ပေါ့ဘာကို ရောင်းစေချင်နေတဲ့ ပရိသတ်တွေ ဘယ့်နှယ်ရှိစလို့ အီဗရာ မေးခွန်းထုတ်

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် အီဗရာကတော့ ကွင်းလယ်ကစားသမား ပေါ့ဘာကို ရောင်းထုတ်ချင်နေတဲ့ ပရိသတ်တွေ ဘယ့်နှယ်ရှိစ လို့ စပါးနဲ့ ပွဲ အပြီးမှာ မေးခွန်းထုတ်လိုက်ပြီး ယူနိုက်တက်ဟာ ပေါ့ဘာကို လိုအပ်နေသေးတယ်လို့ ထောက်ပြသွားခဲ့ပါတယ်။

ဘောလုံးတလျောက်လုံး ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရတဲ့ ပေါ့ဘာဟာ ညက စပါးနဲ့ ပွဲမှာတော့ အသင်းနဲ့အတူ ပြန် ကစားခွင့် ရခဲ့ပြီး ဒုတိယပိုင်းမှ လူစားဝင် ကစားခဲ့တာပါ။ အသက် ၂၇ နှစ်အရွယ် ပြင်သစ်သားဟာ ဝင်လာတာနဲ့ ဆိုးရှားရဲ့ ယူနိုက်တက်ကို သက်ရောက်မှုကြီး ရှိခဲ့ပြီး ပင်နယ်တီ ပြစ်ဒဏ်ဘော ရယူပေးနိုင်ခဲ့ပါတယ်။

ထို ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကြောင့် ယူနိုက်တက် အတွက် အဖိုးတန် ချေပဂိုး ရရှိခဲ့ပါတယ်။

အပြောင်းအရွှေ့ ကာလတိုင်းလိုလို အသင်းပြောင်းမယ့် သတင်း ခဏခဏ ထွက်နေတဲ့ ပေါ့ဘာကို ပရိသတ်တွေက အမြင်စောင်းကာ ရောင်းချစေ လိုနေကြပေမယ့် ပေါ့ဘာလို ကစားသမား ယူနိုက်တက်မှာ အရေးကြီးတယ်လို့ အီဗရာက ပြောဆိုခဲ့ပါတယ်။

” ကျနော် ပေါလ် (ပေါ့ဘာ)နဲ့ မကြာ မကြာ စကားပြောဖြစ်ပါတယ်။ သူက ကလေးလိုပဲ ပြန်ကစားရဖို့ကို မစောင့်နိုင် ဖြစ်နေတာ။ သူ ဘောလုံး ကစားချင်တယ်လေ။ ဒီပွဲက သူ့အတွက် တကယ် အရေးကြီးပါတယ်။ သူ့အတွက် လွယ်ကူတဲ့ အခြေအနေ ရှိခဲ့တာ မဟုတ်ဘူး။ အထူးသဖြင့် ဘရူနို ဖာနန်ဒက်စ် ရောက်လာပြီးတော့ လူတွေက ‘ဟာ ငါတို့ ပေါလ်ကို မလိုတော့ပါဘူး ကွာ’ လို့ ပြောနေကြတာ မဟုတ်လား။

ယူနိုက်တက်က ပေါလ် ကို လိုအပ်ပါတယ်။ လူတွေက ‘ ငါတို့ ပေါ့ဘာကို မလိုဘူး ‘ လို့ ပြောဆိုနေကြတာတွေ ရပ်သင့်ပါပြီ။ ယူနိုက်တက် က ပေါလ် ပေါ့ဘာကို လိုအပ်တယ်။ ” လို့ အီဗရာက ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ပက္ထရစ္ အီဗရာကေတာ့ ကြင္းလယ္ကစားသမား ေပါ့ဘာကို ေရာင္းထုတ္ခ်င္ေနတဲ့ ပရိသတ္ေတြ ဘယ့္နွယ္ရွိစ လို႔ စပါးနဲ႕ ပြဲ အျပီးမွာ ေမးခြန္းထုတ္လိုက္ျပီး ယူနိုက္တက္ဟာ ေပါ့ဘာကို လိုအပ္ေနေသးတယ္လို႔ ေထာက္ျပသြားခဲ့ပါတယ္။

ေဘာလံုးတေလ်ာက္လံုး ဒဏ္ရာေတြနဲ႕ ရုန္းကန္ေနခဲ့ရတဲ့ ေပါ့ဘာဟာ ညက စပါးနဲ႕ ပြဲမွာေတာ့ အသင္းနဲ႕အတူ ျပန္ ကစားခြင့္ ရခဲ့ျပီး ဒုတိယပိုင္းမွ လူစား၀င္ ကစားခဲ့တာပါ။ အသက္ ၂၇ နွစ္အရြယ္ ျပင္သစ္သားဟာ ၀င္လာတာနဲ႕ ဆုိးရွားရဲ႕ ယူနိုက္တက္ကို သက္ေရာက္မႈၾကီး ရွိခဲ့ျပီး ပင္နယ္တီ ျပစ္ဒဏ္ေဘာ ရယူေပးနုိင္ခဲ့ပါတယ္။

ထို ပင္နယ္တီကို ဘရူနို ဖာနန္ဒက္စ္က အမွားအယြင္းမရွိ ကန္သြင္းခဲ့ျပီး ဂိုးအျဖစ္ ေျပာင္းလဲနုိင္ခဲ့တာေၾကာင့္ ယူနိုက္တက္ အတြက္ အဖိုးတန္ ေခ်ပဂိုး ရရွိခဲ့ပါတယ္။

အေျပာင္းအေရႊ႕ ကာလတိုင္းလိုလို အသင္းေျပာင္းမယ့္ သတင္း ခဏခဏ ထြက္ေနတဲ့ ေပါ့ဘာကို ပရိသတ္ေတြက အျမင္ေစာင္းကာ ေရာင္းခ်ေစ လိုေနၾကေပမယ့္ ေပါ့ဘာလို ကစားသမား ယူနိုက္တက္မွာ အေရးၾကီးတယ္လို႔ အီဗရာက ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္ ေပါလ္ (ေပါ့ဘာ)နဲ႕ မၾကာ မၾကာ စကားေျပာျဖစ္ပါတယ္။ သူက ကေလးလိုပဲ ျပန္ကစားရဖို႔ကို မေစာင့္နိုင္ ျဖစ္ေနတာ။ သူ ေဘာလံုး ကစားခ်င္တယ္ေလ။ ဒီပြဲက သူ႔အတြက္ တကယ္ အေရးၾကီးပါတယ္။ သူ႔အတြက္ လြယ္ကူတဲ့ အေျခအေန ရွိခဲ့တာ မဟုတ္ဘူး။ အထူးသျဖင့္ ဘရူနို ဖာနန္ဒက္စ္ ေရာက္လာျပီးေတာ့ လူေတြက ‘ဟာ ငါတို႔ ေပါလ္ကို မလိုေတာ့ပါဘူး ကြာ’ လို႔ ေျပာေနၾကတာ မဟုတ္လား။

ယူနိုက္တက္က ေပါလ္ ကို လိုအပ္ပါတယ္။ လူေတြက ‘ ငါတို႔ ေပါ့ဘာကို မလိုဘူး ‘ လို႔ ေျပာဆုိေနၾကတာေတြ ရပ္သင့္ပါျပီ။ ယူနိုက္တက္ က ေပါလ္ ေပါ့ဘာကို လိုအပ္တယ္။ ” လို႔ အီဗရာက ေျပာဆိုခဲ့ပါတယ္။