့ ဆက်လက် စိတ်တိုင်းကျ လုပ်ဆောင် နိုင်တော့မှာပါ။

ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ချယ်ဆီးအသင်း ဝင်ငွေက အရောင်းစာရင်းနဲ့ ကစားသမား အငှားထုတ်စေလွှတ်မှုတွေကနေသာ သုံးစွဲဖို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ယူအီးအက်ဖ်အေရဲ့ စည်းမျဥ်း ထိန်းညှိပေးမှုကြောင့် ချယ်ဆီးအသင်းဟာ ဥရောပပြိုင်ပွဲ ဝင်ခွင့် ရရှိရင် ရမယ့် ဆုကြေးတွေ ထည့်သွင်း တွက်ချက်နိုင်တော့မှာ ဖြစ်ကာ ကစားသမား ဝယ်ယူခွင့် ပိုလွတ်လပ်စွာ ရရှိမှာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ယူအီးအက္ဖ္ေအရဲ႕ စည္းမ်ဥး္ေျဖေလွ်ာ့မႈနဲ႕ မီးစိမ္းျပလိုက္တာေၾကာင့္ ေႏြမွာ ကစားသမား ေခၚယူမႈေတြ ဆက္လက္ျပီး ေငြအင္အားသံုး လုပ္ေဆာင္နုိင္ဦးမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဇီယက္နဲ႕ တီမို၀ါနာ ကစားသမား နွစ္ဦး ေခၚယူတာ အတြက္ ေပါင္ သန္း ၉၀ ၀န္းက်င္ သံုးစြဲထားျပီး ျဖစ္ပါတယ္။ လန္ဒန္ကလပ္ရဲ႕ ေနာက္ထပ္ ဦးစားေပး ပစ္မွတ္က လက္စတာမွ ဘန္ေခ်း၀ဲလ္ ျဖစ္ျပီး ၄င္း အတြက္လည္း ေပါင္ သန္း ၈၀ ၀န္းက်င္ ကုန္က်ဖြယ္ ရွိေနတာပါ။

ပရီးမီးယားလိဂ္က တျခားကလပ္ေတြနဲ႕ မတူဘဲ ခ်ယ္ဆီးအသင္းဟာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အၾကပ္အတည္းေတြ ရွိေနသည့္တိုင္ ကစားသမား ေခၚယူအားျဖည့္မႈမ်ားကို ေစ်းကြက္မဖြင့္ခင္တည္းက တက္တက္ၾကြၾကြ လုပ္ေဆာင္ေနပါတယ္။

လိဂ္မွာ အင္အားၾကီး ဦးေဆာင္လာတဲ့ လီဗာပူးအသငး္ထက္ လက္ဦးမႈ ယူျပီး လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာကို ေခၚယူျပလိုက္တာက ေနာက္ရာသီအတြက္ ခ်ယ္ဆီး ရည္မွန္းခ်က္ ၾကီးၾကီးထား ျပင္ဆင္ေနတာ ျမင္သာေစခဲ့ပါတယ္။

ဒါေပမယ့္ ကစားသမား ၀ယ္ယူဖို႔ အသံုးစရိတ္ဟာ အသင္း၀င္ေငြထက္ မမ်ားရေအာင္ ထိန္းခ်ဳပ္ထားတဲ့ FFP ဘ႑ာေရး စည္းမ်ဥ္း ရွိေနတာေၾကာင့္ ဇီယက္နဲ႕ တီမို၀ါနာျပီးရင္ ေျပာင္းေရႊ႕ေၾကးျမင့္ ကစားသမား ေနာက္ထပ္ ခ်ယ္ဆီး ေခၚယူနုိင္ဦးမလား သံသရွိေနခဲ့ၾကပါတယ္။ ခ်ယ္ဆီးအသင္းရဲ႕ အခက္အခဲကေတာ့ ယူအီးအက္ဖ္ေအက စည္းမ်ဥ္းေျဖေလွ်ာ့မႈ ျပဳလုပ္လိုက္တာေၾကာင့္ အဆင္ေျပသြားခဲ့ျပီ ဆိုရမွာပါ။

ယူအီးအက္ဖ္ေအက အေရးေပၚ ေၾကျငာခ်က္ ထုတ္ျပန္ခဲ့ျပီး ကလပ္အသင္းေတြရဲ႕ ၀င္ေငြ ထြက္ေငြ အသံုးစရိတ္နဲ႕ အက်ိဳးအျမတ္ စာရင္းကို ခ်ိန္ညွိဖို႔အတြက္ အခ်ိန္ထပ္တိုးေပးလိုက္ေၾကာင္း အသိေပးခဲ့ပါတယ္။ ဒါေၾကာင့္ ခ်ယ္ဆီးအသင္း အေနနဲ႕ ကစားသမား ေခၚယူဖို႔ ဆက္လက္ စိတ္တိုင္းက် လုပ္ေဆာင္ နိုင္ေတာ့မွာပါ။

ျပီးခဲ့တဲ့ နွစ္ေတြ အတြင္း ခ်ယ္ဆီးအသင္း ၀င္ေငြက အေရာင္းစာရင္းနဲ႕ ကစားသမား အငွားထုတ္ေစလႊတ္မႈေတြကေနသာ သံုးစြဲဖို႔ ရွိခဲ့ပါတယ္။ ဒါေပမယ့္ ယူအီးအက္ဖ္ေအရဲ႕ စည္းမ်ဥး္ ထိန္းညွိေပးမႈေၾကာင့္ ခ်ယ္ဆီးအသင္းဟာ ဥေရာပျပိဳင္ပြဲ ၀င္ခြင့္ ရရွိရင္ ရမယ့္ ဆုေၾကးေတြ ထည့္သြင္း တြက္ခ်က္နုိင္ေတာ့မွာ ျဖစ္ကာ ကစားသမား ၀ယ္ယူခြင့္ ပိုလြတ္လပ္စြာ ရရွိမွာ ျဖစ္ပါတယ္။