Transfer: ဘယ်လင်ဟမ် အပါဝင် မန်ယူနိုက်တက် ရေဒါထဲက အဓိက ကွင်းလယ်ပစ်မှတ် ၃ ဦး

အင်္ဂလန် The Athletic သတင်းဌာန အဆိုအရ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရန်းနစ်ဟာ အသင်း ကွင်းလယ်ကို အင်အားဖြည့်ဖို့ အလေးအနက် စီစဉ်နေပြီး ယူနိုက်တက် ရေဒါထဲမှာ အဓိက ပစ်မှတ် ကစားသမား ၃ ဦးလည်း ရှိနေပြီလို့ သိရပါတယ်။

ထိုထဲမှာ ပထမ ဦးစားပေး အဖြစ် သတ်မှတ်ထားတာတော့ ဒေါ့မွန် ကြယ်ပွင့်လေး ဂျူ့ဒ် ဘယ်လင်ဟမ် ဖြစ်ပါတယ်။ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဘယ်လင်ဟမ်ဟာ ဆာအဲလက်စ် ခေတ်တုန်းက ကာရင်တန် လေ့ကျင့်ရေးထိတောင် ရောက်ခဲ့ပြီး ယူနိုက်တက်နဲ့ လွဲချော်ခဲ့သူပါ။

လက်ရှိမှာတော့ ဒေါ့မွန်အသင်းနဲ့ အတူ တောက်ပနေပြီး ဆယ်ကျော်သက် လူငယ်လေးဟာ ဒီရာသီ ၂၆ ပွဲ ကစားပြီး ၄ ဂိုးသွင်း၊ ၁ဝ ဂိုး ထောက်ပံ့မှုပြုလုပ်ထားပါတယ်။ ဒါပေမယ့် ဘယ်လင်ဟမ်ရဲ့ လက်ရှိ စာချုပ်က ၂ဝ၂၅ ထိ ရှိနေတာကြောင့် ဒေါ့မွန်ကတော့ ဈေးချိုချိုနဲ့ လက်လွှတ်မှာ မဟုတ်ပါဘူး။

၎င်းအပြင် ယူနိုက်တက်ရဲ့ နောက်ထပ် ပစ်မှတ်ကတော့ ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ်ပါ။ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိပြီး ခြေစွမ်းပြလက်စ အင်္ဂလန်သား ပီပီ ၎င်း တန်ကြေးကလည်း ပေါင် သန်း ၁ဝဝ လို့ ဝက်စ်ဟမ်းက သတ်မှတ်ထားပါတယ်။

နောက်ထပ် ပစ်မှတ် ကစားသမားကတော့ လိုက်ပ်ဇစ်မှ ဟိုင်ဒါရာ ဖြစ်ပါတယ်။ ဟိုင်ဒါရာကတော့ နည်းပြ ရန်းနစ် တပည့်ဟောင်း ဖြစ်ပြီး ဂျာမန်သားကြီး အကြိုက်တွေ့ပြီးသား သူ ဖြစ်ပါတယ်။

ဒီပစ်မှတ် ကစားသမားတွေထဲက တစ်ဦးသာ ဒီ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောက်ရှိလာနိုင်ပြီး ဖြစ်နိုင်ခြေ အများဆုံးက ဟိုင်ဒါရာ ဖြစ်နေပါတယ်။ ယူနိုက်တက်ဟာ ဟိုင်ဒါရာအတွက် လိုက်ပ်ဇစ်နဲ့ ဆွေးနွေးမှုတွေလည်း စတင်ထားပြီးလို့ ဂျာမာန် သတင်းတွေ့ ဆိုပါတယ်။

ဘယ်လင်ဟမ်ကတော့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပေမယ့် ယူနိုက်တက် လောလောဆယ် ခေါ်ယူနိုင်ဖို့ အတော် ခက်ခဲနေပါတယ်။

Zawgyi

အဂၤလန္ The Athletic သတင္းဌာန အဆိုအရ မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ရန္းနစ္ဟာ အသင္း ကြင္းလယ္ကို အင္အားျဖည့္ဖို႔ အေလးအနက္ စီစဥ္ေနျပီး ယူနိုက္တက္ ေရဒါထဲမွာ အဓိက ပစ္မွတ္ ကစားသမား ၃ ဦးလည္း ရွိေနျပီလို႔ သိရပါတယ္။

ထိုထဲမွာ ပထမ ဦးစားေပး အျဖစ္ သတ္မွတ္ထားတာေတာ့ ေဒါ့မြန္ ၾကယ္ပြင့္ေလး ဂ်ဴ႕ဒ္ ဘယ္လင္ဟမ္ ျဖစ္ပါတယ္။ အသက္ ၁၈ နွစ္သာ ရွိေသးတဲ့ ဘယ္လင္ဟမ္ဟာ ဆာအဲလက္စ္ ေခတ္တုန္းက ကာရင္တန္ ေလ့က်င့္ေရးထိေတာင္ ေရာက္ခဲ့ျပီး ယူနိုက္တက္နဲ႕ လြဲေခ်ာ္ခဲ့သူပါ။

လက္ရွိမွာေတာ့ ေဒါ့မြန္အသင္းနဲ႕ အတူ ေတာက္ပေနျပီး ဆယ္ေက်ာ္သက္ လူငယ္ေလးဟာ ဒီရာသီ ၂၆ ပြဲ ကစားျပီး ၄ ဂိုးသြင္း၊ ၁ဝ ဂိုး ေထာက္ပံ့မႈျပဳလုပ္ထားပါတယ္။ ဒါေပမယ့္ ဘယ္လင္ဟမ္ရဲ႕ လက္ရွိ စာခ်ဳပ္က ၂ဝ၂၅ ထိ ရွိေနတာေၾကာင့္ ေဒါ့မြန္ကေတာ့ ေစ်းခ်ိဳခ်ိဳနဲ႕ လက္လႊတ္မွာ မဟုတ္ပါဘူး။

၄င္းအျပင္ ယူနိုက္တက္ရဲ႕ ေနာက္ထပ္ ပစ္မွတ္ကေတာ့ ဝက္စ္ဟမ္း ကြင္းလယ္ ကစားသမား ဒီကလန္ ရိုက္စ္ပါ။ ပရီးမီးယားလိဂ္ အေတြ႔အၾကံဳ ရွိျပီး ေျခစြမ္းျပလက္စ အဂၤလန္သား ပီပီ ၄င္း တန္ေၾကးကလည္း ေပါင္ သန္း ၁ဝဝ လို႔ ဝက္စ္ဟမ္းက သတ္မွတ္ထားပါတယ္။

ေနာက္ထပ္ ပစ္မွတ္ ကစားသမားကေတာ့ လိုက္ပ္ဇစ္မွ ဟိုင္ဒါရာ ျဖစ္ပါတယ္။ ဟိုင္ဒါရာကေတာ့ နည္းျပ ရန္းနစ္ တပည့္ေဟာင္း ျဖစ္ျပီး ဂ်ာမန္သားၾကီး အၾကိဳက္ေတြ႔ျပီးသား သူ ျဖစ္ပါတယ္။

ဒီပစ္မွတ္ ကစားသမားေတြထဲက တစ္ဦးသာ ဒီ ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ေရာက္ရွိလာနိုင္ျပီး ျဖစ္နိုင္ေျခ အမ်ားဆံုးက ဟိုင္ဒါရာ ျဖစ္ေနပါတယ္။ ယူနိုက္တက္ဟာ ဟိုင္ဒါရာအတြက္ လိုက္ပ္ဇစ္နဲ႕ ေဆြးေႏြးမႈေတြလည္း စတင္ထားျပီးလို႔ ဂ်ာမာန္ သတင္းေတြ႕ ဆိုပါတယ္။

ဘယ္လင္ဟမ္ကေတာ့ ထိပ္တန္း ပစ္မွတ္ အျဖစ္ သတ္မွတ္ထားေပမယ့္ ယူနိုက္တက္ ေလာေလာဆယ္ ေခၚယူနိုင္ဖို႔ အေတာ္ ခက္ခဲေနပါတယ္။