ငယ်ရွယ်တဲ့ တက်သစ်စ ခြေစွမ်းထက် ကြယ်ပွင့်တွေကို ရှာဖွေလာတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒေါ့မွန်မှ ဘယ်လင်ဟမ်ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း The Athletic သတင်းဌာနက ဆိုပါတယ်။
ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖို့ဒ်အသင်းဟာ စပါးကြယ်ပွင့်ဟောင်း အဲရစ်ဆန်ကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေးနေပါတယ်။ အသက် ၂၉ နှစ်အရွယ် ဒိန်းမတ် လက်ရွေးစင် ကစားသမားဟာ နှလုံးရောဂါကြောင့် အီတလီမှာ ဆက်ကစားဖို့ မဖြစ်နိုင်တော့လို့ ပြီးခဲ့တဲ့လကပဲ အင်တာနဲ့ လမ်းခွဲခဲ့တာပါ။
နယူးကာဆယ် အသင်းဟာ အီဒင် ဟာဇက်ကို ချိတ်ဆက်လာနေတယ် သတင်းထွက်လာပေမယ့် ဘယ်လ်ဂျီယံသားဟာ ရီးရဲလ်ကနေ ထွက်ခွာပြီး စိန့်ဂျိမ်းပါ့ခ် ပြောင်းလာဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို သူ့အနာဂတ် ကိစ္စ ဆုံးဖြတ်ဖို့ ၄၈ နာရီ အချိန်ပေးလိုက်ပြီ ဖြစ်ကြောင်း စပိန် သတင်းတွေက ဆိုပါတယ်။ ပြင်သစ်သားဟာ ရာသီကုန်ရင် စာချုပ်ကုန်ဆုံးပြီး ဘာစီလိုနာကနေ ပြောင်းရွှေ့ကြေးလွတ် ထွက်ခွာနိုင်တော့မှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အသက် ၁၈ နှစ်အရွယ် ကျူပီအာ အသင်း တိုက်စစ်မှုး ဆင်ကလဲယား အမ်းစ်ထရောင်းကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဘာစီလိုနာအသင်းမှ အသက် ၂၂ နှစ် အရွယ် ခံစစ်မှုး ရော်နယ် အရာဂျို ကို စောင့်ကြည့်နေကြောင်း သတင်းတွေက ဆိုပါတယ်။ ၎င်းရဲ့ လက်ရှိ စာချုပ်က ၁၈ လသာ ကျန်ပြီး ဘာစီလိုနာက သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။
ပေါ်တူဂီသား ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ ၎င်းကို သက်တမ်းတိုး စာချုပ်သစ် ချုပ်လိုနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။ ၎င်းရဲ့ လက်ရှိ စာချုပ်က ၂၀၂၅ ထိ ရှိနေပေမယ့် ယူနိုက်တက်က ပိုကောင်းမယ့် အချက်တွေ ထည့်ပြီး စာချုပ်သစ် ချုပ်လိုနေတာပါ။
အာဆင်နယ်အသင်းဟာ အဓိက တိုက်စစ်ပစ်မှတ် ဗလာဟိုဗစ် အတွက် ပေါင် သန်း ၅ဝ အပြင် ကစားသမား အလိုက် ပေးမှု အဖြစ် တော်ရဲရားကို ထည့်သွင်းတဲ့ ကမ်းလှမ်းမှု အသစ် တစ်ရပ် ထပ်မံ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဖီအိုရင်တီးနား ဘက်ကတော့ ပြောင်းရွှေ့ကြေး အဖြစ် ယူရို ၇၅ သန်းကို တခါတည်း ပေးချေတာ အလိုရှိနေပါတယ်။

လီဗာပူးနည်းပြ ကလော့ပ် မျက်စိကျနေတဲ့ လိဒ်ယူနိုက်တက် ကစားသမား ကယ်ဗင် ဖိလစ်ကို ရီးရဲလ်မက်ဒရစ်ကလည်း အလိုရှိလာနေပါတယ်။ ဖိလစ်ကို လိဒ်ကတော့ လုံးဝ မရောင်းဘူးလို့ ဆိုထားတာပါ။
ဘင်နီတက်ဇ်ကို ထုတ်ပယ်လိုက်ပြီးနောက် အဲဗာတန် နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဒါဘီနည်းပြ ဝိန်းရွန်းနီက ရေပန်းစားလာပေမယ့် အဲဗာတန်ဘက်က တရားဝင် ချဉ်းကပ် ကမ်းလှမ်းမှု မပြုလုပ်သေးဘူးလို့ သိရပါတယ်။
တော့တင်ဟမ် စပါးအသင်းဟာ လာမယ့်နွေမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဝါရင့် ဂိုးသမား လိုရစ်ကို မကြာခင်မှာပဲ သက်တမ်းတိုး စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။
