ချယ်ဆီး ရောင်းထုတ်မယ် သတင်းထွက်နေတဲ့ ကန်တေနဲ့ ပတ်သတ်ပြီး လမ်းပတ် ထွက်ရှင်းပြီ

အပြောင်းအရွှေ့အတွက် ခြေလှမ်းသွက်သွက် လှုပ်ရှားနေတဲ့ ချယ်ဆီးအသင်းဟာ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို ပေါင် ၄၇.၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူပြီးတဲ့နောက် ဂျာမန်သား ပြောင်းရွှေ့ကြေးနဲ့ နောက်ထပ် ခေါ်ယူမှုတွေ အသုံးစရိတ်အတွက် ကွင်းလယ် ကစားသမား ကန်တေကို ရောင်းချဖို့စီစဉ်နေကြောင်း ဒီတလောမှာ သတင်းကြီးနေပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ ဒီသတင်းတွေ မဟုတ်ကြောင်းနဲ့ ကန်တေကို အသင်း အစီအစဉ်တွေထဲမှာ ထည့်သုံးမှာ ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုလိုက်ပါတယ်။ ဒီရာသီ ကန်တေကို သိပ် ပွဲမထုတ်နိုင်ရတာကလည်း ပြင်သစ်သားရဲ့ ဒဏ်ရာတွေကြောင့်သာ ဖြစ်တယ်လို့ လမ်းပတ်က ဆိုပါတယ်။

” အန်ဂိုလို (ကန်တေ) နဲ့ ပတ်သတ်ပြီး ပြောဆိုနေကြတာတွေ အသင်းနဲ့ သူ့အနာဂတ်အကြောင်း ထင်ကြေးပေးနေကြတာတွေ ကျနော် တွေ့ပါတယ်။ အန်ဂိုလိုနဲ့ ပတ်သတ်ပြီး ကျနော့်ဘက်ကလည်း အများကြီး ပြောပြီးပါပြီ။ သူက ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်သမားတွေထဲက တစ်ယောက်ပါ။ သူနဲ့အတူဆို ကျနော်တောင် တွဲ ကစားချင်သေးတယ်။ သူက အဲဒီလို ကစားသမားမျိုးပါ။

လိုအပ်တဲ့ အရည်အချင်းတွေ အကုန်ရှိတဲ့ ကွင်းလယ်သမား ဖြစ်တယ်။ ဒီကလပ်အသင်းဆီ ပြန်လာပြီး စီမံ ကိုင်တွယ်ရမယ်ဆိုတော့ အသင်းမှာ ကန်တေ ရှိနေတာ ကျနော် သိပ်ကျေးဇူးတင်ရတဲ့ တစ်ချက်ပဲ။ ဒီရာသီကတော့ ကံမကောင်းစွာပဲ ဒဏ်ရာတွေကြောင့် သူ့အတွက် ခက်ခဲခဲ့ရတယ်။ အခု နည်းနည်း လန်းလာတာ မြင်ရတော့ ဝမ်းသာရပါတယ်။

ကျနော်တို့လို ရှေ့ဆက်သွားနေတဲ့ အသင်း အတွက် သူက သိပ် အရေးကြီးပါတယ်။ သူ့ကို ပုံမှန် ကစားနိုင်ဖို့ ကျနေ်ာတို့ ဖြစ်ချင်တယ် လိုချင်တယ်။ အခုဆို အဲဒီလို လုပ်နိုင်ပြီလို့ ထင်ပါတယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

အသက် ၂၉ နှစ် အရွယ် ကွင်းလယ်သမားဟာ အသင်းရဲ့ လစာအများဆုံး ကစားသမားတွေထဲ ပါဝင်ပြီး ဒီရာသီမှာတော့ ခြေကျင်းဝတ်၊ တံကောက်ကြောနဲ့ ဒူး ဒဏ်ရများ ရခဲ့တာကြောင့် ချယ်ဆီးအသင်း ပွဲ ၁၄ ပွဲ လွဲချော်ခဲ့ရပါတယ်။ ၎င်းကို ရီးရဲလ်မက်ဒရစ်က ချိတ်ဆက်နေပြီး လမ်းပတ်ကတော့ အသုံးစရိတ်အတွက် ကန်တေကို ရောင်းချစရာ မလိုကြောင်း ငြင်းဆန်ခဲ့ပါတယ်။

Zawgyi – အေျပာင္းအေရႊ႕အတြက္ ေျခလွမ္းသြက္သြက္ လႈပ္ရွားေနတဲ့ ခ်ယ္ဆီးအသင္းဟာ လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာကို ေပါင္ ၄၇.၅ သန္းနဲ႕ ေခၚယူဖို႔ သေဘာတူျပီးတဲ့ေနာက္ ဂ်ာမန္သား ေျပာင္းေရႊ႕ေၾကးနဲ႕ ေနာက္ထပ္ ေခၚယူမႈေတြ အသံုးစရိတ္အတြက္ ကြင္းလယ္ ကစားသမား ကန္ေတကို ေရာင္းခ်ဖို႔စီစဥ္ေနေၾကာင္း ဒီတေလာမွာ သတင္းၾကီးေနပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ ဒီသတင္းေတြ မဟုတ္ေၾကာင္းနဲ႕ ကန္ေတကို အသင္း အစီအစဥ္ေတြထဲမွာ ထည့္သံုးမွာ ျဖစ္ေၾကာင္း ရွင္းလင္း ေျပာဆိုလိုက္ပါတယ္။ ဒီရာသီ ကန္ေတကို သိပ္ ပြဲမထုတ္နိုင္ရတာကလည္း ျပင္သစ္သားရဲ႕ ဒဏ္ရာေတြေၾကာင့္သာ ျဖစ္တယ္လို႔ လမ္းပတ္က ဆိုပါတယ္။

” အန္ဂိုလို (ကန္ေတ) နဲ႕ ပတ္သတ္ျပီး ေျပာဆိုေနၾကတာေတြ အသင္းနဲ႕ သူ႔အနာဂတ္အေၾကာင္း ထင္ေၾကးေပးေနၾကတာေတြ က်ေနာ္ ေတြ႔ပါတယ္။ အန္ဂိုလိုနဲ႕ ပတ္သတ္ျပီး က်ေနာ့္ဘက္ကလည္း အမ်ားၾကီး ေျပာျပီးပါျပီ။ သူက ကမၻာ့ အေကာင္းဆံုး ကြင္းလယ္သမားေတြထဲက တစ္ေယာက္ပါ။ သူနဲ႕အတူဆို က်ေနာ္ေတာင္ တြဲ ကစားခ်င္ေသးတယ္။ သူက အဲဒီလို ကစားသမားမ်ိဳးပါ။

လိုအပ္တဲ့ အရည္အခ်င္းေတြ အကုန္ရွိတဲ့ ကြင္းလယ္သမား ျဖစ္တယ္။ ဒီကလပ္အသင္းဆီ ျပန္လာျပီး စီမံ ကိုင္တြယ္ရမယ္ဆုိေတာ့ အသင္းမွာ ကန္ေတ ရွိေနတာ က်ေနာ္ သိပ္ေက်းဇူးတင္ရတဲ့ တစ္ခ်က္ပဲ။ ဒီရာသီကေတာ့ ကံမေကာင္းစြာပဲ ဒဏ္ရာေတြေၾကာင့္ သူ႔အတြက္ ခက္ခဲခဲ့ရတယ္။ အခု နည္းနည္း လန္းလာတာ ျမင္ရေတာ့ ၀မ္းသာရပါတယ္။

က်ေနာ္တို႔လို ေရွ႕ဆက္သြားေနတဲ့ အသင္း အတြက္ သူက သိပ္ အေရးၾကီးပါတယ္။ သူ႔ကို ပံုမွန္ ကစားနုိင္ဖို႔ က်ေန္ာတို႔ ျဖစ္ခ်င္တယ္ လိုခ်င္တယ္။ အခုဆို အဲဒီလို လုပ္နိုင္ျပီလို႔ ထင္ပါတယ္။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

အသက္ ၂၉ နွစ္ အရြယ္ ကြင္းလယ္သမားဟာ အသင္းရဲ႕ လစာအမ်ားဆံုး ကစားသမားေတြထဲ ပါ၀င္ျပီး ဒီရာသီမွာေတာ့ ေျခက်င္း၀တ္၊ တံေကာက္ေၾကာနဲ႕ ဒူး ဒဏ္ရမ်ား ရခဲ့တာေၾကာင့္ ခ်ယ္ဆီးအသင္း ပြဲ ၁၄ ပြဲ လြဲေခ်ာ္ခဲ့ရပါတယ္။ ၄င္းကို ရီးရဲလ္မက္ဒရစ္က ခ်ိတ္ဆက္ေနျပီး လမ္းပတ္ကေတာ့ အသံုးစရိတ္အတြက္ ကန္ေတကို ေရာင္းခ်စရာ မလိုေၾကာင္း ျငင္းဆန္ခဲ့ပါတယ္။