မန်စီးတီးဟာ ရေးဗားပလိတ် တိုက်စစ်မှုး ဂျူလီယန် အဲဗက်စ်ကို ခေါ်ယူဖို့ အလွန်နီးစပ်နေပြီ ဖြစ်ကြောင်း ESPN သတင်း ဌာနက ဆိုပါတယ်။ အသက် ၂၁ နှစ် အရွယ် ကစားသမား အတွက် ပေါင် သန်း ၂ဝ ဝန်းကျင်နဲ့ သဘောတူညီမှု ရဖွယ် ရှိပါတယ်။
အဲဗာတန် အသင်းဟာ စပါး ကွင်းလယ် ကစားသမား အလီ ကို ခေါ်ယူဖို့ ကြိုးပမ်းတဲ့ အသင်းတွေထဲ နောက်ဆုံး ပါဝင်လာပြီ ဖြစ်ကြောင်း တယ်လီဂရပ်ဖ်က ဆိုပါတယ်။

တိုက်စစ်မှုး အူဘာမီးယန်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ်ကနေ ထွက်ခွာရရင်လည်း ဥရောပမှာပဲ ဆက် ကစားလိုနေကြောင်း The Athletic သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ လီဗာပူးမှ ဗဟိုခံစစ်မှုး ဂျိုး ဂိုမက်ဇ် ကို ခေါ်ယူဖို့ ချဉ်းကပ်နေပါတယ်။ ဗီလာ နည်းပြ ဂျရတ်ဟာ အသင်းဟောင်းမှ ဂိုမက်ဇ်ကို အလိုရှိနေတာပါ။
ပီအက်စ်ဂျီ ကွင်းလယ်သမား ဝိုက်နယ်ဒန်ဟာ အမ်ဒွန်ဘီလီ အပြောင်းအရွှေ့ တစိတ်တပိုင်း အဖြစ်နဲ့ စပါး အသင်းထံ ပြောင်းရွှေ့လာဖွယ် ရှိပါတယ်။ လီဗာပူး ကွင်းလယ်ဟောင်းဟာ ပြီးခဲ့တဲ့နွေကမှ ပီအက်စ်ဂျီ ပြောင်းရွှေ့သွားတာပါ။
နယူးကာဆယ်အသင်းဟာ ယူနိုက်တက် တိုက်စစ်သမား လင်ဂတ် ကို ခေါ်ယူရေးအတွက် လာမယ့် နာရီပိုင်းတွေ အတွင်း တွန်းအားပေး ကြိုးစားလာတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ် နည်းပြ အာတီတာကတော့ ဒီဇန်နဝါရီမှာ ကစားသမား ခေါ်ယူရတာ အခက်အခဲတွေ ပိုများကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီး ဗလာဟိုဗစ်နဲ့ အာသာတို့ကို ခေါ်ယူရေး လက်လျှော့စကား ဆိုလာပါတယ်။

ဘိုလော့ညာဟာ အဘာဒင်း ညာအစွန်လူ ကယ်ဗင်ရမ်ဆေးအတွက် ပေါင် ၃ သန်းနဲ့ ကမ်းလှမ်းမှု လုပ်ဖို့ ပြင်ဆင် နေပါတယ်။
ဗလင်စီယာဟာ ဘေဆယ် ဗဟိုနောက်ခံလူ ကွန်မတ်ကို ခေါ်ယူသွားမှာဖြစ်ပြီး ကလပ်နှစ်ခုကြား သဘောတူညီမှု ရခဲ့ပြီးနောက် နောက်အပတ်ထဲမှာ ဆေးစစ်မှု ပြုလုပ်သွားမှာပါ။
