ယူနိုက်တက် တစ်ပွဲလုံး ကောင်းခဲ့တယ် ဆိုတဲ့ ဖာနန်ဒက်စ် စကားကို အီဗရာ ငြင်းချက်ထုတ်

ညက စပါးကို တစ်ဂိုးစီ သရေကျသွားတဲ့ ပွဲအပြီးမှာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကတော့ အသင်း လိုအပ်နေတဲ့ အနိုင်ရလဒ် မရခဲ့ပေမယ့် ယူနိုက်တက်က တစ်ပွဲလုံး ကောင်းကောင်း ကစားသွားခဲ့တယ်လို့ ဆိုလိုက်ပြီး ယူနိုက်တက် ကစားသမားဟောင်း ပက်ထရစ် အီဗရာကတော့ ဖာနန်ဒက်စ် စကားကို သဘောမတူကြောင်း ငြင်းချက် ထုတ်လိုက်ပါတယ်။

အဆင့် ၄ အတွင်း ဝင်ဖို့ ပစ်မှတ်ထားကြိုးစားနေတဲ့ နှစ်သင်းချင်း ဆုံတဲ့ ပွဲမှာ အရှုံးအနိုင် ရလဒ် မကွဲပြားခဲ့ဘဲ တစ်သင်း တစ်မှတ်စီ ခွဲယူခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ပထမပိုင်းမှာ စပါးနောက်က လိုက် ကစားနေခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ပွဲကို စိုးမိုး နိုင်ခဲ့ပါတယ်။

” ကျနော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့တယ် ထင်ပါတယ်။ ဒီပွဲက ခက်ခဲတဲ့ ပွဲပါ ဒါပေမယ့် ကျနော်တို့ အိုင်ဒီယာတွေနဲ့ ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့တယ် သူတို့က ကောင်တာ တိုက်စစ်ကနေ ဂိုး အရင် ရသွားခဲ့တာ။ ဒါပေမယ့် ပွဲချိန် တလျောက်လုံး ကျနော်တို့ လွှမ်းမိုးပြီး ကောင်းစွာ ကစားနိုင်ခဲ့တယ် ထင်ပါတယ်။ နိုင်ပွဲ မရတာကို မပျော်ရွှင်ပေမယ့် ရလဒ်ကောင်းပါ။ ” လို့ ဖာနန်ဒက်စ်က ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

အီဗရာ က ဖာနန်ဒက်စ် ပွဲပြီးအင်တာဗျူးကို စတူဒီယိုထဲကနေ ကြည့်ရှုနေပြီး ချက်ချင်း ဆိုသလိုပဲ ပေါ်တူဂီသားရဲ့ အဆိုကို သူ သဘောမတူကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

” ကျနော်လည်း ဒီပွဲကို သဘောကျပေမယ့် သူပြောတာကိုတော့ သဘောမတူပါဘူး။ ယူနိုက်တက်က ဒုတိယပိုင်းမှ တော်တော်ကြီး ပိုကောင်းကောင်း ကစားနိုင်ခဲ့တာပါ။ ဖာနန်ဒက်စ်ကတော့ ကျနော့်ရဲ့ man of the match ပါပဲ။ တကယ့် ပွဲကောင်း တစ်ပွဲပါ။ ဖာနန်ဒက်စ်ကိုတော့ ကျနော် သဘောကျနေပြီ။ အိုလေ ကလည်း လူစားလဲတာတွေ မှန်ကန်ခဲ့တယ်။ ပေါလ် (ပေါ့ဘာ) ဝင်လာတော့ ဘာတွေ ခြားနားသွားလဲ တွေ့ကြမှာပါ။ ” လို့ အီဗရာက ပြောဆိုခဲ့ပါတယ်။

Zawgyi – ညက စပါးကို တစ္ဂိုးစီ သေရက်သြားတဲ့ ပြဲအျပီးမွာ ယူနုိက္တက္ ကြင္းလယ္ကစားသမား ဖာနန္ဒက္စ္ကေတာ့ အသင္း လိုအပ္ေနတဲ့ အနိုင္ရလဒ္ မရခဲ့ေပမယ့္ ယူနုိက္တက္က တစ္ပြဲလံုး ေကာင္းေကာင္း ကစားသြားခဲ့တယ္လို႔ ဆိုလိုက္ျပီး ယူနိုက္တက္ ကစားသမားေဟာင္း ပက္ထရစ္ အီဗရာကေတာ့ ဖာနန္ဒက္စ္ စကားကို သေဘာမတူေၾကာင္း ျငင္းခ်က္ ထုတ္လိုက္ပါတယ္။

အဆင့္ ၄ အတြင္း ၀င္ဖို႔ ပစ္မွတ္ထားၾကိဳးစားေနတဲ့ နွစ္သင္းခ်င္း ဆံုတဲ့ ပြဲမွာ အရွံုးအနိုင္ ရလဒ္ မကြဲျပားခဲ့ဘဲ တစ္သင္း တစ္မွတ္စီ ခြဲယူခဲ့ရပါတယ္။ ယူနိုက္တက္ဟာ ပထမပိုင္းမွာ စပါးေနာက္က လိုက္ ကစားေနခဲ့ရေပမယ့္ ဒုတိယပိုင္းမွာ ပြဲကို စိုးမိုး နုိင္ခဲ့ပါတယ္။

” က်ေနာ္တုိ႔ ေကာင္းေကာင္း လုပ္နုိင္ခဲ့တယ္ ထင္ပါတယ္။ ဒီပြဲက ခက္ခဲတဲ့ ပြဲပါ ဒါေပမယ့္ က်ေနာ္တို႔ အိုင္ဒီယာေတြနဲ႕ ပြဲကို ေကာင္းေကာင္း စတင္နုိင္ခဲ့တယ္ သူတို႔က ေကာင္တာ တိုက္စစ္ကေန ဂိုး အရင္ ရသြားခဲ့တာ။ ဒါေပမယ့္ ပြဲခ်ိန္ တေလ်ာက္လံုး က်ေနာ္တို႔ လႊမ္းမိုးျပီး ေကာင္းစြာ ကစားနုိင္ခဲ့တယ္ ထင္ပါတယ္။ နိုင္ပြဲ မရတာကို မေပ်ာ္ရႊင္ေပမယ့္ ရလဒ္ေကာင္းပါ။ ” လို႔ ဖာနန္ဒက္စ္က ပြဲအျပီးမွာ ဆိုခဲ့ပါတယ္။

အီဗရာ က ဖာနန္ဒက္စ္ ပြဲျပီးအင္တာဗ်ဴးကို စတူဒီယိုထဲကေန ၾကည့္ရႈေနျပီး ခ်က္ခ်င္း ဆိုသလိုပဲ ေပၚတူဂီသားရဲ႕ အဆိုကို သူ သေဘာမတူေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။

” က်ေနာ္လည္း ဒီပြဲကို သေဘာက်ေပမယ့္ သူေျပာတာကိုေတာ့ သေဘာမတူပါဘူး။ ယူနိုက္တက္က ဒုတိယပိုင္းမွ ေတာ္ေတာ္ၾကီး ပိုေကာင္းေကာင္း ကစားနုိင္ခဲ့တာပါ။ ဖာနန္ဒက္စ္ကေတာ့ က်ေနာ့္ရဲ႕ man of the match ပါပဲ။ တကယ့္ ပြဲေကာင္း တစ္ပြဲပါ။ ဖာနန္ဒက္စ္ကိုေတာ့ က်ေနာ္ သေဘာက်ေနျပီ။ အိုေလ ကလည္း လူစားလဲတာေတြ မွန္ကန္ခဲ့တယ္။ ေပါလ္ (ေပါ့ဘာ) ၀င္လာေတာ့ ဘာေတြ ျခားနားသြားလဲ ေတြ႔ၾကမွာပါ။ ” လို႔ အီဗရာက ေျပာဆိုခဲ့ပါတယ္။