ဟာလန်း၊ လင်ဂတ်၊ ဒူဘိုင်း သွားကြသူများ၊ ရော်နယ်ဒို ဆုကြေး အချက်လက်နဲ့ မန်ယူနိုက်တက် သတင်းများ

ယူနိုက်တက်ဟာ ခရစ္စတီယာနို ရော်နယ်ဒို ကို ခေါ်ယူစဉ်က စာချုပ်ထဲမှာ အထူးအချက်အလက် ၃ ခု ထည့်သွင်းထားကြောင်း သိရပါတယ်။ ထို အချက်တွေကတော့ ယူနိုက်တက်နဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်စွဲရင်၊ ဘလွန်းဒီအော ဆုနဲ့ ယူအီးအက်ဖ်အေ အကောင်းဆုံး ကစားသမား ဆု ရရင် ဆုကြေး ပေါင် ၁သန်း ရမယ့် အချက် ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီထဲ ပွဲကစားဖို့ မရှိတော့ဘဲ ဆောင်းရာသီ အားလပ်ရပ် ဖြစ်တာကြောင့် ကစားသမား တချို့ဟာ ဒူဘိုင်းသို့ အနားယူဖို့ ထွက်ခွာသွားပြီ ဖြစ်ရာ ဒါလော့၊ မက်ဂွဲရားနဲ့ ရက်ဖို့ဒ်တို့ကို သတင်းထောက်တွေက မှတ်တမ်းရယူနိုင်လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒေါ့မွန် ကြယ်ပွင့် ဟာလန်းကို ခေါ်ယူမယ့် ကြိုးစားမှုကနေ လက်လျှော့လိုက်ရပြီ ဖြစ်ကြောင်း ESPN သတင်းက ဖော်ပြထားပါတယ်။ ကစားသမားက စပိန်ဘက်ကို ပို အားသန်နေတဲ့ အပြင် ချန်ပီယံလိဂ် ကစားခွင့် အာမခံချက်လည်း ရရှိလိုနေတာပါ။

ယူနိုက်တက် ရဲ့ အသက် ၁၈ နှစ် အရွယ် အကယ်ဒမီ ကြယ်ပွင့်လေး Zidane Iqbal ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်မယ့် အီရတ် အသင်းရဲ့ ရွေးချယ်ခေါ်ယူမှု ခံလိုက်ရပါတယ်။ ယူနိုက်တက် လူငယ်လေးဟာ ရမ်းဘွိုင်းစ်နဲ့ အသင်းမှာ ပွဲကစားခွင့် ရထားပြီး ၎င်းဟာ ပါကစ္စတန်၊ အင်္ဂလန် အသင်းတို့ကိုလည်း ကိုယ်စားပြုခွင့် ရှိနေပါတယ်။

ဒေးလီးမေးလ် သတင်း အဆိုအရ ဝက်စ်ဟမ်း ပရိသတ် ၄ ဦးဟာ စနေနေ့ အိုးထရက်ဖို့ဒ် က ပွဲမှာ အများပြည်သူကို အနှောင့်ယှက် ဖြစ်စေတဲ့ အပြုအမူတချို့ ပြုလုပ်ခဲ့တာကြောင့် ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

နယူးကာဆယ် အသင်းဟာ ယူနိုက်တက် တိုက်စစ်သမား လင်ဂတ်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားတော့မယ် လို့ တယ်လီဂရပ်ဖ် သတင်းက ဖော်ပြထားပါတယ်။

Zawgyi

ယူနုိက္တက္ဟာ ခရစၥတီယာနို ေရာ္နယ္ဒို ကို ေခၚယူစဥ္က စာခ်ဳပ္ထဲမွာ အထူးအခ်က္အလက္ ၃ ခု ထည့္သြင္းထားေၾကာင္း သိရပါတယ္။ ထို အခ်က္ေတြကေတာ့ ယူနိုက္တက္နဲ႕ အတူ ခ်န္ပီယံလိဂ္ ဗိုလ္စြဲရင္၊ ဘလြန္းဒီေအာ ဆုနဲ႕ ယူအီးအက္ဖ္ေအ အေကာင္းဆံုး ကစားသမား ဆု ရရင္ ဆုေၾကး ေပါင္ ၁သန္း ရမယ့္ အခ်က္ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ ဇန္နဝါရီထဲ ပြဲကစားဖို႔ မရွိေတာ့ဘဲ ေဆာင္းရာသီ အားလပ္ရပ္ ျဖစ္တာေၾကာင့္ ကစားသမား တခ်ိဳ႕ဟာ ဒူဘိုင္းသို႔ အနားယူဖို႔ ထြက္ခြာသြားျပီ ျဖစ္ရာ ဒါေလာ့၊ မက္ဂြဲရားနဲ႕ ရက္ဖို႔ဒ္တို႔ကို သတင္းေထာက္ေတြက မွတ္တမ္းရယူနုိင္လိုက္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ေဒါ့မြန္ ၾကယ္ပြင့္ ဟာလန္းကို ေခၚယူမယ့္ ၾကိဳးစားမႈကေန လက္ေလွ်ာ့လိုက္ရျပီ ျဖစ္ေၾကာင္း ESPN သတင္းက ေဖာ္ျပထားပါတယ္။ ကစားသမားက စပိန္ဘက္ကို ပို အားသန္ေနတဲ့ အျပင္ ခ်န္ပီယံလိဂ္ ကစားခြင့္ အာမခံခ်က္လည္း ရရွိလိုေနတာပါ။

ယူနိုက္တက္ ရဲ႕ အသက္ ၁၈ နွစ္ အရြယ္ အကယ္ဒမီ ၾကယ္ပြင့္ေလး Zidane Iqbal ဟာ ကမၻာ့ဖလား ေျခစစ္ပြဲ ယွဥ္ျပိဳင္မယ့္ အီရတ္ အသင္းရဲ႕ ေရြးခ်ယ္ေခၚယူမႈ ခံလိုက္ရပါတယ္။ ယူနုိက္တက္ လူငယ္ေလးဟာ ရမ္းဘိြဳင္းစ္နဲ႕ အသင္္းမွာ ပြဲကစားခြင့္ ရထားျပီး ၄င္းဟာ ပါကစၥတန္၊ အဂၤလန္ အသင္းတို႔ကိုလည္း ကုိယ္စားျပဳခြင့္ ရွိေနပါတယ္။

ေဒးလီးေမးလ္ သတင္း အဆိုအရ ဝက္စ္ဟမ္း ပရိသတ္ ၄ ဦးဟာ စေနေန႔ အိုးထရက္ဖို႔ဒ္ က ပြဲမွာ အမ်ားျပည္သူကို အေနွာင့္ယွက္ ျဖစ္ေစတဲ့ အျပဳအမူတခ်ိဳ႕ ျပဳလုပ္ခဲ့တာေၾကာင့္ ဂရိတ္မန္ခ်က္စတာ ရဲတပ္ဖြဲ႕က ဖမ္းဆီး ထိန္းသိမ္းထားပါတယ္။

နယူးကာဆယ္ အသင္းဟာ ယူနုိက္တက္ တိုက္စစ္သမား လင္ဂတ္ကို ေခၚယူဖို႔ အစြမ္းကုန္ ၾကိဳးစားေတာ့မယ္ လို႔ တယ္လီဂရပ္ဖ္ သတင္းက ေဖာ္ျပထားပါတယ္။