မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ အဒါဘင်း ညာစွန်ခံစစ်သမား ကယ်ဗင် ရမ်ဆေးကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း အင်္ဂလန်သတင်းတွေက ဆိုပါတယ်။
လီဗာပူးအသင်းဟာ နတ် ဖိလစ်ကို ဒီအပြောင်းအရွှေ့မှာ ရောင်းထုတ်ဖွယ် ရှိနေတာကြောင့် ဆွမ်ဆီးမှာ အငှားချထားတဲ့ ရွိုင်းစ် ဝီလီယံကို ပြန်ခေါ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ ဝီလီယံကလည်း ချန်ပီယံရှစ်ကလပ်မှာ ပြိုင်ပွဲစုံ ၇ ပွဲသာ ကစားရပါသေးတယ်။
အာဆင်နယ်နဲ့ ဂျူဗင်တပ်တို့က ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ဖီအိုရင်တီးနားဟာ ဇန်နဝါရီမှာ ရောင်းချသွားဖို့ ဆန္ဒ မရှိပဲ ရာသီကုန်အထိ ဆက်ထိန်းသိမ်းသွားမှာပါ။ အာဆင်နယ်က ဗလာဟိုဗစ် အတွက် အလိုက်ပေး ကမ်းလှမ်း ညှိနှိုင်းမှုတွေပါ ပြုလုပ်ထားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နယူးကာဆယ် အသင်းဟာ ဆီဗီလာအသင်းမှ ခံစစ်မှုး ဒီယေဂို ကားလို့စ်ကို ၅ နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။
အေစီမီလန်၊ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်တို့ဟာ ဖီနာဘာချီ နောက်ခံလူ ဆာလိုင်းကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဖီနာဘာချီဟာ နွေရာသီမှာ ဖရီးအေးဂျင့်မဖြစ်ခင် ၎င်းကို ပေါင် ၁၇ သန်းဝန်းကျင်နဲ့ ရောင်းချလိုနေတာပါ။
ဘာစီလိုနာဟာ ဘိုကာ ဂျူနီယာဂိုးသမား ဩဂက်စတင် ရော့စီကို စိတ်ဝင်စားနေပြီး ဒီလထဲမှာ နျူးကမ့်ကနေ ထွက်ခွာဖို့ မျှော်လင့်ရတဲ့ အရန်ဂိုးသမား နီတိုအတွက် အစားထိုးစရာအဖြစ် မြင်နေပါတယ်။
အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှုး လူးဝစ် ဆွာရက်စ်ဟာ လီဗာပူး အသင်းဖော်ဟောင်းတွေနဲ့ ပြန် ပူးပေါင်းဖို့ အက်စတွန်ဗီလာအသင်းထံ ပြောင်းရွှေ့ရန် ဆွေးနွေးနေပါတယ်။ ဗီလာ နည်းပြ ဂျရတ်ကလည်း ကော်တင်ညို ခေါ်ယူပြီးနောက် ဆွာရက်စ်ကို ကိုယ်တိုင် ဖုန်းဆက် စည်းရုံးနေခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ရန်းနစ်က ရာသီကုန်မှာ ပေါ့ဘာကို ပြောင်းရွှေ့ အလွတ်နဲ့ လက်လွှတ်ရမယ် ဆိုရင်လည်း သဘောထား မပြောင်းဘဲ အသင်းအတွက် လိုအပ်တဲ့နေရာ သုံးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စတီဖာနို ဆန်ဆီဟာ အင်တာကနေ ဆမ်ဒိုးရီးယားထံ အငှားပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီး လက်ကျန်ရာသီကို စီးရီးအေကလပ်နဲ့အတူ ဆက်ကစားသွားမှာ ဖြစ်ပါတယ်။
အတ္တလန္တာဟာ အဘာဒင်းကနေ ရော်နယ် ဟာနန်ဒက်ဇ်ကို ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပြီး ၂၀၂၄ မတိုင်ခင်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
