လီဗာပူး ကြယ်ပွင့်ဟောင်းတွေ ပြန်စုနေတဲ့ အက်စတွန်ဗီလာ နည်းပြ ဂျရတ်ရဲ့ နောက်ထပ် ပစ်မှတ်

စပိန်ဘက်က ယုံကြည်ရတဲ့ သတင်းထောက် ရိုမီရို အဆိုအရ အက်စတွန်ဗီလာ အသင်းဟာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှုး လူးဝစ် ဆွာရက်စ်ကို ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။

အက်စတွန်ဗီလာ နည်းပြ စတီဗင် ဂျရတ်ဟာ ကော်တင်ညို ကို ဘာစီလိုနာထံကနေ ခေါ်ယူပြီးနောက် လူးဝစ် ဆွာရက်စ်ဘက် ဦးတည်လာတာကြောင့် လီဗာပူး ကြယ်ပွင့်ဟောင်းတွေကို ပရီးမီးယားလိဂ်မှာ ခေါ်ယူပြီး ပြန် တောက်ပစေဖို့ ရည်ရွယ်လာပုံပါ။

ဂျရတ်ဟာ ကော်တင်ညိုနဲ့တင်မက ဆွာရက်စ်နဲ့ပါ ပုဂ္ဂိုလ်ရေး ရင်းနှီးခင်မင်မှု ရှိနေပြီး ဥရုဂွေးသား တိုက်စစ်မှုးကို ကိုယ်တိုင် ဖုန်းခေါ်ကာ ဗီလာ ပြောင်းလာဖို့ စည်းရုံးနေကြောင်း သိရပါတယ်။

ဆွာရက်စ်ရဲ့ အက်သလက်တီကိုနဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၂ ဇူလိုင်မှာ ကုန်ဆုံးပြီ ဖြစ်တာကြောင့် လီဗာပူး တိုက်စစ်မှုးဟောင်းဟာ ဒီလထဲမှာ ပြည်ပကလပ်တွေနဲ့ တရားဝင် ဆွေးနွေးခွင့်လည်း ရှိနေပြီ ဖြစ်ပါတယ်။

အသက် ၃၄ နှစ် အရွယ် တိုက်စစ်မှုး ဆွာရက်စ်ဟာ ကော်တင်ညိုနဲ့ အတူလည်း လီဗာပူးမှာ မိတ်ဆွေကောင်းတွေ ဖြစ်ပြီး အတူ တွဲကစား အစွမ်းပြခဲ့ကြပါတယ်။ နှစ်ယောက်ပေါင်း လီဗာပူးမှာ ၁ဝ၆ ပွဲ အတူ တွဲကစားပြီး ၁၅ ဂိုး သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဆွာရက်စ်ဟာ ဗီလာမှာ မိတ်ဆွေဟောင်းတွေနဲ့ ပြန် လက်တွဲသွားနိုင်တယ်လို့ ယူဆရပြီး သတင်းထောက် ရိုမီရိုကလည်း ဂျရတ်နဲ့ ပြောဆိုဆွေးနွေးမှုတွေ အဆင်ပြေရင် ဆွာရက်စ် တစ်ယောက် ဒီလထဲမှာတောင် ပရီးမီးယားလိဂ် ပြန်ရောက် သွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Zawgyi

စပိန္ဘက္က ယံုၾကည္ရတဲ့ သတင္းေထာက္ ရိုမီရို အဆိုအရ အက္စတြန္ဗီလာ အသင္းဟာ အက္သလက္တီကို မက္ဒရစ္ တိုက္စစ္မႈး လူးဝစ္ ဆြာရက္စ္ကို ကမ္းလွမ္းမႈ တစ္ရပ္ ျပဳလုပ္ထားေၾကာင္း သတင္းထြက္ေပၚလာပါတယ္။

အက္စတြန္ဗီလာ နည္းျပ စတီဗင္ ဂ်ရတ္ဟာ ေကာ္တင္ညိဳ ကို ဘာစီလိုနာထံကေန ေခၚယူျပီးေနာက္ လူးဝစ္ ဆြာရက္စ္ဘက္ ဦးတည္လာတာေၾကာင့္ လီဗာပူး ၾကယ္ပြင့္ေဟာင္းေတြကို ပရီးမီးယားလိဂ္မွာ ေခၚယူျပီး ျပန္ ေတာက္ပေစဖို႔ ရည္ရြယ္လာပံုပါ။

ဂ်ရတ္ဟာ ေကာ္တင္ညိဳနဲ႕တင္မက ဆြာရက္စ္နဲ႕ပါ ပုဂၢိဳလ္ေရး ရင္းနွီးခင္မင္မႈ ရွိေနျပီး ဥရုေဂြးသား တိုက္စစ္မႈးကို ကိုယ္တိုင္ ဖုန္းေခၚကာ ဗီလာ ေျပာင္းလာဖို႔ စည္းရံုးေနေၾကာင္း သိရပါတယ္။

ဆြာရက္စ္ရဲ႕ အက္သလက္တီကိုနဲ႕ လက္ရွိစာခ်ဳပ္ဟာ ၂၀၂၂ ဇူလိုင္မွာ ကုန္ဆံုးျပီ ျဖစ္တာေၾကာင့္ လီဗာပူး တိုက္စစ္မႈးေဟာင္းဟာ ဒီလထဲမွာ ျပည္ပကလပ္ေတြနဲ႕ တရားဝင္ ေဆြးေႏြးခြင့္လည္း ရွိေနျပီ ျဖစ္ပါတယ္။

အသက္ ၃၄ နွစ္ အရြယ္ တိုက္စစ္မႈး ဆြာရက္စ္ဟာ ေကာ္တင္ညိဳနဲ႕ အတူလည္း လီဗာပူးမွာ မိတ္ေဆြေကာင္းေတြ ျဖစ္ျပီး အတူ တြဲကစား အစြမ္းျပခဲ့ၾကပါတယ္။ နွစ္ေယာက္ေပါင္း လီဗာပူးမွာ ၁ဝ၆ ပြဲ အတူ တြဲကစားျပီး ၁၅ ဂိုး သြင္းယူခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဆြာရက္စ္ဟာ ဗီလာမွာ မိတ္ေဆြေဟာင္းေတြနဲ႕ ျပန္ လက္တြဲသြားနိုင္တယ္လို႔ ယူဆရျပီး သတင္းေထာက္ ရိုမီရိုကလည္း ဂ်ရတ္နဲ႕ ေျပာဆိုေဆြးေႏြးမႈေတြ အဆင္ေျပရင္ ဆြာရက္စ္ တစ္ေယာက္ ဒီလထဲမွာေတာင္ ပရီးမီးယားလိဂ္ ျပန္ေရာက္ သြားနိုင္တယ္လို႔ သံုးသပ္ထားပါတယ္။