နယူးကာဆယ်ကို ငြင်းကြတဲ့ ဟာဇက်နဲ့ လာကာဇက်၊ ဒီဂျောင်အတွက် တန်ကြေးနဲ့ ဥရောပ အပြောင်းအရွှေ့ သတင်းများ

ရီးရဲလ်မက်ဒရစ်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာ အသင်းတို့ အပြိုင်ချိတ်ဆက်နေတဲ့ မာဆေး ကြယ်ပွင့် ကာမာရာကို ခေါ်ယူရေးမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ် ကာမာရာဟာ ဗဟိုခံစစ်မှာ ကစားနိုင်သလို ကွင်းလယ် အထိုင်လည်း ကစားနိုင်ပြီး နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရနိုင်မှာပါ။

ဗန်ဒီဘိခ်ကို ခေါ်ယူစဉ်က မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားဟာ လုံးဝ လိုလားခဲ့ခြင်း မရှိဘူးလို့ ESPN သတင်း အဆိုအရ သိရပါတယ်။

အာဆင်နယ် တိုက်စစ်မှုး လာကာဇက်ဟာ နယူးကာဆယ် အသင်းထံကနေ ကမ်းလှမ်းမှု ရခဲ့ပေမယ့် ငြင်းပယ်ခဲ့တယ် လို့ သိရပါတယ်။ ပြင်သစ်သားဟာ ပရီးမီးယားလိဂ် ကလပ်ချင်း ပြောင်းပြီး တန်းဆင်းဇုန်မှာ ရုန်းရမှာထက် လောလောဆယ် မြောက်လန်ဒန်မှာပဲ ဆက်နေမယ်လို့ ရွေးချယ်ခဲ့တာပါ။

ဘာစီလိုနာက ဒီလထဲမှာ ကွင်းလယ်ကစားသမား ဒီဂျောင် အတွက် ကမ်းလှမ်းမှုတွေ လက်ခံ စဉ်းစားဖို့ ရှိနေပါတယ်။ ဒီလထဲမှာ ချယ်ဆီးအသင်းက ဒီဂျောင် အတွက် ပေါင် ၃၃ သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ဘာစီလိုနာက ဒိထက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရှိလိုနေပြီး ပေါင် သန်း ၅ဝ အနည်းဆုံး ရရှိလိုနေပါတယ်။

PSV အသင်းဟာ လီဗာပူး ခံစစ်သမား နတ် ဖိလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ လီဗာပူးက ဖိလစ်အတွက် ပေါင် ၁၂ သန်း ဈေး သတ်မှတ်ထားပါတယ်။

ချယ်ဆီးအသင်းဟာ ဘာစီလိုနာ ညာစွန်ခံစစ်သမား ဆာဂျီနို ဒက်စ် ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။ ကစားသမားရဲ့ အေးဂျင့်ကတော့ ဒက်စ်ဟာ ဇန်နဝါရီမှာတော့ အသင်းပြောင်းမှာ မဟုတ်ဘူးလို့ ဆိုထားပြီး ၎င်းက နူးကမ့်မှာ ပွဲကစားခွင့် ရဖို့ ရုန်းကန်နေရပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဖို့ ဆွေးနွေးမှုကို ရပ်လိုက်ပေမယ့် မန်ချက်စတာ ကလပ်ကနေ ထွက်ခွာဖို့တော့ အစီအစဉ် မရှိကြောင်း သိရပါတယ်။

နယူးကာဆယ် အသင်းဟာ ရီးရဲလ် မက်ဒရစ် ကစားသမား အီဒင် ဟာဇက်ကို ယူရို သန်း ၄ဝ နဲ့ ကမ်းလှမ်းခဲ့ပြီး ရီးရဲလ်ကလည်း ရောင်းချလိုပေမယ့် ကစားသမားက ငြင်းဆန် ပယ်ချလိုက်ပါတယ်။

အဲဗာတန်အသင်းဟာ နည်းပြဟောင်း မာတီနက်ဇ်ကို ပြန်ခေါ်ယူ ခန့်အပ်ချင်ပေမယ့် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းကတော့ မာတီနက်ဇ်ကို ၂၀၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ကိုင်တွယ်စေချင်တာကြောင့် လက်လွှတ်မှာ မဟုတ်ပါဘူး။

တယ်လီဂရပ်ဖ် သတင်း အဆိုအရ မန်ချက်စတာ ယူနိုက်တက်ဟာ အက်စတွန်ဗီလာ ကွင်းလယ် ကစားသမား ဂျွန် မက်ဂျင်းကို ခေါ်ယူဖို့ နွေမှာ ကြိုးစားလာမယ်လို့ သိရပါတယ်။