ဝက်ဖို့ဒ်အသင်းဟာ ရှုံးပွဲတွေ ဆက်လာတဲ့နောက် နည်းပြ ရေနီရာရီကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပြီး လက်ကျန်ပွဲတွေမှာ တန်းဆင်းဇုန်က ရုန်းဖို့ ဝါရင့် နည်းပြ ရွိုင်းဟော့ဆန် ကို ခန့်အပ်ရန် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ ဒီဆောင်းဈေးကွက်မှာ ဦးစားပေး ကြိုးစားနေတဲ့ တိုက်စစ်မှုး ဗလာဟိုဗစ် က အခြေမဟန်ရင် ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်မှ လူကာ ဂျိုဗစ်ကို ပစ်မှတ်ထားလာပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မာရှယ်ဟာ လာလီဂါကလပ် ဆီဗီလာ အသင်းထံ ရာသီကုန်ထိ အငှား သွားရောက် ကစားဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

အင်တာမီလန် အသင်းဟာ အတ္တလန္တာအသင်းမှ အစွန်ခံစစ်သမား ရော်ဘင် ဂိုဆန်ကို ခေါ်ယူဖို့ ကြိုးစားလာပြီး အတ္တလန္တာ ဘက်ကတော့ ဂိုဆန်ကို ဇန်နဝါရီမှာ ရောင်းချဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။
ဂျူဗင်တပ်အသင်းဟာ အာဆင်နယ် အသည်းအသန် ချိတ်ဆက်နေတဲ့ ဖီအိုရင်တီးနား တိုက်စစ်မှုး ဗလာဟိုဗစ် အတွက် တရားဝင် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဆူလေကို သက်တမ်းတိုးဖို့ အဆင်မပြေတဲ့နောက် ချယ်ဆီးကနေ ရာသီကုန် အလွတ်နဲ့ ထွက်လာမယ့် ခံစစ်မှုး ခရစ္စတန်ဆန် ကို ချိန်ရွယ်လာပြီလို့ သိရပါတယ်။

အေစီမီလန်ဟာ ဇန်နဝါရီမှာ ဗလာဟိုဗစ်ကို ရောင်းချသွားမှာမဟုတ်ဘူးလို့ ဒါရိုက်တာ မယ်ဒီနီက ဝန်ခံခဲ့ပေမယ့် နွေရာသီ အပြောင်းအရွှေ့ဖြစ်နိုင်ခြေကိုတော့ ငြင်းပယ်ခြင်း မရှိပါဘူး။
ဖီအိုရင်တီးနား ဂိုးသမား ဒရာဂေါစကီးဟာ အသင်းမှာ အရံလူသာ ဆက်ဖြစ်နေတာကြောင့် ဇန်နဝါရီမှာ အပြောင်းရွှေ့လုပ်ဖို့ စဉ်းစားနေပြီး ဝက်စ်ဟမ်းက သူ့ကို စိတ်ဝင်စားနေပါတယ်။
