မာတီနက်ဇ်ကို ခေါ်ဖို့ ချယ်ဆီး၊ ဘာကာတို့ထက် လက်ဦးမှုယူရန် ပြင်လာတဲ့ မန်စီးတီး

ချယ်ဆီးနဲ့ ဘာစီလိုနာတို့ ပစ်မှတ်ထားနေတဲ့ အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်ကို မန်စီးတီးကလည်း ခေါ်ယူလိုနေပြီး ပြိုင်ဘက် အသင်းများကို ကျော်ဖြတ်ဖို့ စာချုပ်ပါ ဖျက်သိမ်းကြေး အတိုင်း ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်း ထိ ပေးရန် မန်စီးတီးတို့က ပြင်ဆင်လာပါတယ်။

မာတီနက်ဇ်ကို အလိုရှိတဲ့ ထိပ်သီး အသင်းတွေ ဝိုင်းနေတာကြောင့် အင်တာမီလန်ကလည်း အလျှော့မပေးလိုဘဲ ရှိနေပါတယ်။ မန်စီးတီးက ရေရှည်မှာ တိုက်စစ်မှူး အဂွယ်ရို နေရာ ဆက်ခံနိုင်မယ့် တိုက်စစ်မှူး ရှာဖွေနေပြီး မာတီနက်ဇ်ကို အတော် မျက်စိကျလာခဲ့တာပါ။ ၎င်းကို နည်းပြ ဂွာဒီယိုလာ ကိုယ်တိုင်ကပါ အကြိုက်တွေ့နေပါတယ်။

အသက် ၂၂ နှစ် အရွယ် အာဂျင်တိုင်းသား တိုက်စစ်မူှးက အင်တာမီလန်အတွက် ဒီရာသီ စီးရီအေမှာ ၂၂ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။ ဘာစီလိုနာကတော့ ၎င်းကို ဇန်နဝါရီလတည်းက ချိတ်ဆက် ကြိုးစားနေတာ ဖြစ်ပါတယ်။

နွေအပြောင်းအရွှေ့မှာလည်း ဘာစီလိုနာက ထပ်မံကြိုးစားဖွယ် ရှိပြီး ကစားသမားရဲ့ စာချုပ်ပါ ဖျက်သိမ်းကြေး ပေါင် ၉၇.၅ သန်း လည်း ပေးသွားနိုင်ဖွယ် ရှိပါတယ်။ ဒါပေမယ့် ချယ်ဆီး၊ စီးတီးတို့နဲ့ အပြိုင် ခက်ခက်ခဲခဲ ကြိုးပမ်းရတော့မှာပါ။

ချယ်ဆီးအသင်းကတော့ တိုက်စစ်မှာ အင်အားဖြည့်လိုနေတာ မှန်ပေမယ့် ဘာစီလိုနာ ကွင်းလယ်တိုက်စစ်သမား ဖိလစ်ပီ ကော်တင်ညိုကို လည်း ချိတ်ဆက်နေတာ ရှိပါတယ်။ အေဂျက်မှ ဇီယက်ကိုလည်း ပေါင် ၃၇ သန်းနဲ့ ကြိုတင် ခေါ်ယူပြီး ဖြစ်တာကြောင့် မာတီနက်ဇ်ကို ပေါင် သန်း ၁၀၀ နီးပါး ပေးကာ ခေါ်ယူဖို့တော့ ဖြစ်နိုင်ချေ နည်းပါးနိုင်ပါတယ်။

ချယ်ဆီး တိုက်စစ်မှူးဟောင်း ခရက်စ်ပိုကတော့ မာတီနက်ဇ်ဟာ မန်စီးတီးနဲ့ သာ ပို သင့်တော်ပြီး အဂွယ်ရို နေရာ အစားဝင်နိုင်မယ့်သူ ဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။

Zawgyi – ခ်ယ္ဆီးနဲ႕ ဘာစီလိုနာတို႔ ပစ္မွတ္ထားေနတဲ့ အင္တာမီလန္ တိုက္စစ္မွဴး မာတီနက္ဇ္ကို မန္စီးတီးကလည္း ေခၚယူလိုေနျပီး ျပိဳင္ဘက္ အသင္းမ်ားကို ေက်ာ္ျဖတ္ဖို႔ စာခ်ဳပ္ပါ ဖ်က္သိမ္းေၾကး အတိုင္း ေျပာင္းေရႊ႕ေၾကး ေပါင္ ၉၇.၅ သန္း ထိ ေပးရန္ မန္စီးတီးတို႕က ျပင္ဆင္လာပါတယ္။

မာတီနက္ဇ္ကို အလိုရွိတဲ့ ထိပ္သီး အသင္းေတြ ၀ိုင္းေနတာေၾကာင့္ အင္တာမီလန္ကလည္း အေလွ်ာ့မေပးလိုဘဲ ရွိေနပါတယ္။ မန္စီးတီးက ေရရွည္မွာ တိုက္စစ္မွဴး အဂြယ္ရို ေနရာ ဆက္ခံနုိင္မယ့္ တိုက္စစ္မွဴး ရွာေဖြေနျပီး မာတီနက္ဇ္ကို အေတာ္ မ်က္စိက်လာခဲ့တာပါ။ ၄င္းကို နည္းျပ ဂြာဒီယိုလာ ကိုယ္တိုင္ကပါ အၾကိဳက္ေတြ႕ေနပါတယ္။

အသက္ ၂၂ နွစ္ အရြယ္ အာဂ်င္တိုင္းသား တိုက္စစ္မဴွးက အင္တာမီလန္အတြက္ ဒီရာသီ စီးရီေအမွာ ၂၂ ပြဲ ကစားျပီး ၁၂ ဂိုး သြင္းယူထားပါတယ္။ ဘာစီလိုနာကေတာ့ ၄င္းကို ဇန္န၀ါရီလတည္းက ခ်ိတ္ဆက္ ၾကိဳးစားေနတာ ျဖစ္ပါတယ္။

ေႏြအေျပာင္းအေရႊ႕မွာလည္း ဘာစီလိုနာက ထပ္မံၾကိဳးစားဖြယ္ ရွိျပီး ကစားသမားရဲ႕ စာခ်ဳပ္ပါ ဖ်က္သိမ္းေၾကး ေပါင္ ၉၇.၅ သန္း လည္း ေပးသြားနုိင္ဖြယ္ ရွိပါတယ္။ ဒါေပမယ့္ ခ်ယ္ဆီး၊ စီးတီးတို႔နဲ႕ အျပိဳင္ ခက္ခက္ခဲခဲ ၾကိဳးပမ္းရေတာ့မွာပါ။

ခ်ယ္ဆီးအသင္းကေတာ့ တိုက္စစ္မွာ အင္အားျဖည့္လိုေနတာ မွန္ေပမယ့္ ဘာစီလိုနာ ကြင္းလယ္တိုက္စစ္သမား ဖိလစ္ပီ ေကာ္တင္ညိဳကို လည္း ခ်ိတ္ဆက္ေနတာ ရွိပါတယ္။ ေအဂ်က္မွ ဇီယက္ကိုလည္း ေပါင္ ၃၇ သန္းနဲ႕ ၾကိဳတင္ ေခၚယူျပီး ျဖစ္တာေၾကာင့္ မာတီနက္ဇ္ကို ေပါင္ သန္း ၁၀၀ နီးပါး ေပးကာ ေခၚယူဖို႔ေတာ့ ျဖစ္နုိင္ေခ် နည္းပါးနုိင္ပါတယ္။

ခ်ယ္ဆီး တိုက္စစ္မွဴးေဟာင္း ခရက္စ္ပိုကေတာ့ မာတီနက္ဇ္ဟာ မန္စီးတီးနဲ႕ သာ ပို သင့္ေတာ္ျပီး အဂြယ္ရို ေနရာ အစား၀င္နုိင္မယ့္သူ ျဖစ္မယ္လို႔ သံုးသပ္ထားပါတယ္။