ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (19/06/20)

စီးရီးအေကလပ် ရိုးမားကတော့ ပရီးမီးယားလိဂ်ကနေ အငှားခေါ်ထားတဲ့ ယူနိုက်တက် ခံစစ်မှူး စမောလင်းနဲ့ အာဆင်နယ် ကွင်းလယ်သမား မီခီတာရန်တို့ကို ပြန်မလွှတ်လိုဘဲ အငှားဆက်လက် ခေါ်ယူထားလိုနေပါတယ်။

ယူနိုက်တက်မှာ ပွဲထွက် ဂိုးသမား ဖြစ်နေတဲ့ ဒီဂီယာက အိုးထရက်ဖို့ဒ်မှာ အချိန်အတော်ကြာ နေရာယူဦးမှာ ဖြစ်တာကြောင့် လူငယ် ဂိုးသမား ဒင်းဟန်ဒါဆန် အနေနဲ့ နေရာရဖို့ စိတ်ရှည်ရှည် စောင့်ဆိုင်းသင့်ကြောင်း ဂိုးသမားဟောင်းကြီး ရှမိုက်ကယ်က တိုက်တွန်းလိုက်ပါတယ်။

စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ရက်ရှ်ဖို့ဒ်၊ ပေါ့ဂ်ဘာတို့ ပါဝင်လာနိုင်ပြီး နောက်ခံလူနှစ်ဦးဖြစ်တဲ့ တွန်ဇီဘီ နဲ့ ဖီးလ်ဂျုံးစ်တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ကြောင်း ဆိုးရှားက အတည်ပြုပြောဆိုထားပါတယ်။

ကွင်းလယ်ကစားသမား ဖရက်ဟာ လဲကျနေရာက ရုန်းထပြီး ဒီရာသီ ခြေစွမ်းကောင်းများ ပြသနေကြောင်း တိုက်စစ်မှူးဟောင်းကြီး ဘာဘာတော့ဗ်က ချီးကျူးလိုက်ကာ ဖရက်က ဒီရာသီ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ခံစစ်မှူး ဝမ် ဘစ်ဆာကာက ပွဲဦးထွက် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားပေမယ့် ယူနိုက်တက် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ထိုက်တန်မှုမျိုုးတော့ မပြသနိုင်သေးကြောင်း ဂရေမီ ဆောင်းနက်က သုံးသပ်လိုက်ပါတယ်။

ယူနိုက်တက် နည်းပြဟောင်း ဖြစ်ပြီး လက်ရှိ စပါးနည်းပြ ဖြစ်နေတဲ့ မော်ရင်ညိုက တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ သူ စတွေ့တုန်းက အသက် ၁၈ နှစ်သား ကောင်လေး မဟုတ်တော့ဘဲ လူကြီးတစ်ယောက်လို ရင့်ကျက်လာကာ ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်လာနေကြောင်း ချီးကျူးခဲ့ပါတယ်။

ပေါ့ဘာက မန်ချက်စတာ ယူနိုက်တက်မှာ ဆက်ရှိနေမှာ ဖြစ်ပြီး တကယ့် လူမှန်တွေက ပြင်သစ်သားကို စည်းရုံးနိုင်ခဲ့ကြောင်း ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်က ဆိုခဲ့ပါတယ်။

Zawgyi – စီးရီးေအကလပ္ ရိုးမားကေတာ့ ပရီးမီးယားလိဂ္ကေန အငွားေခၚထားတဲ့ ယူနိုက္တက္ ခံစစ္မွဴး စေမာလင္းနဲ႕ အာဆင္နယ္ ကြင္းလယ္သမား မီခီတာရန္တို႔ကို ျပန္မလႊတ္လိုဘဲ အငွားဆက္လက္ ေခၚယူထားလိုေနပါတယ္။

ယူနိုက္တက္မွာ ပြဲထြက္ ဂိုးသမား ျဖစ္ေနတဲ့ ဒီဂီယာက အိုးထရက္ဖို႔ဒ္မွာ အခ်ိန္အေတာ္ၾကာ ေနရာယူဦးမွာ ျဖစ္တာေၾကာင့္ လူငယ္ ဂိုးသမား ဒင္းဟန္ဒါဆန္ အေနနဲ႕ ေနရာရဖို႔ စိတ္ရွည္ရွည္ ေစာင့္ဆိုင္းသင့္ေၾကာင္း ဂိုးသမားေဟာင္းၾကီး ရွမိုက္ကယ္က တိုက္တြန္းလိုက္ပါတယ္။

စပါးအသင္းနဲ႔ ရင္ဆိုင္ရမယ့္ပြဲမွာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းအတြက္ ရက္ရွ္ဖို႔ဒ္၊ ေပါ့ဂ္ဘာတို႔ ပါဝင္လာနိုင္ျပီး ေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ တြန္ဇီဘီ နဲ႔ ဖီးလ္ဂ်ဳံးစ္တို႔ကေတာ့ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာျဖစ္ေၾကာင္း ဆိုးရွားက အတည္ျပဳေျပာဆိုထားပါတယ္။

ကြင္းလယ္ကစားသမား ဖရက္ဟာ လဲက်ေနရာက ရုန္းထျပီး ဒီရာသီ ေျခစြမ္းေကာင္းမ်ား ျပသေနေၾကာင္း တိုက္စစ္မွဴးေဟာင္းၾကီး ဘာဘာေတာ့ဗ္က ခ်ီးက်ဴးလိုက္ကာ ဖရက္က ဒီရာသီ ယူနုိက္တက္ရဲ႕ အေကာင္းဆံုး ကစားသမား ျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။

ခံစစ္မွဴး ၀မ္ ဘစ္ဆာကာက ပြဲဦးထြက္ ေဘာလံုးရာသီမွာ ေျခစြမ္းေကာင္းေတြ ျပသထားေပမယ့္ ယူနိုက္တက္ ေပးခဲ့ရတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၅၀ နဲ႕ ထိုက္တန္မႈမ်ိဳုးေတာ့ မျပသနိုင္ေသးေၾကာင္း ဂေရမီ ေဆာင္းနက္က သံုးသပ္လိုက္ပါတယ္။

ယူနိုက္တက္ နည္းျပေဟာင္း ျဖစ္ျပီး လက္ရွိ စပါးနည္းျပ ျဖစ္ေနတဲ့ ေမာ္ရင္ညိဳက တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ဟာ သူ စေတြ႔တုန္းက အသက္ ၁၈ နွစ္သား ေကာင္ေလး မဟုတ္ေတာ့ဘဲ လူၾကီးတစ္ေယာက္လို ရင့္က်က္လာကာ ျပီးျပည့္စံုတဲ့ ကစားသမား ျဖစ္လာေနေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။

ေပါ့ဘာက မန္ခ်က္စတာ ယူနုိက္တက္မွာ ဆက္ရွိေနမွာ ျဖစ္ျပီး တကယ့္ လူမွန္ေတြက ျပင္သစ္သားကို စည္းရံုးနုိင္ခဲ့ေၾကာင္း ဂိုးသမားၾကီး ပီတာ ရွမိုက္ကယ္က ဆိုခဲ့ပါတယ္။